>Ma Nge – Poem

>

အကျဉ်းကျခံနေဆဲဖြစ်တဲ့ မောင်ငယ်လေး မင်းကိုနိုင်သို့ မငယ်ရဲ့ ကဗျာ
မငယ် (ကိုမင်းကိုနိုင်၏ အမငယ်)
အောက်တိုဘာ ၂၀၊ ၂၀၁၁


အဖေချစ် အမေချစ်
ဆွေချစ်တဲ့သား
ပြည် (ပြေ) ချစ်တဲ့သား
နေရစ်တော့ …. သွားတော့မယ်

ကြောင်ကလေးနဲ့ မောင်လေး
ချောင်ကလေးထဲမှာ မဆွေးနဲ့ကွယ်

မှိုင်းမှုန်တဲ့ ကျိုင်းတုံရဲ့
သိုင်းခြုံတဲ့ နွေးထွေးမှုကို
အလေးဂရုပြုပါတယ်
ရှမ်းစာနဲ့ ချမ်းတာတော့
လွမ်းကဗျာနဲ့ ထားခဲ့တယ်

မေဆွိအသံကိုကြိုက်တဲ့ ကောင်းလေး
ခင်ညွှန့်ရီသီချင်းကို နှစ်သက်တဲ့မောင်လေး
ပင်လယ်ကူတဲ့ ပုဇွန်ဆိတ်
အိပ်ရာက ထပါတော့ကွယ်

ရောင်နီဖြိုးဖြ နိုးထတော့မယ့် မနက်ခင်း
အာရုံကျင်းလင်းစမှာ
ပန်းကောက်တေးတွေနဲ့
ဗန်းအမောက် ထွေးပွေ့ဖို့
လွမ်းသလောက် ဝေးနေတဲ့
ရှမ်းရောက်ကလေး ပြန်ခဲ့ကွယ်

ကဗျာတစ်ခု စာတစ်ခုနဲ့
စာဥတို့ဆီကိုတော့
နေညိုချိန် တိမ်အတောက်မှာ
(ဦးပေါ်ရယ်)
အိမ်အရောက် ပြန်ခဲ့နော် …။

ကဗျာခေါင်းစဉ် ရှာမတွေ့သည့်အတွက် သင့်လျော်သလို ပေးထားပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts