>MPT still bans Dr. Lun and Moemaka pages

>

MPT က ဒေါက်တာလွဏ်းဆွေနှင့် မိုးမခကို ဆက်လက် ပိတ်ပင်ထား
မိုးမခအထောက်တော် အမှတ် ၀၀၄
အောက်တိုဘာ ၈၊ ၂၀၁၁

http://drlunswe.blogspot.com/ ဘလော့


ပြည်ပအခြေစိုက် မြန်မာသတင်းဌာန ၀က်ဆိုက်များကို မြန်မာပြည်တွင် ဖွင့်ပေးလိုက်သည့်မှာ ရက်အတန်ကြာပြီ ဖြစ်သော်လည်း အင်တာနက်သတင်းများကို ညွှန်းရာတွင် ထင်ရှားသည့် ဒေါက်တာလွဏ်းဆွေ၏ ဘလော့ စာမျက်နှာကို MPT က ဆက်လက် ပိတ်ပင်ထားသည်။

ပိတ်ပင်ထားသည့်အထဲတွင် မိုးမခ၏ အင်တာနက် စာမျက်နှာတို့လည်း ပါဝင်နေသည်။
ဒေါက်တာလွဏ်းဆွေ ဘလော့ကို “Access Denied (policy_denied)” ဟူသော စာတန်းသာ ထွက်ပေါ်လာသည်။

မိုးမခ၏ စာမျက်နှာများဖြစ်သော http://moemaka.blogspot.com/
http://moemaka.com/
တို့ကို ၀င်ရောက်ကြည့်ရှုလျှင်လည်း ထိုစာတန်းနှင့်သာ တိုးနေသည်။

MPT က ထိုသို့ ပိတ်ပင်ထားသော်လည်း ရတနာပုံကမူ ပိတ်ပင်ထားခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် အင်တာနက်ကို မြန်မာ့ဆက်သွယ်ရေး MPT နှင့် ရတနာပုံ တယ်လီပို့ တို့က တာဝန်ယူထားသည်။

MPT လက်ချက်ကြောင့် မိုးမခ စာမျက်နှာကို ဤသို့သာ မြင်နေရသည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts