>
မိုးမခအထောက်တော် အမှတ် ဝ၁ဝ
အောက်တိုဘာ ၁၂၊ ၂၀၁၁

မြန်မာသတင်းဌာနတို့က ၎င်းတို့၏ သတင်းများကို ပရိသတ်ထံသို့ ပေးပို့ရာတွင် လျှင်မြန် ထိရောက်စေရန် Facebook ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်။
ယနေ့ အကျဉ်းသားတချို့ လွတ်မြောက်လာသည့် သတင်းကို Messenger, Eleven Media, The Voice စသည့် ရန်ကုန်အခြေစိုက် ဂျာနယ်များက ၎င်းတို့၏ Facebook မှတဆင့် သတင်းများ ဆက်တိုက် ထုတ်ပြန်ကြသည်။
ရန်ကုန်သတင်းထောက်များနှင့် စုစည်းထားသည့် YPI နှင့် မြစ်မခ သတင်းအဖွဲ့များကလည်း Facebook သုံးပြီး မည်သည့်အကျဉ်းသား လွတ်လာကြောင်း သတင်းဖြန့်ကြသည်။
သို့သော်လည်း 7Day ဂျာနယ်၏ Facebook က ယနေ့ ငြိမ်သက်နေသည်။
Facebook သည် ကမ္ဘာ့ လူကြိုက်အများဆုံး လူမှုကွန်ရက်ဖြစ်သည်။ အီးမေးလိပ်စာတခုရှိလျှင် Facebook အကောင့်တခု ရယူအသုံးပြုနိုင်သည်။
ထို့နောက် မိမိနှစ်သက်သာ သတင်းဌာန၊ ဂျာနယ်၊ မီဒီယာအသီးသီး၏ Facebook တွင် Like ဟူသော ခလုတ်ကို နှိပ်ခြင်းဖြင့် ထိုမီဒီယာ၏ ပရိသတ်ဖြစ်သွားသည်။
မဇ္ဈိမက Fan Page ပြုလုပ်ထားခြင်း မရှိသောကြောင့် မဇ္ဈိမ Facebook တွင် ပရိသတ် ၅ဝဝဝ ထက်ပိုပြီး လက်မခံနိုင်ပေ။
Fan Page ပြုလုပ်ထားသော ဧရာဝတီ နှင့် Eleven တို့တွင် ပရိသတ် တသောင်းကျော်နေသည်ကို တွေ့ရသည်။
VOA က ပရိသတ် ငါးထောင်ပြည့်ခါနီးသဖြင့် Fan Page တခု စီစဉ်ထားသည်။
DVB Entertainment – 12,594
ဧရာဝတီ – 10,686
The Voice – 6,460
7Day – 5,674
မဇ္ဈိမ – 5,000
BBC – 2,804
RFA – 2,022
Myanmar Times – 1,597
FNG – 1,481
မိုးမခ – 814
မြစ်မခ – 682
Messenger – 596
VOA (Fan) – 480
VOA – 4,966
Yangon Times – 278
YPI – 229
(ဖြည့်စွက်ချက် မဇ္ဈိမက Fan Page – 2,781
မဇ္ဈိမက Fan Page ပြုလုပ်ထားပါသည်။)