>Dhamma Ayeyake – 3rd Kahtain Pwe held in Oakland

>

 ဘေးဧရိယာ၊ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်း ကထိန်ပွဲစည်ကား
မိုးမခအထောက်တော်၊ဥက္ကလံ။ နိုဝင်္ဘာလ ၆၊ ၂၀၁၁
တတိယအကြိမ်မြောက်စုပေါင်းမဟာဘုန်ကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲကို ဆန်ဖရန်ဘေးဧရိယာ၊ဥက္ကလံမြို့ရှိ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့ရာတိုင်းရင်းသားပေါင်းစုံတဲ့ ဧည့်သည်ပရိသတ်များ တက်ရောက်ခဲ့ကြပါတယ်။

  ဒေလီစီးတီးမြို့ ရတနာဥာဏ်ရောင်ကျောင်းဆရာတော်က သီလပေးနဲ့ ကထိန်အနုမောဒနာ တရားဟောကြားခဲ့ပါတယ်။
ကျောင်းထိုင်ဆရာတော်ဦးအရိယာစာရသင်ကြားပေးတဲ့ ဓမ္မတရားတော်များ၊ ဓမ္မတေးများကို ယဉ်ကျေးလိမ္မာကလေးများဝတ်ရွတ်အသင်းကကလေးငယ်များမှ ရွတ်ဆို ပူဇော်ခြင်းတို့ ပြုလုပ်တာကို တွေ့ရပါတယ်။ မြို့ခံလူကြီးမိဘများနဲ့ ဖွဲ့စည်းထားတဲ့ ဓမ္မရောင်ခြည်ဝတ်ရွတ်အသင်းကလည်း ၀တ်ရွတ်ဆိုပြီးကုသိုလ်ယူခဲ့တာကိုတွေ့ရပါတယ်။ ကထိန်ပွဲဖြစ်သည်နှင့်အညီ အများဝိုင်းဝန်းတဲ့ဘုံပဒသာပင်များအပြင် မိသားစုအလိုက် ပဒေသာပင်များစိုက်ထူ လှူဒါန်းကြတာကိုလည်းထူးထူးခြားခြားတွေ့ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts