>Local Media Quotes Overseas Burmese sites

>

ပြည်တွင်း သတင်းဂျာနယ်များ ပြည်ပမီဒီယာကို ကိုးကားခွင့်ရလာ

မိုးမခ အထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၁၃၊ ၂၀၁၁
ပြည်တွင်းထုတ်ဂျာနယ်များတွင်ယခင်က  တရားမ၀င်ဟု ယူဆထားသည့် ပြည်ပမီဒီယာများမှသတင်းများကို ကိုးကားထားသည့် သတင်းများ ဖေါ်ပြခွင့်ရလာသည်ကိုတွေ့ရသည်။  ယခုတပတ်ထုတ် ပေါ်ပြူလာနယူးစ် သတင်းဂျာနယ်တွင် မျိုးဆက်သစ်လူငယ်များ Generation Wave ၄နှစ်မြောက် မွေးနေ့ ဆွမ်းကပ်သည့် သတင်းဖေါ်ပြရာတွင် “ ကိုးကားမိုးမခ” ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။
တဖန် RFA RadioFree Asia မြန်မာပိုင်း သတင်းဋ္ဌာနမှ ဦးစိန်ကျော်လှိုင် နှင့်ပတ်သက်သည့် သတင်းကိုလည်းဧရာဝတီ သတင်းမှ ကိုးကား၍ ဖေါ်ပြထားသည့် သတင်းလည်း ယင်းဂျာနယ်တွင်ပင် ဖေါ်ပြထားသည်။
ပြည်တွင်း သတင်းအယ်ဒီတာတဦးက “ သတင်းကို ပြည်တွင်း ပြည်ပဆိုပြီး ခွဲခြားနေတာက သဘာဝမကျတော့ဘူး ထင်ပါတယ်။ အခုလိုကိုးကားဖေါ်ပြခွင့်ရတာ ကောင်းတဲ့ ကိစ္စပါ” ဟုပြောသည်။
ယခင်က ပြည်ပသတင်းဋ္ဌာနများမှသတင်းများကို ကိုးကား  ရည်ညွှန်းခြင်းကို စာပေစိစစ်ရေးမှခွင့်မပြုခဲ့သော်လည်း မကြာသေးမီကစတင်ပြီး ပြည်ပသတင်းဝက်ဆိုက်များအား ဖွင့်ပေးခဲ့သလိုသတင်းများကိုလည်း ကိုးကားဖေါ်ပြခွင့်ရလာခြင်း ဖြစ်သည်။
မကြာသေးမီကလည်း ပြည်တွင်းထုတ်သတင်းဂျာနယ် ၂ စောင်တွင် ချင်းမိုင် အခြေစိုက် ဧရာဝတီ သတင်းဋ္ဌာနမှ ဦးအောင်ဇော် နှင့်ဆက်သွယ်မေးမြန်းခြင်းနှင့် မဇ္ဈိမ သတင်းဋ္ဌာနမှ ဦးစိန်ဝင်းနှင့် ဆက်သွယ်မေးမြန်းထားသည်တို့ဖေါ်ပြခွင့်ရခဲ့သည်။
အစိုးရသစ်တက်လာပြီးလအနည်းငယ်အကြာတွင် ပြည်တွင်း သတင်းဂျာနယ်များထဲမှ အကြောင်းအရာ ၅ မျိုးကို စိစစ်ရေးတင်ပြီးမှ ထုတ်ခြင်းထက် ၊ ထုတ်ဝေပြီးမှ စိစစ်ရေးတင်သည့်လုပ်ထုံး လုပ်နည်းသို့ပြောင်းလဲခဲ့သည်။
စာပေစိစစ်နှင့် မှတ်ပုံတင်ဋ္ဌာန၏ဒု ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးတင့်ဆွေကလည်း စာမူများအား ကြိုတင်စိစစ်ခြင်းသည် အိမ်နီးချင်းနိုင်ငံများနှင့်နိုင်ငံတကာ မှာပါ စာမူကြိုတင်စိစစ်ခြင်းသည် မရှိသင့်တော့ဟု RFA မြန်မာပိုင်းနှင့် မေးမြန်းခန်းတွင်ဖြေကြားခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts