>Kyaw Thu – FFSS Yangon Activity

>

အဘွားလေး ဓမ္မေသီ
ကျော်သူ (နာရေးကူညီမှုအသင် – ရန်ကုန်)
နိုဝင်ဘာ ၁၃၊ ၂၀၁၁


ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျောက်ရေတွင်း (တောင်ပိုင်း)၊ အမှတ် (၅) ရပ်ကွက်၊ ဓမ္မေသက သီလရှင်စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက၊ ရန်ကုန်သဗ္ဗညုပုထိုးတော်ကြီး တည်ထားကိုးကွယ်တော်မူသော အဘွားလေးဓမ္မေသီ သက်တော် (၆၈)၊ သိက္ခာတော် (၅၀) သည် ၆.၁၁.၂၀၁၁ (တနင်္ဂနွေနေ့) နံနက် (၈း၂၅) နာရီတွင် ဓမ္မေသက သီလရှင်စာသင်တိုက်၌ ဘ၀နတ်ထံပျံလွန်တော်မူသွားပါသဖြင့် ဖွားလေး ဓမ္မေသီ၏ရုပ်ကလာပ်အား နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အအေးစနစ်သုံး (Cool Box) ဖြင့် အပူဇော်ခံထားရှိပြီးသည့်နောက် ၁၂.၁၁.၂၀၁၁ စနေနေ့ ညနေ (၃း၀၀) နာရီအချိန်တွင် ဓမ္မေသက သီလရှင်စာသင်တိုက်ကြီးမှ ရေဝေးသုဿန်သို့ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ တပည့်ဒါယကာ ဒါယကာမများနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများမှ အဘွားလေး၏ နောက်ဆုံးခရီး အား စည်ကားသိုက်မြိုက်စွာဖြင့် ပို့ဆောင်ခဲ့ပြီး ရေဝေးသုဿန်ရှိ အသင့်ပြင်ဆင်ထားသော လောင်တိုက်ပြာဿဒ်၌ မီးသင်္ဂြိုလ်ခဲ့ပါသည်။

မှတ်တမ်း ဓာတ်ပုံများ
















သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts