>Kamar Pale – Poem

>

ဘုရားသခင် မဖန်ဆင်းနိုင်တဲ့ ချစ်ခြင်းမေတ္တာအကြောင်း
ကမာပုလဲ
နိုဝင်ဘာ ၁၈၊ ၂၀၁၁


ဘ၀ရဲ့ ဒုက္ခမျက်ရည်များ
မင့်အတွက်
မြစ်တစင်းလို
စဉ်ဆက်မပြတ် စီးဆင်းနေဆဲပါလား …။

မင့်ဝေဒနာနဲ့
တန်ရာတန်ကြေး အဖိုးအခကို
သတ်မှတ်ပေးချေဖို့ မလိုပါဘူး၊
ဒါကို
နည်းနည်းလေးမျှ
စိုးရိမ်သောက၊ ဗျာပါဒတွေနဲ့
ပူလောင်ကြောင့်ကြ ဖြစ်လို့မနေစေချင်ဘူး။

တံတားကလေး တစင်းအဖြစ်
ငါ့ပေးဆပ်မှုတွေ
မင့်အတွက် … ထာဝရ
ခင်းကျင်းထားလိုက်တယ် …။

မင့်ရဲ့ လိုရာကမ်းကို ဆိုက်အောင်
မင့်အလိုကျ …
အချိန်မရွေး …
နင်းလျှောက် ဖြတ်သန်းသွားပါလေ …။ ။


Simon and Garfunkel ၏ Bridge over trouble water သီချင်းကို မြစ်ဖျားခံ ထပ်ဆင့်ခံစားသည်။
http://www.youtube.com/watch?v=jjNgn4r6SOA&feature=related


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts