ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

ဦးတော် မလုပ်နိုင်တော့ပြီပေါ့ … ကလေးရယ်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မေ ၃၊ ၂၀၁၃

ကျွန်တော်တို့လူသားများသည် လူ့လောကသို့ရောက်ရှိလာရန်မှာ လူ့ပြည်မှ အပ်တစ်စင်းနှင့် နတ် ပြည်မှ အပ်တစ်စင်းတို့ ထိစပ်ဖို့ လွယ်ချင်လွယ်မည်။ လူဖြစ်ရန် မလွယ်ကူဟူ၍ ရှေးဆိုရိုးစကားများကို ကြားခဲ့ဖူးပါသည်။ လူ့လောကထဲသို့ ခက်ခက်ခဲခဲ ရောက်ရှိလာပြန်သော်လည်း အချိန်မတန်မှီ လူ့လောကမှ ထွက်ခွါ ဖိတ်စင်မှုများလည်း အမြောက်အများရှိခဲ့ဘူးသည်။ ထိုအထဲတွင် ကုသိုလ်၊ အကုသိုလ်များကို ခွဲခြားမသိသေးသော်လည်း မိဘဘိုးဘွားများ၏ သွန်သင်ဆုံးမှုတို့ကြောင့် ကျွန်တော်တို့၏ ဗုဒ္ဓဘာသာတွင် မထိုင်တက်မှီ။ စကားမပြောတတ်မှီကပင် ဘုရား၊ ဘုန်းတော်ကြီးများနှင့် အသက်ကြီးရွယ်ကြီး၊ အဘိုး အဘွားများကို မြင်တွေ့ရသည့်အခါ မိဘ၊ ဦးလေး၊ အဒေါ်၊ အကို၊ အမများမှ ကလေး၏ လက်နှစ်ဖက်အား ပူးတွဲ ထိကိုင်စေကာ “ဦးတော်” ဟူ၍ သွန်သင်လေ့ကျင့် ပေးခဲ့ကြသည့်အတွက် ကလေးငယ်လေးများမှ “ဦးတော်” ဟုဆိုလျှင် အလိုလိုပင် ဘုရားရှေ့၊ ဘုန်းတော်ကြီးများ၏ရှေ့တွင် အလိုလိုလက်အုပ်ချီကာ ဦးညွှတ်တတ်ခဲ့ကြသည်။ ထိုအရာကို ကုသိုလ်ဟူ၍ မသိသေးသော်လည်း ထိုအရွယ်ကတည်းကပင် ဘာသာတရားကို ကိုင်းရှိုင်းတက်နေပြီဖြစ်သည်။ ထိုကဲ့သို့သော ကလေးငယ်များ လူ့လောကထဲမှ ကြမ္မာ ဆိုးများနှင့် ကြုံတွေ့ ထွက်ခွါသွားကြသောအခါ ကျွန်တော်တို့လူသားများပီပီ ရင်ထုမနာ ခံစားကြေကွဲ ခဲ့ကြသည်။ သူတို့၏မိဘများဆိုလျှင် ပြောဖွယ်ရာမရှိတော့ချေ။ ထိုပျောက်ချင်းမလှ ပျောက်ကွယ်သွားကြ ရရှာသော ဆည်းလည်းလေးများအသံသည် ဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်ပါတော့ချေ။
 

၂၉.၄.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ဦးကျော်သူ၏ နေ့စဉ်လှုပ်ရှားမှုများနှင့် အသင်း၏ဆောင်ရွက်မှုများကို “7 Day in Myanmar” ဟူသော ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်ဝေရန် ပြင်သစ် နိုင်ငံမှ စာရေးဆရာများနှင့် ထိုင်း-မြန်မာနိုင်ငံတို့မှ ဓါတ်ပုံဆရာများပါဝင်သောအဖွဲ့သည် ဦးကျော်သူနှင့် တွေ့ဆုံကာ ဦးကျော်သူ၏ နေ့စဉ်လှုပ်ရှားမှုများအား မှတ်တမ်းယူရန်ရောက်ရှိခဲ့သည်။ စံပြဆေးရုံတွင် ကွယ်လွန်သွားသော မောင်ထက်မင်းပိုင် အသက် (တစ်လခွဲ)၏ ဈာပနလမ်းကြောင်းအား ကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းနှင် ကူညီမှုပေးရန် စံပြဆေးရုံသို့ ကလေးနိဗ္ဗာန်ယာဉ် (Baby Only) ဖြင့် သွားရောက် ကူညီပေးခဲ့သည်။ ဆေးရုံသို့ရောက်ချိန်တွင် ကျွန်တော်တို့မျှော်လင့်မထားသော အခြေအနေအား တွေ့မြင် ခဲ့ရတော့သည်။ ကွယ်လွန်သူ မောင်ထက်မင်းပိုင်မှာ သာမာန်ရောဂါကြောင့် ကွယ်လွန်ခြင်းမဟုတ်ပဲ မမျှော်လင့်သော ကြမ္မာဆိုး၏ ရက်စက်မှုကြောင့် ကွယ်လွန်ရခြင်းဖြစ်ကြောင်း မိဘများထံမှ သိရှိခဲ့ရသည်။ မိခင်ဖြစ်သူ၏ လက်ထဲတွင် ချစ်စရာသားငယ်လေး၏ မလှုပ်မရှက် ရှိနေသည်။ သူ့သားလေးကွယ်လွန် သွားရှာပြီဆိုသည်ကို လက်မခံ မယုံကြည်သလို အတွေးများနှင့် ငြိမ်းသက်နေရှာသည်။ မိခင်ဖြစ်သူ၏ ပြောကြားချက်အရ သားဖြစ်သူ မောင်ထက်မင်းပိုင်သည် နေအိမ်သို့ နေ့စဉ်ဆွမ်းခံကြွသော သံဃာတော် များအား “ဦးတော်” ဟူ၍ ရှိခိုးဦးချလေ့ရှိသည်။ ပြီးခဲ့သော သင်္ကြန်မတိုင်မှီမှ “ဖေဖေ .. မေမေ” ဟူ၍ ပီပီ သသ ခေါ်တတ်ခဲ့ခြင်းဖြစ်ပြီး ဖခင်ဖြစ်သူသည် ဓါတ်ဆီဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ ၂၇.၄.၂ဝ၁၃ ရက်နေ့တွင် ဖခင်ဖြစ်သူ အလုပ်သွားရန် ထွက်ခွာခါနီးအချိန်တွင် ဖခင်၏အင်္ကျီစအား မလွတ် တမ်းဆွဲထားကာ “ဖေဖေ .. ဖေဖေ” ဟူ၍ အကြိမ်ကြိမ်ခေါ်ဆိုသဖြင့် ဖခင်မှ “ဒီနေ့ အလုပ်မသွားတော့ဘူး” ဟု ဆုံးဖြတ်ပြီးချိန်မှ အလုပ်မသွားလျှင် လစာအဖြတ်ခံရမည်ကို တွေးလျှက်ပင် အလုပ်သို့ထွက်ခွာသွားခဲ့ သည်။ နေအိမ်တွင် ကျန်ရစ်ခဲ့သော မောင်ထက်မင်းပိုင်နှင့် မိခင်တို့သည် အခြားရပ်ကွက်ရှိ အဖွား၏နေ အိမ်သို့ အလည်သွားရောက်ခဲ့ကြသည်။ အဖွား၏နေအိမ်သို့ရောက်ပြီး မကြာခင် မိခင်သည် အိမ်သာသို့ သွားရောက်ရာတွင် (သား) မောင်ထက်မင်းပိုင်မှ မိခင်နောက်မှ လိုက်ပါသွားခဲ့သည်။ ခဏအကြာ မိခင် အိမ်သာမှ ထွက်ခွာလာပြီး (သား) မောင်ထက်မင်းပိုင်အား မတွေ့တော့ချေ။ အနီးပတ်ဝန်းကျင်အနှံ့ လိုက်လံ၍ ရှာဖွေခဲ့ရာ မတွေ့ပေ။ (ဝဝး၁၅) မိနစ်ခန့်အကြာ အိမ်သာအနီး မြေနိမ့်ပိုင်းရှိ ရေနုတ်မြောာင်းအ တွင်းတွင် ထက်မင်းပိုင်၏ အင်္ကျီစအား တွေ့ရှိရ၍ ဆွဲယူကြည့်ရာ (သား) မောင်ထက်မင်းပိုင် တစ်ယောက် အသက်မရှုနိုင်တော့ချေ။ ရေအိမ်သို့အသွား မြက်ခင်းပေါ်မှ လျှောက်လမ်းခဲ့ရာမှ ၄င်းရေမြောင်းအတွင်းသို့ ထိုးကျခြင်းဖြစ်ပြီး ကလေးငယ်၏ မျက်နှာတွင် ရေမြောင်းဘောင်ဖြင့် ရိုက်မိခဲ့ခြင်းကြောင့် မျက်နှာတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ စံပြဆေးရုံကြီးသို့ ချက်ချင်းဆိုသလို တင်ပို့ခဲ့သေသ်ာလည်း ကံဆိုးလှသူ မောင်ထက်မင်းပိုင် ဆေးရုံသို့ပင် အသက်မပါသွားခဲ့ပါ။ ဖခင်မှ သတင်းကြားချင်း ဆေးရုံသို့ မယုံတဝက် ယုံတဝက်ဖြင့် အပြေးအလွှား သားဇောဖြင့် ရောက်ရှိလာခဲ့သော်လည်း အရာအားလုံး နှောင်းခဲ့ပြီဖြစ်သည်။
ထို့ကဲ့သို့သော ရင်နင့်ဖွယ်ဖြစ်ရပ်လေးသည် ကလေးသူငယ်၊ လူမမယ်အရွယ် ချစ်စဖွယ်ကလေး ဘာသာတရားအား ရိုကျိုးခဲ့သော အနာဂတ်၏ သားကောင်းရတနာတစ်ဦး နိုင်ငံ့အတွက် ဆုံးဆုံးခဲ့သလို တဖက်မှလည်း မိဘများအနေဖြင့် မိမိတို့၏ ရင်နင့်သည်းခြာများကို ကိုယ်နှင့်မကွာ မျက်ခြေမပြတ် စောင့် ကြည့်၍ ထိန်းကျောင်းသင့်ကြောင်း တရားပြခဲ့သလို တွေးဆမိတော့သည်။ သို့သော် ကံကြမ္မာအကျိုးပေး ကြောင့် အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဘာသာတရားရိုကျိုး၍ အလှူဒါနအား ဝါသနာထုံသော (သား) မောင်ထက်မင်းပိုင်သည် ကောင်းရာသုဂတိလားမည်မှာ အသေအချာပင်ဖြစ်တော့သည်။ အခု တော့ “ဦးတော် မလုပ်နိုင်တော့ပြီပေါ့ ကလေးရယ် …” အချိန်မတန်မှီ ကြွေလွင့်သွားခဲ့ရသော ဆည်းလည်း လေးတစ်လုံးသည် နှမျောတသ ရင်ကွဲခဲ့ရပါတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts