>Nyein Wai – Poem

>

ဖါတလုံး ခေါင်းကျား ပုံပြင်
ငြိမ်းဝေ
နိုဝင်ဘာ ၂၁၊ ၂၀၁၁


(ဦး) ခင်မောင်များ ပြောပါတယ်…
မနေ့ကအထိ
ထီးရှိ ဖိနပ်ရှိ
လမ်းရှိ ကျောင်းရှိ
မှန်းကြည့် တမ်းကြည့်
ရမ်းကြည့် သန်းကြည့်
စမ်းကြည့် ဖြန်းကြည့်။

ဒီကနေ့မနက်
မှန်းမကြည့် တမ်းမကြည့်
ရမ်းမကြည့် သန်းမကြည့်
စမ်းမကြည့် ဖြန်းမကြည့်
လမ်းမသိ ကျောင်းမသိ
ထီးမရှိ ဖိနပ်မရှိ
ကျီးကြည့် ကြောင်ကြည့်။
(ဦး) ခင်မောင်ရဲ့٭ အဖြစ်များ ပြောတာပါ…။

၁၉၊ ၁၁၊ ၂၀၁၁။ စနေနေ့ မနက်ခင်း

٭ (ဦး) ခင်မောင် = ဖါတလုံး ခေါင်းကျားဇာတ်ကားမှ မင်းသားကြီးခင်မောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts