>Save Irrwaddy SF – Community Forum – vdo part 1

>

SaveIrrawaddy SF ရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲ ရုပ်သံမှတ်တမ်း ပထမပိုင်းထွက်
မိုးမခ၊နိုဝင်ဘာ ၂၂၊ ၂၀၁၁ (Save Irrawaddy SF Video Team)
နိုဝင်ဘာ ၁၉၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊စင်ထရယ်ဗီးလ်ကွန်မြူနီတီစင်တာမှာ ကျင်းပတဲ့ မြန်မာပြည်ရဲ့ ဧရာဝတီချစ်သူများဟောပြောပွဲနဲ့ဆွေးနွေးပွဲက ရုပ်သံမှတ်တမ်းပထမပိုင်းကို Save Irrawaddy SF လုပ်အားပေးများက အများပြည်သူတို့ကြည့်နိုင်ဖို့ ဝေမျှလိုက်ပါတယ်။
ပထမပိုင်းမှာ ဆန်ဖရန်ဘေးဧရိယာရဲ့ တေးသံရှင်တဦးဖြစ်တဲ့ကိုမျိုးညွန့်က ခင်ဝမ်းသီဆိုခဲ့တဲ့ ဧရာဝတီသီချင်းနဲ့ ဖွင့်လှစ်ပါတယ်။ အိမ်ရှင်များကဧည့်သည်တော် ဟောပြောသူများကို မိတ်ဆက်ပေးပါတယ်။ ပြီးနောက် ပထမဦးဆုံးဟောပြောသူInternational River Network က ကျွမ်းကျင်သူ Grace Mang က တရုတ်ရင်းနှီးမြုပ်နှံမှုများနဲ့မြန်မာပြည်အကြောင်းကို ဟောပြောပါတယ်။ တရုတ်ပြည်ရဲ့ ရပ်တန့်လို့မရတဲ့ ပြည်တွင်း စွမ်းအင်ဖြည့်ဆည်းနိုင်ရေးအတွက်ပြည်ပမှာ တိုးချဲ့ရင်းနှီးမြုပ်နှံမှုများ၊ ဧရာဝတီမြစ်သာမက မြန်မာပြည်အနှံ့ တရုတ်ပြည်ရဲ့စွမ်းအင်ဈေးကွက် ခြေရာများကို ထုတ်ဖော်ရှင်းလင်းပြသွားတာ ဖြစ်ပါတယ်။
လူငယ်များ၊ ကျောင်းသူ ကျောင်းသားများ၊မြန်မာပြည်အရေး၊ အာရှအရေး၊ တရုတ်ပြည်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး စိတ်ဝင်စားသူများနားထောင်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။  သူရဲ့ ပါဝါပွိုင့်ဆလိုက်များကိုလည်း ကိုးကားနိုင်အောင်မေတ္တာရပ်ခံပေးပါ့မယ်။ နောက်ဆက်တွဲအပိုင်းများကို နေ့စဉ်ဆက်လက်တင်ဆက်ပါမယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts