>Burma releases prominent dissident Zarganar: family

>

ဇာဂနာလွတ်ပြီဟု မိသားစုဝင်ထံမှ သိရ
မိုးမခအထောက်တော် အမှတ် ၀၀၁
အောက်တိုဘာ ၁၂၊ ၂၀၁၁ ယနေ့နံနက်ပိုင်း အင်းစိန်ထောင်ရှေ့တွင် စောင့်နေသော အကျဉ်းသားမိသားစုဝင်များ (ဓာတ်ပုံ – messenger ဂျာနယ်)


အာဏာပိုင်တို့က လူရွှင်တော်ဇာဂနာကို မြင်ကြီးနားထောင်မှ လွှတ်ပေးလိုက်ကြောင်း မိသားစုများက ပြောပြသည်ဟု ရန်ကုန်မှ လာသော AFP နှင့် Reuters သတင်း ၂ပုဒ်တွင် ဖော်ပြထားသည်။

ဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက “ကျမ သူနဲ့ စကား ပြောပြီးပါပြီ။ သူ လွတ်လာပါပြီ” ဟု AFP သတင်းဌာနကို ပြောသည်။၏

ယမန်နေ့က ထုတ်ပြန်သော လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးသမား မည်မျှ အကြုံးဝင်မည်ကို မသိရသေးပေ။

ယနေ့နံနက်ပိုင်း အင်းစိန်ထောင်ရှေ့တွင် စောင့်ဆိုင်းနေသော အကျဉ်းသား မိသားစုဝင်ပေါင်း ၂၀၀ ကျော် ရှိနေသည်ဟု Messenger ဂျာနယ်၏ Facebook တွင် ဖော်ပြထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts