>Dagon Taryar asks for Peace and Irrawaddy

>

ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ ၃ ထုတ်ပြန်
တာရာဝေယံ၊ စက်တင်ဘာ ၂၈၊ ၂၀၁၁
          “ထလော့မြစ်မင်းဧရာ” အစချီထားတဲ့ ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာရဲ့ငြိမ်းချမ်းရေးပန်ကြားလွှာ ၃ ကို မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ကြောင်းကြားသိရပါတယ်။
          ထိုပန်ကြားလွှာတွင်ဧရာဝတီမြစ်ကြီးသည် လူတို့၏ ပယောဂများကြောင့် အမျိုးမျိုးပျက်စီးနေရာမှမြစ်ဆုံရေကာတာတည်ဆောက်ရေးလုပ်ငန်း၏ အန္တရာယ်ကို ပညာရှင်များ၊ ပြည်သူများကကန့်ကွက်နေသည်ကို ကြားရသောအခါ ထိုကိစ္စသည် မြန်မာ့အလှ၊ မြန်မာ့သဘာဝ၊ မြန်မာ့ဘ၀ကိုဖျက်ဆီးနိုင်သည်သာမက မြန်မာနှင့် အာရှဒေသငြိမ်းချမ်းရေးကိုပါထိခိုက်ပျက်စီးစေနိုင်သည်ဟု ယူဆသဖြင့် လေးနက်စွာ ကန့်ကွက်လိုက်ပါကြောင်း၊ဧရာဝတီမြစ်ဆုံရေတွေ စီးပါစေ၊ ကျည်ဆံတွေ မစီးပါစေနှင့် …” ဟု ဖော်ပြထားကြောင်းဖတ်ရှုရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts