>ီNew Burmese Monastery open in Portland, Oregon

>

အော်ရီဂွန်၊ပို့တ်လင်းန်၊ ဓမ္မ၀ိဟာရကျောင်းသစ်ဖွင့်ပွဲ ကျင်းပ
မိုးမခဓာတ်ပုံသတင်း၊နိုဝင်ဘာ ၁၀၊ ၂၀၁၁
နိုဝင်ဘာ၁ ရက်နေ့က အော်ရီဂွန်ပြည်နယ်၊ ပို့တ်လင်းန်မြို့တွင် ဓမ္မ၀ိဟာရအမည်ဖြင့်မြန်မာဗုဒ္ဓဘာသာဝင် တိုင်းရင်းသားတို့၏ ဘုန်းတော်ကြီးကျောင်းသစ် ဖွင့်လှစ်ပွဲကျင်းပခဲ့သည်။ အနယ်နယ်အရပ်ရပ်က ရဟန်းသံဃာတော်များနှင့် မြန်မာတိုင်းရင်းသားမိသားစုများကြွရောက်ကြသည်ကိုတွေ့ရသည်။
 

နိုဝင်ဘာ၆ ရက်နေ့တွင် ဓမ္မ၀ိဟာရကျောင်းတိုက် ပထမဦးဆုံးအကြိမ် ကထိန်ပွဲတော်ကိုလည်းစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ဆန်ဖရန်ဘေးဧရိယာက ကိုစံသောင်းခေါ်အရိုင်းငယ်ကိုလည်း ထိုကျောင်းတွင် ရဟန်းခံပေးခဲ့ကြသည်ကို တွေ့ရသည်။
ဓမ္မ၀ိဟာရကျောင်းတိုက်၏ကျောင်းထိုင်ဆရာတော်မှာ ဦးသီလာစာရဖြစ်သည်။ ဆရာတော်သည် အမေရိကန်ပြည်ထောင်စုသို့ လွန်ခဲ့သည့်၈ နှစ်ခန့်ကတည်းက ရောက်ရှိသီတင်းသုံးနေခဲ့ပြီး ယခုမှ အော်ရီဂွန်သို့ ကျောင်းထိုင်ဆရာတော်အဖြစ်ရောက်ရှိလာသည်ဟု သိရသည်။ မန္တလေးတွင် စာဝါများလိုက်ခဲ့ပြီး ဓမ္မစာရိယနှင့်ငါးကျမ်းပြန် ဘွဲ့လက်မှတ်များ ဖြေဆိုအောင်မြင်ခဲ့ပြီး ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts