>Kyaw Thu – FFSS Yangon Activity – Socity & Computer

>

လူမှုရေးနှင့် ကွန်ပျူတာပညာရပ်
ကျော်သူ (နာရေးကူညီမှုအသင်း၊ ရန်ကုန်)
အောက်တိုဘာ ၂၀၊ ၂၀၁၁



ကွန်ပျူတာသည် လုပ်ငန်းခွင်တိုင်းတွင် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လျှက် ရှိသည်။ ထို့ကြောင့် ကွန်ပျူတာ အကြောင်း အခြေခံမရှိသေးသူများ၊ စာစီစာရိုက်ခြင်းနှင့်ပတ်သက်၍ သိရှိလိုသူများ၊ ကွန်ပျူတာအသုံးပြုပြီး ဒီဇိုင်းနာလုပ်လိုသူများ၊ အခြေခံ ကျကျ နားလည်ရန်နှင့် လက်တွေ့ကျကျ အသုံးချနိုင်ရန်အတွက် စေတနာအပြည့်ဖြင့် ကွန်ပျူတာပညာရှင်များဖြစ်သော ဦးဇော်ထွန်းနှင့် ဦးတင်ထက် (ဓါတ်ပုံ) တို့မှ ကွန်ပျူတာပညာရပ်များကို အခြေခံကျကျ သင်ကြားပေးသွားမည်ဖြစ်သည်။

ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးကျောင်းနိုင်ပြီး ယုံကြည်မှုအပြည့်နှင့် အောင်မြင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ ရည်ရွယ်၍ ဖွင့်လှစ် သင်ကြား ပို့သခြင်း ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၀န်ထမ်းများ၊ အသင်းသူ/သားများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း ၀န်ထမ်းများနှင့် အင်္ဂလိပ်စာသင်တန်းတွင် အချိန်ပြည့်၊ ရက်ပြည့်တက်ရောက်သင်ကြားခဲ့သော သင်တန်းသား/သူများတို့အား သင်ကြားပို့ချ ပေးနေပြီဖြစ်သည်။ သင်တန်းချိန်များအား နံနက်ပိုင်း (၁၀း၀၀) မှ (၁၂း၀၀) ထိ၊ နေ့လည် (၁း၀၀) မှ (၃း၀၀) ထိ၊ ညနေ (၅း၀၀) မှ (၇း၀၀) ထိ အချိန် (၃) ချိန် ခွဲ၍ တစ်ပါတ်လျှင် (၅) ရက် (တနင်္လာနေ့မှ သောကြာနေ့) သင်ကြားပေးလျှက်ရှိသည်။

ခေတ်မီတိုးတက်သော နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ပြည်ကို ထူထောင်ရာ၌ နာရေးကူညီမှု အသင်း(ရန်ကုန်) အနေနှင့်လည်း အချိန်နှင့် တပြေးညီ ကူညီပံ့ပိုးဖေးမမှုတို့ကို လုပ်ဆောင်ရာ၌ နောက်တန်းအင်အားစုဖြစ်သော ရုံးချုပ်အဖွဲ့သားများအနေနှင့် တိကျမှန်ကန် ယုံကြည်မှု ပြည့်ဝစွာဖြင့် ခေတ်မီတိုးတက်သော ကွန်ပျူတာပညာရပ်နှင့် တစ်ခန်းတစ်ကဏ္ဍ ပေးဆပ်မှုများ ပြုလုပ်နိုင်တော့မည်ဖြစ်သည်။











သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts