>Cartoon Beruma & Friends – You are You and I am Me of Burma – Cartoon Animation

>

သီချင်း ကောင်းဇုံ၊အထူးပြုလုပ်ချက် အီဒိုဗေဒါ တို့၏

မင်းက မင်း၊ ငါ့ကငါ ကာတွန်းရုပ်သံ ယူကျုမှာ အထူးအောင်မြင်နဲ့ ဘီရုမာ၏ ၀န်ခံချက်
မိုးမခ ၊နိုဝင်ဘာ ၆၊ ၂၀၁၁
လွန်ခဲ့တဲ့ အပတ်က မြန်မာပြည်ရဲ့နိုင်ငံရေးကမောက်ကမအခြေအနေတွေကို သရော်တဲ့ ကာတွန်းရုပ်သံတင်ဆက်မှု ကားတိုတခုယူကျုမှာ တက်လာခဲ့ရာမှာ မြန်မာစာဖတ်ပရိသတ်အကြား အလွန်လူကြိုက်များတာကိုတွေ့ရပါတယ်။
ယခင်စစ်အာဏာရှင်သန်းရွှေနဲ့ ယခုစစ်အုပ်စုနဲ့ကြံ့ဖွံ့အစိုးရခေါင်းဆောင် သိန်းစိန်တို့ ၂ ဦးကို ယှဉ်တွဲပြီး သရော်ထားတာဖြစ်ပါတယ်။ သီချင်းကိုတော့ လူငယ်အဆိုတော် ကောင်းဇုံက သီဆိုထားပြီး၊ ကာတွန်းလက်ရာများကို Edo Vader အဲဒိုဗေဒါက ရေးဆွဲဖန်တီးထားတာဖြစ်ပါတယ်။ အဲဒိုဗေဒါကတော့ မိုးမခရဲ့ ပင်တိုင် ကာတွန်းဆရာတဦးဖြစ်တဲ့ ကာတွန်း ဘီရုမာပဲ ဖြစ်ပါတယ်။ ကာတွန်းဘီရုမာရဲ့ ပရိသတ်တွေကတော့ သူ့လက်ရာကို မှတ်မိနေတယ်လို့ပြောကြပါတယ်။
ယခုလိုမျိုးထင်မြင်မိကြောင်း အတည်ပြုပေးရန် မိုးမခက မေးမြန်းရာမှာ ကာတွန်းဆရာက
“လူကြီးတွေကောင်းမယ်လို့ စီစဉ်တာကို လူငယ်တွေက ငြင်းမနေတော့ပါဘူးလို့ ”
ပြန်လည် ဟာသလုပ်ပြီးဖြေကြားခဲ့ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts