>Tayar Wayyn – Generation Wave’s 4th Birthday.

>

Generation Wave မျိုးဆက်သစ်လူငယ်များ လေးနှစ်မြောက် မွေးနေ့ကျင်းပ
တာရာဝေယံ
ရန်ကုန်၊ အောက်တိုဘာ ၁၀၊ ၂၀၁၁



ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ စမ်းချောင်းရပ် သီရိမင်္ဂလာကျောင်းတိုက်မှာ Generation Wave မျိုးဆက်သစ်လူငယ်များအဖွဲ့ရဲ့ (၄) နှစ်မြောက်မွေးနေ့ ဆွမ်းကပ်လှူပွဲကို ကျင်းပခဲပ့ပါတယ်။

ရွှေဝါရောင် သံဃာလှုပ်ရှားမှုအပြီး ၂၀၀၇ ခုနှစ်၊ အောက်တိုဘာ (၉) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့ရဲ့ (၄) နှစ်မြောက်မွေးနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစွှီဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်၊ ရှစ်ဆယ့်ရှစ်မျိုးဆက်နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များနဲ့ မျိုးဆက်သစ်လူငယ်များ ၈၀၀ ခန့် တက်ရောက်ခဲ့ကြပါပါတယ်။

“အရင်အခြေအနေမှာ အမြင်မတူတဲ့ သဘောထားတွေကို ရပ်တည်ခွင့်မရတဲ့အတွက် ကျနော်တို့ဟာ အမှန်တွေကို လုပ်ဆောင်ခဲ့ပေမယ့် ပန်းလျှိုးကွယ်လျှိုးလုပ်ခဲ့ရတယ်။ အခုတက်လာတဲ့ အစိုးရသစ်အနေနဲ့ အမြင်မတူတာတွေကို လက်ခံစဉ်းစားပေးမယ်လို့ ယူဆတဲ့အတွက် ကျနော်တို့ရဲ့ Generation Wave အဖွဲ့အနေနဲ့ နိုင်ငံ့အရေး၊ လူ့ငယ်အရေးတွေကို ပေါ်ပေါ်ထင်ထင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဆိုပြီး မျိုးဆက်သစ်လူငယ်များအဖွဲ့ကို စတင်တည်ထောင်ခဲ့သူတွေထဲက တဦးဖြစ်တဲ့ Hip Hop အဆိုတော ကိုဇေယျာသော်က သူတို့အဖွဲ့ရဲ့ မွေးနေ့ကိတ် မလှီးခင်မှာ ပြေားကြားခဲ့ပါတယ်။

မျိုးဆက်သစ်လူငယ်များအဖွဲ့ဝင်တွေဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ဂီတသီချင်း၊ ကဗျာ၊ နံရံဆေးရေးပန်းချီ စတဲ့ အနုပညာ ပုသဏ္ဍာန်ပေါင်းများစွာနဲ့ ဖော်ထုတ်ဆောင်ရွက်ဖို့ ကြိုးစားနေသူများဖြစ်ကြောင်း သိရပါတယ်။

မျိုးဆက်သစ်လူငယ်များ (၄) နှစ်ပြည့်မွေးနေ့ မှတ်တမ်းဓာတ်ပုံများ
















သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts