>Kamar Pale – Words Poem

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

တကယ်ပြောတဲ့စကား ….
ကမာပုလဲ။ စက်တင်ဘာ ၃၀၊ ၂၀၁၁

ဆိုခဲတဲ့ စကားနဲ့
လွမ်းရတဲ့ရင်ခုန်သံစစ်စစ်ပါ …
ဒါပေမဲ့လူကြိုက်မများဘူး
ဈေးကွက် မ၀င်ဘူး
ခုခေတ်မှာသုံးစားမရပါဘူး ….။
ဘာဖြစ်လဲ
ဒီနေ့ကျနော်စိမ်ခေါ်ခဲ့တယ်
လူတွေကိုမျက်နှာချင်းဆိုင် စကားပြောမယ်လို့
ဒေါသမဖြစ်ကြေး
မပေါက်ကွဲကြေး
ထွက်မပြေးကြေး
ကျနော့်ကိုလည်းအရှိအတိုင်းပြော
ကျနော်ကလည်းအကြေးလှန်မှာနော် …။
မေမေရယ်
လေယာဉ်ပျံကြီး စီးပြီး
မေမေရှိရာ
ကျနော်ပြန်ချင်လိုက်တာ
ဒါပေမဲ့
လူတွေ …
မိုးတိမ်တွေ …
လမ်းတွေ …
အဖြစ်အပျက်တွေ …
အားလုံးက အတုတွေ …။
ညက ကြွေကျသွားတဲ့ကြယ်တစင်း
ကျနော့် … ဘ၀ရဲ့ …ဗျာဒိတ်ကျမ်းကို
မျက်ရည်တွေနဲ့ရေးခဲ့တယ် …။     ။

(Illustration – kevinschroeder.com)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts