>Moemaka Quotes for Aug and Sep

>

မိုးမခ၏ သြဂုတ်၊ စက်တင်ဘာ စာကိုး စကားကိုး
အောက်တိုဘာ ၂၊ ၂၀၁၁


မကြာခဏမေးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ ဘလော့ဆောက်ပြီးရင် ဘာရေးရမလဲ ဆိုတာပါ။ — ပြန်ဖြေဖြစ်တာက … ကိုယ့်ရင်ထဲမှာ ရှိသမျှ ကြုံတွေ့ရသမျှ ဘာမဆို ရေးနိုင်ပါတယ်လို့။ သူများတွေရဲ့ ပို့စ်ကို နှစ်သက်လို့ ကူးယူပြီး တင်တဲ့အခါ (Credit ပေးသည့်တိုင်အောင်) ကိုယ်တိုင်ရေး မဟုတ်တာကြောင့် ဘလော့ရေးရခြင်းရဲ့ တကယ့်ခံစားချက်ကို Enjoy လုပ်နိုင်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်ချင်းစီဟာ Unique ဖြစ်ပြီးသားဖြစ်သလို တစ်ဦးချင်းစီ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေ၊ ရှိနေတဲ့ ဗဟုသုတတွေ၊ အမြင်တွေဟာလည်း Unique ဖြစ်နေတာမို့ ဒါတွေဟာ မကုန်မခမ်းနိုင်တဲ့ ချရေးစရာတွေချည်းပါပဲလို့ ဖြေမိပါတယ်။

ဘလော်ဂါ ရွှေပြည်သူ
shwepyithu.com သြဂုတ် ၂၈

ကျွန်တော်တို့မှာ အများဆန္ဒနဲ့ ဆောင်ရွက်ဆုံးဖြတ်တတ်တဲ့ အလေ့အထသာ မထွန်းကားတာ၊
လူအုပ်အားကိုး၊ အများ အားကိုးနဲ့၊ အနိုင်ကျင့်ချင်၊ အနိုင်ယူချင်တဲ့စိတ်တွေ
များနေသလားလို့ ကျွန်တော်တွေးမိပါတယ်။

(photo:moemaka)
ခင်မောင်ညို (ဘောဂဗေဒ)
Business Today ဂျာနယ်၊ သြဂုတ် ၁၉

အခုချိန်ထိလည်း ကောင်လေးနဲ့ကောင်မလေး သွားရင် ကောင်မလေးကိုကြည့်ဖြစ်တာ များတယ်။ ကောင်လေးတွေကို သိပ်စိတ်မ၀င်စားဘူး။
သရုပ်ဆောင် ဆုပန်ထွာ
True News ဂျာနယ်၊ စက်တင်ဘာ ၆

(ခွေးသားကို) ဗြောင်တော့မစားကြဘူးပေါ့ဗျာ ဒါပေမဲ့လဲ ရရင်တော့ ဆေးဖက်ဝင်တယ် အပူနိုင်တယ်
ဒူလာကောင်းတယ် မီးယပ်ကောင်းတယ် ဘာညာဆိုပြီးစားကြတာပါပဲ။

မသိလို့ စားတာရှိကြသလို စားမိပြီးမှ ကြိုက်လို့ ဆက်စားကြတဲ့သူတွေလဲ ရှိပါတယ်

ဘလော်ဂါ ကိုချစ်ဖေ
http://kochitphay64.blogspot.com/ စက်တင်ဘာ ၂၁

စိတ်ဝင်စားစရာကောင်းတာက ကွန်မန့် (Comment) ပါ။ Comment ဆိုတာ စာရေးသူတွေရဲ့အားဆေးပါဆိုတဲ့ အတိုင်းပဲ အချင်းချင်း အားပေးတဲ့ ကွန်မန့်လေးတွေ ရေးကြတယ်။ ဒီတော့ ဘလော့ဂါတွေက ပျော်ရွှင်ကြတယ်။ ဘလော့ဂါ အချင်းချင်း နွေးထွေးတဲ့ ခင်မင်ရင်းနှီးမှုတွေ ရှိလာကြတယ်။ ကွန်မန့်ပေးသူတစ်ချို့ကတော့ ဘလော့ဂါမဟုတ်ဘဲ ရိုးရိုးစာဖတ်သူပါပဲ။ ဘယ်သူကွန်မန့်ပေးပေး ကွန်မန့်လေးတွေဟာ ပို့စ်တစ်ခုတင်ပြီးတိုင်း နောက်တစ်ပို့စ်ထပ်တင်ဖြစ်အောင် တွန်းအားတစ်ခုပေးနေတာ အမှန်ပါပဲ။

ဘလော်ဂါ မေသိမ့်သိမ့်ကျော်
http://www.maytheint2kyaw.com/ စက်တင်ဘာ ၁၇

တရုတ် ဒီမိုကရေစီ အနှစ်သာရဟာ ကွန်မြူနစ်ပါတီ ဦးဆောင်မှုအောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ပါ။ နေပြည်တော်မှာ ကျင့်သုံးတဲ့ ဒီမိုကရေစီဆိုတာဟာလည်း ကြံ့ဖွံ့ပါတီ ကြီးကြပ်မှုအောက်မှာ ပါတီစုံက လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်ကြတာကို ဆိုလိုတာဖြစ်ပုံ ရပါတယ်။
ဦးအောင်ခင်
စက်တင်ဘာ ၂၄ VOA

နေပြည်တော်မှာ မြေအောက်ရထားလမ်းအတွက် မြေကြီးတိုင်းထွာတာတွေ လုပ်နေတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ လောလောဆယ်ဖောက်ဖို့ မရှိသေးဘူး။ နေပြည်တော်ရဲ့ လူဦးရေ သိပ်သည်းမှုအရ ရထားကို တောက်လျှောက် စီးနေမယ့်သူလဲ မရှိပါဘူး။ အစိုးရအနေနဲ့ ပိုက်ဆံရှိလာရင်တော့ မြေအောက်ရထားစီးမယ့်သူတွေ ရှိလာမယ် ဆိုရင်တော့ အခုလို မြေကြီးတိုင်းထွာထားတာတွေက အသုံးတည့်နိုင်မှာပါ။
မီးရထားဝန်ကြီး ဦးအောင်မင်း
မော်ဒန်သတင်းဂျာနယ်၊ စက်တင်ဘာ ၂

ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် အထူးစက်မှုဇုန်စီမံကိန်းအား ထားဝယ်ခရိုင် ရေဖြူ နှင့် လောင်းလုံမြို့နယ်အတွင်းရှိ စတုရန်းမိုင်တစ်ရာရှိ မြေပေါ်တွင် ဆယ်နှစ်စီမံကိန်းအဖြစ် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း၊ အရှေ့တောင်အာရှ၏ လက်ရှိ အကြီးဆုံးစက်မှုဇုန်ဖြစ်သော ထိုင်းနိုင်ငံမှ မာတာပုစက်မှုဇုံထက် ဆယ်ဆ ကြီးမားမည်ဖြစ်ကြောင်း အီတာလျံ-ထိုင်းကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ရန်ကုန်တိုင်းမ် ဂျာနယ်၊ စက်တင်ဘာ ၁

ဖဘတွင်လည်းစကားမျာမျးားမပြောဝံ့ ပါ. ပြောပါများလျှင်အမှားပါသည်မဟုတ်ပါလား အသာလေးသာ Like လုပ်ရလေသည်. သိတ်ဝင်ရေးပြန်လျင်လည်းအစ်မ active ဖြစ်နေပါလားဆိုလျင်လည်းဘာရယ်မဟုတ်သူမ.ရှက်ပါသည်.
ယူကျုတွင်သူမအကြည့်များသည်မှာ ကောင်မလေးလှလှလေးများဖြစ်ပါသည်. သူမသည်မိန်းကလေးဖြစ်သော်လည်းမိန်းကလေး လှလှလေးများကိုသဘောကျပါသည်.။ သူမ၏သူငယိချင်းများမှာ ချောသူများဖြစ်ကြသည် မိတ်ကပ်ကိုသေချာလိမ်မတတ်သူများလည်းဖြစ်ကြသည်. သူမသည် သူတို့ကိုကြည့်ရွေ့ပီတိဖြစ်ပါသ်ည. ဗိုက်သားချပ်ချပ်ကလေးများကိုကြည့်ရွေ့ envy ဖြစ်ပါသည်။

ဘလော်ဂါခင်ဦးမေ
khinoomay77.blogspot.com စက်တင်ဘာ ၆

ကာတွန်းပြပွဲလေးကို သီတင်းကျွတ်ပွဲ တော်ရက်တွေဖြစ်တဲ့ အောက်တိုဘာလ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ အလုံ မြို့နယ်ရှိ၊ နံ့သာလမ်းတစ်လျှောက်မှာ ဒုတိယမြောက်နှစ်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပွဲတော်မှာ ကာတွန်းသစ်ထွဏ်း၊ လုံးကြီးတင်၊ ရွှေမင်းသားတို့ အပါအ၀င် ကာတွန်းဆရာ ၃၀ ခန့်ရဲ့ လက်ရာပေါင်း ၁၀၀ ကျော်ကို ပျော်ရွှင်စွာ ကြည့်ရှု ခံစားရမှာဖြစ်တဲ့အပြင် မနှစ်က မပါဖြစ် ခဲ့တဲ့အစီအစဉ်သစ် အဖြစ် ကာတွန်း ဦးအောင်မင်းမင်းနဲ့ တာရာတို့က ကယ်ရီ ကေချာ ပုံတွေကို တစ်ပုံကျပ် ၁,၅၀၀ နဲ့ ရေးဆွဲပေးမှာ ဖြစ်ပါတယ်။

ပထမနှစ် ကာတွန်းပြပွဲ (ဓာတ်ပုံ – ဆိုင်းမိုင်)
မြန်မာတိုင်းမ် ဂျာနယ်၊ စက်တင်ဘာ ၃၀

ဒီလ ရတီမှာ ပါတဲ့ မီမိုး ရဲ့ သူငယ်ချင်း ဟာ အသက် ၇၀ ကျော် အဘိုးကြီး တစ်ဦးရဲ့ အထီးကျန်မှုကို အဆုံး သတ်ဖို့ ကြိုးစားနေပုံ၊ စကား ပြောဖော် ရှာဖွေ နေပုံကို မြေးတစ်ယောက်ရဲ့ အတွေးစဉ်နဲ့ ရေးဖွဲ့ထားတဲ့ ၀တ္ထုတိုပါ။ မီမိုးဟာ လူ့သဘာဝ အဖွဲ့ကို ရေးဖွဲ့ရာမှာ နိုင်နင်းတဲ့ အပြင် ဘာမဟုတ်တဲ့ ကိစ္စ တစ်ခုကို ကြီးကျယ် ခမ်းနားလာအောင် ရေးဖွဲ့နိုင်စွမ်း ရှိပါတယ်။ ဒီ ၀တ္ထုဟာ ရှားပါးတဲ့ အကြောင်းအရာ ဖြစ်သလို သက်ကြီး ရွယ်အိုတွေရဲ့ စိတ်ခံစားမှုကို လျစ်လျူရှုတတ် ကြသူတွေကိုလည်း လိမ်လိမ်မာမာ သတိ ပေးထားတဲ့ ၀တ္ထု လေးပါ။ ဖတ်ကြည့်ပါဦး။
မင်္ဂလာရွှေမောင်း
ရွှေအမြုတေမဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၁

မိန်းကလေးတစ်ယောက်ဟာ Dress လေးတွေ ၀တ်ထားတဲ့အခါ ဘယ်လိုခံစားမှုမျိုး ခံစားရမယ်လို့ ထင်လဲ။ မေကဗျာကရော…။
မေကဗျာက ပိုဆိုးတယ်။ ပိုဆိုးတယ်ဆိုတာ အပြင်တွေ ဘာတွေ သွားတဲ့အခါ အမြဲတမ်း ဘောင်းဘီဝတ်တာ များတယ်။ Dress လေးတွေ ၀တ်တဲ့အခါ စိတ်ကလေးကအစ နေတာထိုင်တာ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေး ၀တ်ထားရင် စိတ်ကလေးက နူးညံ့နေတော့ လူရဲ့လှုပ်ရှားမှုကပါ အလိုလို ပြောင်းလဲသွားတယ်။

Shade ဂျာနယ် နှင့် သရုပ်ဆောင် မေကဗျာ အမေးအဖြေ
shadejournal.com စက်တင်ဘာ ၂၈

နိုဝင်ဘာ ၁၁ ရက်ကျရင် စင်ကာပူမှာ ရှိုးဆိုဖို့ရှိတယ်။ အငြိမ့်ကဖို့ကတော့ ကလို့မရဘူး။ ဆရာဝန်ကလည်း ပေးမကဘူးလေ။ စွမ်းတို့နှစ်ပါးခွင်လည်းပါမယ်။ အစ်မတို့က တခြားဖျော်ဖြေမှုတွေ ပါမယ်။ အပျိုတော်အကလည်း အဲဒီက တောင်းဆိုတယ်။ အစ်မကဒီမှာကားရိုက် ရက်တွေလည်း ဖျက်သွားရတယ်။ အဓိကကတော့ အဲဒီကပရိသတ်တွေကို တွေ့ချင်တဲ့အတွက်ပါ။ ကိုအောင်ပြည့်လျှံ စီစဉ်တဲ့ပွဲပါ။ သူအကူအညီ တောင်းတာဆိုတော့ သွားဖြစ်သွားတာပါ။ သီချင်းဆိုပေမယ့် အဆိုတော်အစစ်တော့ မဟုတ်ပါဘူး။ ပရိသတ်နဲ့တွေ့ ချင်တာ ပါ။ ငွေရေးကြေးရေးလည်း ဘာမှ မပြောပလောက်ပါဘူး။ ၄ ရက်လောက်တော့ ကြာ မယ်”လို့ ပြောပါတယ်။

မို့မို့မြင့်အောင်
ပေါ်ပြူလာဂျာနယ် စက်တင်ဘာ ၂၇

လမ်းပျော်ကလေးများကို ယာယီစောင့်ရှောက်ထားသည့် ဂေဟာ၌ နေ့စဉ် ညအိပ်သူနှင့် ခေတ္တနေထိုင်သည့် ကလေးဦးရေသည် လစဉ် တစ်ရာ နီးပါးခန့် ရှိကြောင်း (world vision ထံမှ သိရသည်)

(photo: world vision)
Bi Weekly Eleven ဂျာနယ် စက်တင်ဘာ ၂၊ ၂၀၁၁


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts