>Invitation to Essay Competition at SF Literary Talk

>ဆန်ဖရန်ဘေးဧရိယာ စာပေဟောပြောပွဲက အက်ဆေးပြိုင်ပွဲ ဖိတ်ခေါ်လျက်ရှိ

မိုးမခရွာဆော်ကြီး၊ စက်တင်ဘာ ၃၀၊ ၂၀၁၁
လာမယ့် အောက်တိုဘာ ၈ ရက်နေ့မှာ ဆန်ဖရန်ဘေးဧရိယာ၊ဖရီးမောင့်မြို့၊ ကျင်းပနေကျ Los Cerritos community center မှာ စာပေဟောပြောပွဲ ကျင်းပမှာ ဖြစ်ကြောင်း ပရိသတ်ကို ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ ဒီနှစ်ထူးခြားတာက ဘေးဧရိယာနဲ့ ရပ်နီး၊ ရပ်ဝေးက စာပေ၀ါသနာရှင်တို့ရဲ့ အက်ဆေးများ၊စာစီစာကုံးများကို ဖိတ်ခေါ်ထားပြီး ပွဲစီစဉ်သူများနဲ့ စာရေးဆရာကြီးများက ရွေးချယ်ဆုချီးမြှင့်မယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
အက်ဆေး ပထမဆုကိုဒေါ်လာ ၁၅၀၊ ဒုတိယဆု ၇၀၊ တတိယကို ဒေါ်လာ ၄၀ အသီးသီး ရရှိမယ်လို့ သိရပါတယ်။ မြန်မာလူ့အဖွဲ့အစည်းအကျိုးပြုရေးကို ရည်ရွယ်တဲ့ ဆောင်းပါးတွေကို ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းပြည်ပက စာပေ၀ါသနာရှင်တွေ အားလုံးကို ဖိတ်ခေါ်ထားတာကြောင့် အခု အောက်တိုဘာ ၄ ရက်မတိုင်ခင်မှာ အီးမေး 2011literarytalk-competitions@gmail.com ကိုအရောက်ပို့ပေးကြပါလို့ နှိုးဆော်လိုက်ပါတယ်။မိုးမခက စာပေချစ်သူပရိသတ်ကလည်း ၀င်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း ထပ်ဆင့် ဖိတ်မံလိုက်ပါတယ်။
စာပေဟောပြောပွဲ အစီအစဉ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
” …ကျနော်တို့ဆန်ဖရန်စစ္စကိုဗေးဧရိယာစာပေဝသနာရှင်များအနေနဲ့တော့ တမူထူးခြားစွာ လူငယ်များအတွက် မြန်မာကဗျာရွတ်ဆိုပြိုင်ပွဲနဲ့အသက်အရွယ်မျိုးစုံအတွက်ဆောင်းပါးပြိုင်ပွဲကို ထည့်သွင်းထားပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်သောမိမိတို့ နှစ်သက်ရာ စာစီစာကုံး/ ဆောင်းပါးများကို ရေးသားပေးပို့ ရန်အထူးမေတ္တာရပ်ခံ ဖိတ်ကြားအပ်ပါသည်။
ဆောင်းပါးများကိုကွန်ပျူတာဖြင့်ရေးပါလျှင် နှစ်မျကနှာခွဲ(fontsize12)သို့မဟုတ် လက်ရေးဖြင့်ရေးပါက လေးမျက်နှာခန့်ရေးသားကြရပါမည်။
ပထမဆုကိုဆုငွေဒေါ်လာ ၁၅၀၊ ဒုတိယဆုကိုဆုငွေဒေါ်လာ ၇၀၊ တတိယဆုကို ဆုငွေဒေါ်လာ၄၀ အသီးသီး ချီုးမြင့်သွားမည်ဖြစ်ပါသည်။
မိမိတို့၏စာစီစာကုံး / ဆောင်းပါးများကို scanner ဖြင့်scan  2011literarytalk-competitions@gmail.comသို့၁၀ လပိုင်း ရက်နေ့နောက်ဆုံးထား၍ပေးပို့ ကြပါရန် မေတ္တာရပ်ခံပါသည်။
စာစီစာကုံး/ဆောင်းပါးများကိုမိမိတို့နှစ်သက်ရာကလောင်အမည်ဖြင့် ပေးပို့နိုင်ပါသည်။ ပထမ ၊  ဒုတိယ၊တတိယရရှိသောစာစီစာကုံး/ဆောင်းပါးများကို စာပေဟောပြောပွဲတွင် ဖတ်ကြားပေးသွားပါမည်။
အချိန်|6:00 pm -10 pm
နေရာ|Los CerritosCommunity Center – Fremont. 3377 Alder Ave.
Fremont, CA 94536
နေ့ ရက်|October 8,2011 (Saturday)  
ဆက်သွယ်ရန်– 510 5745442, 510 420 7779 , 415 420 1504 …”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts