>BBC withdrew controversial Burmese map from their website

>

ဘီဘီစီအင်္ဂလိပ်ပိုင်းစာမျက်နှာ၏မြန်မာပြည်မြေပုံသရုပ်ဖော်ပုံကို မြန်မာတို့ကန့်ကွက်
မိုးမခအထောက်တော်၀၀၂၊ အောက်တိုဘာ ၂၈၊ ၂၀၁၁
ဘီဘီစီအာရှပစိဖိတ် အင်တာနက်စာမျက်နှာတွင် အန်နာဂျုံး၏ သတင်းဆောင်းပါး (http://www.bbc.co.uk/news/world-asia-pacific-11595983) တွင်သတင်းသရုပ်ဖော်အဖြစ် မြန်မာပြည်မြေပုံကို သရုပ်ဖော်ထားရာ မြေပုံ၏ နယ်မြေများ၊လူမျိုးအမည်များ၊ ဓာတ်ပုံများမှာ အများပြည်သူတို့လက်ခံထားသော အချက်အလက်များနှင့်လွဲမှားဖော်ပြထားသောကြောင့် ဘီဘီစီမြန်မာပိုင်း ပရိသတ် အများအပြားနှင့်မြန်မာအရေးလှုပ်ရှားသူများက ဖေ့စ်ဘွတ်ပေါ်မှ တဆင့် ကန့်ကွက်ဝေဖန်ခဲ့ကြသည်။ (ဘီဘီစီ ဘားမိစ် ဖေ့စ်ဘွတ်ကိုကြည့်ပါ)
ကိုဝင်းကထိုသရုပ်ဖော်ပုံကို ဝေဖန်ထားရာတွင် –
အငြင်းပွားဖွယ်ပုံ
၁။ Chin ဆိုတဲ့ နေရာမှာ နာဂအမျိုးသားပုံမှားထည့်ထားတယ်လို့  ထင်ပါတယ်။
၂။ ဒါဟာ မြန်မာတိုင်းရင်းသားတွေ နေထိုင်မှုကိုပြသတဲ့ပုံမဟုတ်ဘဲ သတင်းထဲ မကြာခဏ ပါတတ်တဲ့ မြန်မာပြည်မှာနေထိုင်တဲ့ မြန်မာပြည်မှာရောက်နေတဲ့ လူမျိုးစုတွေ တည်ရှိရာဒေသလို့  ပြန်လည် ဖြေရှင်းချက် ထုတ်ရင်လည်းထုတ်နိုင်တယ်။ ပုံအောက်မှာ စာတန်းမှ ထိုးမထားဘဲ။ UWSA ပုံ ထည့်ထားတာကိုလည်းဘ၀င်မကျသူ ရှိနိုင်ပါတယ်။
၃။ ရှမ်း နေရာမှာ မဲထည့်တဲ့ပုံပြထားတော့ ၂၀၀၈/၂၀၁၀ ကိုကန့်ကွက်တဲ့ရှမ်းတွေ စိတ်ဆိုးနိုင်ဖွယ် ရှိပါတယ်။
ဟု ရေးသားထားသည်။
အထူးအားဖြင့် “အာရကန်”ဟုရခိုင်ပြည်နယ်ကို စာတမ်းထိုးထားပြီး ဓာတ်ပုံထဲတွင် ရခိုင်ဒေသ၏ ရခိုင်လူမျိုးများပုံကိုဖော်ပြခြင်းမရှိဘဲ “ရိုဟင်ဂျာလူမျိုး” ဆိုသည့် လူများ၏ ဓာတ်ပုံကိုထည့်သွင်းထားသဖြင့် ထိုသို့ သရုပ်ဖော်ချက်ကို အဓိကထား ဝေဖန်ပြစ်တင်ခြင်းများပြုလုပ်နေသည်ကို တွေ့ရသည်။
စာရေးဆရာ ဒါရိုက်တာချိုတူးဇော်က –
“ဘီဘီစီ တာဝန်ယူဖြေရှင်းဖို့ လိုလိမ့်မယ်”
ဗြိတိသျှ ဆိုတဲ့လူမျိုးဟာ သတင်းမီဒီယာမှာ အမျိုးမျိုးလုပ်ကြံဖန်တီးပြီး နိုင်ငံကိုဝါးမျိုလေ့ရှိတာ သမိုင်းမှာ အထင်အရှားရှိတယ်။ ၁၈၈၅မှာ ဘုံဘေဘားမားသစ်ခိုးမှုကို လည်ဆည်ပြီး၊ သတင်းမီဒီယာတွေကနေ မြန်မာပြည်ဟာအင်မတန်မှရိုင်းစိုင်းတဲ့တိုင်းပြည်ဖြစ်တဲ့အတွက် အုပ်ချုပ်မှုလိုတယ် လို့ အကြောင်းပြသိမ်းပိုက်ခဲ့တယ်။ ခုလည်း ရိုဟင်ဂျာတွေကို ရခိုင်လူမျိုးပါလို့လည်ဆယ်လုပ်ကြံသတင်းဖြန့်မှုတွေစ နေပြီ။
ဘီဘီစီအနေနဲ့ လွတ်လပ်တဲ့ သိက္ခာရှိတဲ့ သတင်းဌာန ဆိုရင် ဒီကိစ္စကို တရားဝင်ပြန်လည်တောင်းပန်ဖို့လိုလိမ့်မယ်။
မဟုတ်ရင်တော့ကျနော်တို့ ဘီဘီစီကို စ သပိတ်မှောက်ရလိမ့်မယ်။
ဘယ်သူ မှောက်မှောက် မမှောက်မှောက် ကျနော် တော့မှောက်ရလိမ့်မယ်။ ကျနော် နဲ့ ကျနော့် အမျိုးတွေ၊ ကျနော့်မိတ်ဆွေ သူငယ်ချင်းတွေ၊လုပ်ဖေါ်ကိုင်ဘက် တွေ အားလုံးကိုလည်းတိုက်တွန်းရလိမ့်မယ်။
အန်တီစုအပါအ၀င်ခေါင်းဆောင်တိုင်းကိုလည်း တိုက်တွန်းရလိမ့်မယ်။ ခင်ဗျားတို့ ဘီဘီစီ အနေနဲ့ ဒီသတင်းနဲ့ပါတ်သက်ပြီးဖြေရှင်းတောင်းပန်ဖို့လိုပါလိမ့်မယ်။
ဟုသူ၏ သဘောထားကို ပြတ်ပြတ်ရေးသားထားသည်
ထိုအချိန်ရက်ပိုင်းအတွင်း မြန်မာစာဖတ်ပရိသတ်များ၏ ကန့်ကွက်ဝေဖန်သံများ အမြောက်အများဖေ့စ်ဘွတ်ပေါ်တွင် တောက်လျောက်ပေါ်ထွန်းလာခဲ့သည်။ ယမန်နေ့က ဘီဘီစီဝက်ဆိုက်ကအဆိုပါအငြင်းပွားနေသည့် ပုံကို မည်သည့်ဖြေရှင်းချက်မျှ မပြန်ကြားဘဲ ၀က်ဆိုက်မှဖြုတ်ချထားသည်ဟု ဖေ့စ်ဘွတ်မိတ်ဆွေတို့က ပြောကြားသည်။
ထိုရက်ပိုင်းမတိုင်မီကအမေရိကန်ပြည်၏ အာရ်အက်ဖ်အေသတင်းဌာနတွင် အင်န်အယ်ဒီပါတီခေါင်းဆောင် ဦးတင်ဦးကအဆိုပါလူမျိုးအကြောင်း ၎င်းအမြင်ကို ထုတ်ဖော်ခဲ့သည်ကို အမေရိကန်ပြည်ရှိရိုဟင်ဂျာလူမျိုးများ၏ လူကြီးဆိုသူတဦးက ကန့်ကွက်ခဲ့သည့်သတင်းတရပ်ဖြစ်ခဲ့ပြီးဖြစ်သည်။
ဖေ့စ်ဘွတ်ပေါ်ကမြန်မာစာဖတ်ပရိသတ်တို့၏ ဝေဖန်ကန့်ကွက်မှု အများစု၏ အဆိုအရ မြန်မာပြည်တွင်းရှိအများလက်ခံသော တိုင်းရင်းသားလူမျိုးများတွင် ရိုဟင်ဂျာလူမျိုးဆိုသည့် အချက်မှာအငြင်းပွားဖွယ်ရာဖြစ်နေသည်။ ရခိုင်ဒေသခံ ရခိုင်လူမျိုးတို့က အဆိုပါ ရိုဟင်ဂျာဆိုသူတို့သည်ဘင်္ဂလားဒေ့ခ်ျမှာ ပြောင်းရွှေ့ခိုလှုံကြသူ ဘင်္ဂါလီများဟု ပြောကြပြီး၊ နိုင်ငံတကာသတင်းများတွင်မြန်မာပြည်က အဆိုပါရိုဟင်ဂျာလူမျိုးတို့သည် မြန်မာပြည်မှ ဘင်္ဂလားနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များဟု ဖော်ပြလေ့ရှိသည်။
မိုးမခသတင်းဆောင်းပါးတခုမှာ၂၀၁၀ ရွေးကောက်ပွဲနဲ့ ရိုဟင်ဂျာတို့ မဲပေးခွင့် ရှိမည်လားဆိုတဲ့ အကြောင်းရေးသားဖူးသည်။ သည်မှာဖတ်ပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts