>Tayar Wayyan – News & Media

>

ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ဆွမ်းကျွေးအလှူ
ရန်ကုန်၊ အောက်တိုဘာ ၁၇၊ ၂၀၁၁
တာရာဝေယံ



စစ်အာဏာရှင်စနစ်ကို အံတုတိုက်ပွဲဝင်ပြီး ဒီမိုကရေစီရေးအတွက် အကျဉ်းထောင်ထဲတွင် အသက်စွန့်သွားတဲ့ ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် (၁၉၇၁ – ၂၀၀၆) အတွက် ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ဆွမ်းကျွေးအလှူအခမ်းအနားကို တာမွေမြို့နယ်ရှိ ကောဝိဒါရာမ ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ကျန်ရစ်သူမိသားစုများက ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဆရာဦးဝင်းတင်၊ ဗိုလ်ကြီးဝင်းထိန် အစရှိတဲ့ အဲန်အယ်ဒီ ခေါင်းဆောင်းများနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံေ၇းအကျဉ်းသားဟောင်းများ စုစုပေါင်း ၂၀၀ ကျော်တက်ခဲ့ကြပါတယ်။

“ကိုသက်ဝင်းအောင်ဟာ အဖြူစိမ်းဝတ်တဲ့ အကသကျောင်းသားဘ၀နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေးအတွက် အသက်ဏွန့်သွားတာဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ မတရားမှု ဖိနှိပ်ချုပ်ချယ်မှုအောက်က လွတ်မြောက်အောင်ကြိုးစားရင်း ကျဆုံးခဲ့တာဖြစ်တယ်။ ဒါဟာ ကျောင်းသား အာဇာနည်တစ်ဦးရဲ့ တိုင်းပြည်ကို ချစ်တဲ့စိတ်ကို ပြသတာလို့မြင်တယ်။ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အာဏာပိုင်တွေကသာ ချစ်တာမဟုတ်ဘူး။ အကျဉ်းထောင်အသီးသီးမှာ စွန့်လွှတ်အနစ်နာခံနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်းဟာ အသက်တွေနဲ့ရင်းပြီး ချစ်ခဲ့ကြတာဖြစ်တယ်။ ဒါကြောင့်မို့ လက်ရှိအခြေအနေမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို စစ်စစ်မှန်မှန် အကောင်အထည်ဖော်တယ်ဆိုရင် နိုင်ငံေ၇းအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ လိုအပ်ပါတယ်” ဆိုပြီး ဗကသအဖွဲ့ဝင် ကိုဟန်ဝင်းအောင်က ပြောကြားခဲ့ပါတယ်။

အခမ်းအနားကို မကြာခင်ရက်ပိုင်းက လွတ်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်ကြတဲ့ ကိုသက်ဦး၊ ကိုမင်းဟန်၊ ဖြိုးဖြိုးအောင်၊ ကိုအောင်ကျော်မိုး၊ ကိုရဲမင်းဦး၊ ကိုဘုန်းပြည့်ကြွယ်၊ ကိုဖိုးခွား၊ ကိုအောင်အောင်တို့ တက်ရောက်ခဲ့ကြကြောင်းလည်း သတင်းရရှိပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ဆွမ်းကျွေးအလှူ မှတ်တမ်းဓာတ်ပုံများ























သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts