>response from Moe/Singapore

>

စင်္ကာပူ “မိုး အထွေထွေအကျိုးဆောင်လုပ်ငန်း” ၏ ရှင်းလင်းချက်
အောက်တိုဘာ ၁၀၊ ၂၀၁၁


(အောက်တိုဘာ ၈ ရက်နေ့က မိုးမခတွင် ဖော်ပြခဲ့သော စင်္ကာပူရောက် မြန်မာ ၄၂ ဦး၏ ပတ်စ်ပို့ နှင့် ငွေများ အလိမ်ခံရ ဟူသောစာနှင့် ပတ်သက်ပြီး ရှင်းလင်းချက်)


“မိုး” အခွန်ဆောင် သက်တမ်းတိုး အိမ် (Blk-27, #05-186 Lorong 6, Toa Payoh, S310027) တွင် ကိုစံဦးအား သွားရောက် ရှာဖွေသည်ဟု မူရင်းတိုင်စာရေးသားသူက မှားယွင်း၍ သော်လည်းကောင်း တစုံတရာ ကြံရွယ်ချက်ချက်ဖြင့် လည်းကောင်း ဖော်ပြထားသည်။

ဖော်ပြပါ အိမ်လိပ်စာမှာ “မိုး” အထွေထွေအကျိုးဆောင်လုပ်ငန်းနှင့် မည်သို့မျှ သက်ဆိုင်မှုမရှိပါ။

၎င်းအိမ်မှာ ကိုစံဦးက အခြားသူတဦးထံတွင် ငှားရမ်းနေထိုင်သော အိမ်ဖြစ်ပါသည်။

ထိုဖြစ်စဉ်သည် “မိုး”အထွေထွေအကျိုးဆောင်လုပ်ငန်းနှင့် မည်သို့မှ သက်ဆိုင်မှု မရှိပါ။
“မိုး”အထွေထွေ အကျိုးဆောင် လုပ်ငန်း၏ လိပ်စာကတ်များတွင် ရုံးခန်းတည်ရှိရာနှင့် အိမ်လိပ်စာများကို ဖော်ပြ ရိုက်နှိပ်ထားပါသည်။

ဤရှင်းလင်းစာတွင် “မိုး”အကျိုးဆောင်လုပ်ငန်း၏ ပိုင်ရှင် “ဦးမြင့်သိန်း”၏
စင်ကာပူနိုင်ငံသားကတ် မူရင်း နှင့် ရုံးခန်းလိပ်စာ အိမ်လိပ်စာများ ရိုက်နှိပ်ထားသော လိပ်စာကတ်များအား ပူးတွဲတင်ပြထားပါသည်။

ထိုဖြစ်ရပ်များသည် “မိုး”အထွေထွေအကျိုးဆောင်လုပ်ငန်းနှင့်(လုံးဝ)လုံးဝ သက်ဆိုင်မှုမရှိကြောင်း သိစေအပ်ပါသည်။

ယခုရှင်းလင်းစာအား မိမိတို့ “မိုး”အထွေထွေ အကျိုးဆောင်လုပ်ငန်းအား ကူညီသောအားဖြင့် လက်လှမ်း မှီသလောက် ဖြန့်ဝေပေးစေလိုပါသည်။

ကျေးဇူးတင်စွာဖြင့်

“မိုး”အထွေထွေအကျိုးဆောင်လုပ်ငန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts