>Mae Sod Burmese Literature Talk relocated

>

မဲဆောက်စာပေဟောပြောပွဲပိုမိုအဆင်ပြေကျယ်ဝန်းသည့် တောရကျောင်းသို့ပြောင်းရွှေ့ကျင်းပမည်
မိုးမခအထောက်တော် မဲဆောက်၊ နိုဝင်ဘာ ၂၈၊ ၂၀၁၁
         ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပြည်တွင်းက စာပေပညာရှင် စာရေးဆရာများ ပထမဆုံးလာရောက်ဟောပြောမယ့် စာပေဟောပြောပွဲကို မူလက ကျောင်းသစ်ကျောင်းတိုက်ဝင်းအတွင်းကျင်းပရန် စီစဉ်ထားခဲ့ရာမှ ပိုမိုကျယ်ဝန်း အဆင်ပြေမည့် တောရကျောင်းသို့ ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း သိရိရသည်။
           ဒီဇင်ဘာလ (၄)ရက်တနင်္ဂနွေနေ့ ညနေ (၄)နာရီတွင် ကျင်းပမည့် မဲဆောက် စာပေဟောပြောပွဲကို မြန်မာပြည်မှအထင်ကရ စာရေးဆရာများဖြစ်ကြသော ချစ်ဦးညို၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ နုနုရည်(အင်းဝ)တို့ လာရောက်ဟောပြောကြမည်ဖြစ်ပြီး နေရာပြောင်းလဲခြင်းမှ အပမူလအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်သည်။
          ထို့အပြင် ထိုင်းဘုရင်ကြီး အသက် (၈၄)နှစ်မြောက် မွေးနေ့အားရည်စူးပြီးဆုတောင်းပွဲနှင့် ဘုရင့်သက်စေ့ သစ်ပင် စိုက်ပျိုးပွဲကိုလည်း၎င်းတောရကျောင်းတိုက်တွင် နေ့လည်ပိုင်း၌ ကျင်းပမည်ဖြစ်ကာ ကြွရောက်လာမည့်ဧည့်ပရိတ်သတ် များအား အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံရန် တောရကျောင်းတိုက်မှစီစဉ်လျက်ရှိကြောင်းလည်း သိရှိရသည်။
          (ထိုင်းဘုရင်ကြီး ဘူမိဘော အဒူလျှာဒက် သည် ၁၉၂၇ ဒီဇင်ဘာလ ၅ ရက်နေ့ တွင်မွေးဖွားခဲ့ပြီး  ၁၉၄၆ ခုနှစ် ဇွန်လ ၉ ရက်နေ့ တွင် ဘုရင် အနန္ဒဒါ မဟီဒေါလ်ဆီမှ အာဏာလွှဲပြောင်းရယူခဲ့ပြီး ၁၉၅၀ မေလ ၅ ရက်နေ့  တွင် နန်းတက်ပွဲ အဖြစ် ဘိတ်သိက်သွန်းလောင်းခဲ့သည်။၁၉၅၀ ဧပြီလငါးရက် နေ့ တွင် လက်ရှိ မိဘုရားကြီးသီရိခောတ် နှင့်လက်ထပ်ထိမ်းမြားခဲ့သည်။ ယခု ၂၀၁၁ ဒီဇင်ဘာလ (၅)ရက်နေ့တွင် အသက် ၈၄ နှစ်ပြည့်မြောက်မည်ဖြစ်သည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts