>Saung Yun La – 23 Year in one single A4 paper

>

၂၃နှစ်စာ A4ဆိုဒ်တမျက်နှာ
ဆောင်းယွန်းလ၊နိုဝင်ဘာ ၁၄၊ ၂၀၁၁
 ’၁နဲ့ င’’ မကွဲပြားခဲ့ကြသေးတဲ့ ‘’သူက ရရစ် ငါက ယပင်း’’ အချင်းများခဲ့ကြတဲ့
‘’က နဲ့ယ’’ ကို တထပ်တည်းချပြီး ‘’ထ’’လို့ ထင်ခဲ့မိကြတဲ့ ‘’ေ နဲ့ ခ’’ မှားရေးခဲ့မိကြတဲ့
တိမ်တွေကိုတောင်လို့ထင်မှတ် ဖိနပ်ပြတ်ခဲ့ရတဲ့ ‘’နှစ်နဲ့နှစ်’’ ပေါင်းရေးလို့‘’လေး’’မဖြစ်ခဲ့ကြတဲ့
‘’ငါးထဲ ငါး’’ထည့်ပေါင်းပေမယ့်လည်း ဘဲဥမကွဲခဲ့ကြတဲ့ နှစ်ကာလတွေ
နှစ်ကာလတွေအားလုံးကအရင်အတိုင်း
အရင်အတိုင်းတွေကလည်းများတော့ ‘’အောင်ခိုင်အောင်နိုင်’’ကလည်း အရင်ဇယားအတိုင်းပဲ
တတိုက်တည်းနေတရေတည်းသောက် တမိုးတည်းအောက်မှာ တလမ်းတည်းလျှောက်နေကြရင်း
တယောက်သောသူကကျနော်ဟာ ဝေလီဝေလင်းမှာပါလို့ပြောပြီး တယောက်သောသူကတော့ ကျမဟာမှောင်ကြီးမဲထဲမှာပါလို့ ပြောတယ် ဝိုင်းတဲ့ဝိုင်းက ဝိုင်းပြီး ပြားတဲ့ပြားကပြားနေတုန်း ဖောင်းတဲ့ဖားကဖောင်းပြီး ပြားတဲ့ဖားကပြားနေတုန်းဆိုတော့လည်းစကားတွေကို ကြာနီကန်တရားနာသလို နာနေရတုန်းပဲ
အင်တာနက်ကမ္ဘာလေလှိုင်းရွာထဲကို တပတ်ပတ်လိုက်ရင် တနေရာမှာ ဆားပုလင်းနှင်းမောင်လိုလိုမြိုင်ရာဇာတွတ်ပီလိုလို အပြုတ်နှံသမားဟာ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားလို့
တနေရာမှာစကော်ပီယန်လိုလို ပင့်ကူလိုလို တွားသွားသတ္တဝါဟာ ကယ်ဆယ်ရေးစကားလုံးတွေကိုဘုံးးပေါလအောဇာတ်နာအောင်သုံးလို့ တနေရာမှာ တချို့တလေဟာ ကိုယ်ရည်သွေးတီးလုံးတွေကိုမဆုံးတဲ့သီချင်းလို ကျယ်ကျယ်လောင်လောင် သီဆိုကြလို့ တနေရာမှာတော့အရှိုက်ကိုအငိုက်မှာထိုးတဲ့ ကိုယ်ဖော့လက်သီးပုန်းတွေက ပြည်သူလူထုဆိုတဲ့ စကားလုံးကိုကျည်ကွယ်မျက်ကွယ်မှာ ကာဗာလုပ်ရင်း အမနာပလေပြင်းတွေကို တဝုန်းဝုန်းတဒိုင်းဒိုင်းတိုက်ခတ်လို့ တချို့နေရာတွေမှာ သူဖြူကိုယ်မဲ ကီးဘုတ်တိုက်ပွဲတွေဆင်နွှဲလို့အုပ်တချပ် သဲတပွင့်စီတိုင်းဟာ တဒေါင့်တနေရာစီကနေ လေထဲကို
တလိမ့်ချင်းတပတ်ချင်းလှိုင်းစီးသလို ကန်ချက်ပြင်း ဂိုးသွင်းဘောလုံးဟာ ဂိုးသမားရဲ့ ညာဘက်ဘေးဂိုးတိုင်အပြင်ဘက် ဝါးတရိုက်သာသာဆီကို မူလလက်ဟောင်းထုံးစံတွေအတိုင်း ဒုံးပျံလိုခပ်သွက်သွက် ချော်ထွက်သွားတယ် မမြင်ဖူးသူတွေဆိုရင် သွက်ချာပါဒလိုက်သွားလောက်တယ်ဒါပေမယ့် ဒီအခင်းအကျင်းက အဟောင်း အဟောင်းဆိုတော့ အရောင်းမသွက်တဲ့ အဟောင်းတခွက်ကိုဈေးနှုန်းချိုသာစွာနဲ့ ရောင်းထွက်ဖို့က အရေးကြီးနေတယ် တိုင်ကပ်နာရီဆီကိုကြည့်လိုက်မိတော့ ညက နာရီတော်တော်ထိုးနေလှပြီ တွေးရင်းတွေးရင်း စိတ်အိုက်လာတယ်ရေးရင်းရေးရင်း အိပ်ငိုက်လာတယ် အတွေးထဲမှာရေးနေမိတဲ့ ၂၃နှစ်စာ နိုဝင်ဘာကဗျာတပါဒကိုA4 တမျက်နှာစာ အထက်ဖော်ပြပါအတိုင်းနဲ့ အောက်ပါအတိုင်း ယခုလက်ရေးနဲ့ချရေးလိုက်မိတယ်…‘’ဘာမှမလုပ် ငုတ်တုတ်ထိုင်စောင့်နေခဲ့ကြတဲ့ နဲနဲရှင်းများများရှုပ်ပြီး ပုဆိုးခြုံထဲလက်သီးဆုပ်ခဲ့ကြတဲ့ စိတ်ဓာတ်တွေကိုအိပ်ကပ်ထဲထည့်ချိတ်ပိတ် ရုပ်သိမ်းပစ်ဖို့တော့ အချိန်တန်နေပြီ’’။                  ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts