>Penang Police Detain 77 Burmese Illegal Immigrants ‎

>

တရားမ၀င်နေထိုင်သူများကို မလေးတွင်ဖမ်း၊ မြန်မာ ၇၇ ဦး ဖမ်းမိ
Bernama သတင်းဌာန
အောက်တိုဘာ ၆၊ ၂၀၁၁ BALIK PULAU (Penang) ဒေသမှ ဈေးတခု မြင်ကွင်း (photo: Les Chang)


ပီနန်ရဲတပ်ဖွဲ့က ယနေ့နံနက် ၈ နာရီမှ စတင်သည့် လေးနာရီကြာ စစ်ဆင်ရေးတခုအတွင်း တရားမ၀င်နေထိုင်သူ မြန်မာပြည်သား အလုပ်သမား ၇၇ ဦးကို ထိန်းသိမ်းလိုက်သည်။

အလုပ်သမားများသည် အသက် ၁၉ နှစ်မှ ၂၃ နှစ်အတွင်းရှိ အမျိုးသားများဖြစ်သည်ဟု အနောက်တောင်ရပ် ရဲဌာန အကြီးအကဲ Supt Hatta Md Zin က ပြောသည်။

“Pulau Betong မှာ ရပ်ထား၊ ကျောက်ချထားတဲ့ သင်္ဘောကနေ သူတို့ ကူးလာတာကို တံငါသည်တွေ တွေ့သွားတယ်” ဟု သူက သတင်းထောက်တို့ကို ပြောသည်။

အဖမ်းခံရသူများထဲမှ ၂ ဦးတွင် UNHCR က ထုတ်ပေးသည့် ဒုက္ခသည်ဆိုင်ရာ အထောက်အထား ပါရှိသည်။

စုံစမ်းစစ်ဆေးမှုများအရ သင်္ဘောပေါ်တွင် မြန်မာပြည်သား ၁၁၅ ဦး ပါဝင်သည်ဟု ရဲအရာရှိက ပြောသည်။

တောထဲတွင် သွားရောက်ပုန်းအောင်းနေသည်ဟု ယူဆရသည့် ကျန် ၃၈ ဦးကို ရဲတို့က လိုက်လံရှာဖွေနေသည်ဟု ဆိုသည်။

ဖမ်းဆီးထားသူတို့ကို လူဝင်မှုကြီးကြပ်ရေးဌာနသို့ မလွဲအပ်မီ အနောက်တောင်ရပ် ရဲဌာနတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

Bernama သတင်းဌာန၏ သတင်းကို မိုးမခက ဘာသာပြန်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts