>Save Irrawaddy SF – Community Forum # 4

>

Save Irrawaddy SF ရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲ ရုပ်သံမှတ်တမ်းတတိယပိုင်းထွက်

မိုးမခ၊ နိုဝင်ဘာ ၂၅၊ ၂၀၁၁ (Save Irrawaddy SF Video Team)
နိုဝင်ဘာ ၁၉၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊စင်ထရယ်ဗီးလ်ကွန်မြူနီတီစင်တာမှာ ကျင်းပတဲ့ မြန်မာပြည်ရဲ့ဧရာဝတီချစ်သူများဟောပြောပွဲနဲ့ ဆွေးနွေးပွဲက ရုပ်သံမှတ်တမ်း တတိယပိုင်းကို SaveIrrawaddy SF လုပ်အားပေးများက အများပြည်သူတို့ ကြည့်နိုင်ဖို့ ဝေမျှလိုက်ပါတယ်။
တတိယပိုင်းမှာ ဟောပြောသူများက ၀ါရှင်တန်ဒီစီအခြေစိုက် USCB အဖွဲ့မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်ဒင်နဲ့ ကချင်တိုင်းရင်းသားကွန်မြူနီတီကလူငယ်ကိုယ်စားလှယ်တဦးဖြစ်တဲ့ L နော်ဆန် ဖြစ်ပါတယ်။ 

 US Campaign for Burma က ဒါရိုက်တာ ကိုအောင်ဒင် ဧရာဝတီကာကွယ်ရေးလုပ်ငန်းများမပြီးသေးကြောင်း၊ ပြည်ပရောက် မြန်မာကွန်မြူနီတီအသီးသီးကဖိအားပေးခြင်း၊ ပညာပေးခြင်း၊ စည်းရုံးလှုံဆော်ခြင်းများဆက်လက်လုပ်ကိုင်ကြဖို့အကြောင်း၊ ပြည်တွင်းက နယ်ပယ်အသီးသီးကိုထောက်ခံအားပေးသွားကြဖို့လိုကြောင်း ပြောကြားသွားပါတယ်။

 ကချင်ကွန်မြူနီတီက လူငယ်ကိုယ်စား ကိုအယ်လ်နော်ဆန်းကဧရာဝတီမြစ်ရိုးတလျောက် မှီတင်းနေထိုင်ကြသူ မြန်မာတိုင်းရင်းသားဒေသအသီးသီးကဧရာဝတီမြစ်အရေးကို ၀ိုင်းဝန်းကြတဲ့အတွက် မြစ်ဆုံစီမံကိန်းကိုဆိုင်းငံ့နိုင်ခဲ့သလို ဆက်လက်ပြီးတော့လည်း တိုင်းရင်းသားများ မိသားစုများနေ့စဉ်ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာအကြပ်အတည်းများကိုလည်း ဆက်လက်ပြီး ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ဖြင့်လက်တွဲရင်ဆိုင်ကြဖို့ ပြောဆိုသွားပါတယ်။

လူငယ်များ၊ ကျောင်းသူ ကျောင်းသားများ၊ မြန်မာပြည်အရေး၊ အာရှအရေး၊တရုတ်ပြည်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး စိတ်ဝင်စားသူများနားထောင်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။ နောက်ဆက်တွဲအပိုင်းများကို နေ့စဉ် ဆက်လက်တင်ဆက်ပါမယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts