>Aung Way- Forward Poem

>

ရှေ့သို့
အောင်ဝေး
အောက်တိုဘာ ၂၄၊ ၂၀၁၁
” ကဒါဖီသေပြီ “
ဒီသတင်း
ချက်ချင်းပဲ
အကျဉ်းထောင်အသီးသီးက
ရဲဘော်တွေဆီ
နတ်တို့ ရဲ့ နည်းနဲ့ 
အီးမေးလ်ပို့ လိုက်တယ်။

မယုံကြည်စရာ
ငါ့ မေးလ်ထဲပြန်ဝင်လာတဲ့
ထောင်(၄၂)ထောင်က
နတ်ချောစာတွေ
တပုံစံတည်း
တမျိုးတည်း။

” ကဒါဖီ လည်း သေပြီ
သာဒင်ကြီး သေဖို့ ပဲ ကျန်တော့တယ် ” တဲ့။

ငါ …
ဗိုလ်ချုပ်ကြီးခင်ညွန့် ဆီ
ဖောဝပ် လုပ်လိုက်ပြီ။ ။

အောက်တိုဘာ ၂၀၊ ၂၀၁၁


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts