>Burmese Activists marked 4th year anniversary of Saffron

>

ရွှေဝါရောင်တော်လှန်ရေး၎ နှစ်ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲနဲ့ လှုပ်ရှားမှုများ
တာရာဝေယံ၊စက်တင်ဘာ ၂၇၊ ၂၀၁၁
ယမန်နေ့ စက်တင်ဘာ၂၆ မနက်ပိုင်းက ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် ကုသိုလ်ပြုအလှူဒါနများနဲ့ဆုတောင်းပွဲကို နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်၊ မိခင်ဧရာဝတီကိုကာကွယ်စောင့်ရှောက်ကြသူများ ကွယ်ယက်နဲ့ ဒီမိုကရေစီရေး ဆောင်ရွက်နေကြသူများက ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
  ဖြူဖြူသင်းနဲ့ နော်အုံးလှ ဆွမ်းကပ်နေစဉ် ၊ နိုင်ငံရေးအကျဉ်းသားမိသားစုများ
 နံနက် ၈ နာရီက စပြီးရန်ကုန်မြို့၊ တောင်ဥက္ကလာပ၊ ခြောက်ဝိုင်းပစ္စိမာရုံကျောင်းတိုက်မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားကိုဦးတင်ဦး၊ ဦ၀င်းတင်၊ အစရှိတဲ့ အင်န်အယ်ဒီခေါင်းဆောင်များ၊ စာပေပညာရှင်များနဲ့ နိုင်ငံရေးအင်အားစုအသီးသီးကပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။ အဲသည်အခမ်းအနားမှာ ကလေးများအတွက် စာရေးကိရိယာများလှူဒါန်းခဲ့ပြီး ဆရာတော် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်ခဲ့ပါတယ်။





   မြောက်ဒဂုံမှာ ရှိတဲ့မကွေးပရိယတ္တိစာသင်တိုက်


မြောက်ဒဂုံမှာ ရှိတဲ့မကွေးပရိယတ္တိစာသင်တိုက်မှာ ရွှေဝါရောင်တော်လှန်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် အသက်ပေးလှူခဲ့တဲ့ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ပြည်သူပြည်သားများအားလုံးအတွက် ဒီမိုကရေစီရေးဆောင်ရွက်သူများကကုသိုလ်ပြု ရေစက်ချ အမျှဝေခဲ့ကြပါတယ်။
အခမ်းအနားတက်ရောက်သူများကကား ၃ စီးနဲ့ ဆူးလေးဘုရားကို ဆုတောင်းပွဲသွားရောက်ရာမှာ ကမ္ဘာအေးလမ်းမ၊ န၀ဒေးရုပ်ရှင်ရုံအနီးမှာလုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ တားဆီးခြင်းကို ခံခဲ့ရပါတယ်။
 လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်ရွာအေးချမ်းမှုကို ဖျက်ဆီး လှုံဆော်မှုများ ပြုနေစဉ်
 “လုံခြုံရေးတပ်ဖွဲ့ဝင်တွေကကျမတို့ကားတွေကို ရှေ့ဆက်မသွားနိုင်အောင် ခြိမ်းခြောက်ပြီး အ၀ါရောင်အကျီဝတ်ထားတဲ့ ကျမတို့အားလုံးကိုကားပေါ်က ဆင်းပြီး လူစုခွဲခိုင်းပါတယ်။ ကားမရှိရင် ခြေလျင်လျှောက်မယ် ဆိုတော့လည်း မသွားရဘူး။၄၅ မိနစ်လောက် ညှိကြည့်တယ်။ မရတော့ အဲဒီနေရာမှာပဲ ရွှေဝါရောင်တော်လှန်ရေးနဲ့ ဒီမိုကရေစီရေးမှာကျဆုံးခဲ့သူ အသီးသီးအတွက် ဆုတောင်းအမျှဝေခဲ့ရတယ်။ ၂ ယောက်တတွဲပြန်မှ ခွင့်ပြုမယ် ဆိုပြီးကျမတို့ လူစုခွဲခံခဲ့ရလို့ ဆူးလေးဘုရားကို မသွားလိုက်ရဘူး” ဟု ချီတက်ရာတွင် လိုက်ပါသူနိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်နော်အုံးလှက ပြောပါတယ်။

 ဆူးလေးဘုရား ဆုတောင်းပွဲသို့ လုံခြုံရေးတပ်ဖွဲ့များ လာရောက် နှောက်ယှက်နေစဉ်

နေ့လည် ၁ နာရီလောက်ကစပြီး ဆူးလေးဘုရားပေါ်မှာ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်လုပ်ငန်းနဲ့မိခင်ဧရာဝတီကို ကာကွယ်စောင့်ရှောက်ကြသူများ ကွန်ယက်က လူငယ်များက အ၀ါရောက်တီရှပ်မှာ”နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်” ၊ “အာဏာရှင်အဆက်ဆက်ကိုတော်လှန်ခဲ့တဲ့ ဧရာဝတီနိုင်ငံသားတို့ နိုးထလော့” စတဲ့ စာသား ရိုက်နှိပ်ထားကာ ဆုတောင်းပွဲအတွက်ဆူးလေးဘုရား ကြာသာပတေးဒေါင့်မှာ အင်အား ၅၀ ခန့်က နေရာယူ စောင့်ဆိုင်းနေခဲ့ကြပါတယ်။



 တောင်ဥက္ကလာပ၊ လှိုင်သာယာ၊ရွှေပြည်သာ၊ ဒလ အစရှိတဲ့မြို့နယ်များက ချီတက်လာသူများဟာ အာဏာပိုင်များရဲ့ အတားအဆီးပေါင်းများစွကို ကျော်လွှားပြီး နေ့လည် ၃ နာရီမှာ ဆူးလေဘုရားမှာ အင်အား ၁၅၀ ခန့် စုစည်းမိကာဝတ်ပြုဆုတောင်းပွဲကို ကျင်းပခဲ့ကြပါတယ်။




 

 “ကျမတို့က အေးချမ်းစွာဆုတောင်းဝတ်ပြုကြတယ် ဆိုတာ ဒီမိုကရေစိအခွင့်အရေးတွေအရ ဆောင်ရွက်တာပါ။ ဒါကို လက်နက်အားကိုးနဲ့တားဆီးပိတ်ပင်ခြိန်းချောက်တယ်။ လူစုခွဲခိုင်းတယ်။ ဒါဟာ ဒီနေ့ အုပ်ချူပ်နေတဲ့ အစိုးရသစ်ရဲ့ဒီမိုကရေစီကျင့်သုံးပုံလား။ ဒီလိုငြိမ်းချမ်းစွာ ဆုတောင်းတာမျိုးကိုတောင်မှ မလိုလားနိုင်ဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိအစိုးရ သမ္မတကြီးနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ အခြေအနေတွေကရလာဒ်ကောင်းတွေ ရလာလိမ့်မယ်လို့ ကျမတို့က ဘယ်လိုမျှော်လင့်ရမှာလဲ” ဟု ဆုတောင်းပွဲတက်ရောက်သူနိုင်ငံရေးအကျဉ်းသားမိသားစုဝင် အမျိုးသမီးတဦးက ပြောဆိုလိုက်ပါတယ်။
ဆုတောင်းပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ဗကသ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဟန်ဝင်းအောင်က ပြောကြားရာမှာ …
“ယခုလို ကျနော်တို့ပြည်သူတွေအားလုံးစုပေါင်းပြီး ပြုရတဲ့ ကုသိုလ်၊ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်မှာ ကျဆုံးခဲ့သူ ရဟန်းရှင်လူအာဇာနည်အပေါင်းကို ရည်စူးပြီး ပြုလုပ်ရတဲ့ ကုသိုလ်တွေကို တိုင်တည်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ပါစေ၊ နယ်စပ်ဒေသအသီးသီးမှာ ပြည်တွင်းစစ်ဒဏ်ခံစားနေရတဲ့ တိုင်းရင်းသူလူမျိုးတွေ ဘေးအန္တရာယ်တွေက ကင်းလွတ်ပါစေ။ ပြည်တွင်းငြိမ်းချမ်းရေးရပါစေ။ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကိုလည်း ပြည်သူ့ဆန္ဒနဲ့ အညီ ဆောင်ရွက်နိုင်ရပါစေ။မိခင် ဧရာဝတီ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ပါစေ လို့ ဆုတောင်ပါတယ်။ တိုင်တည်ပါတယ်။”လို့ ပြောကြားလိုက်ပါတယ်။





 ဆုတောင်းဝတ်ပြုပွဲကိုဆူးလေးဘုရား လက်ယာရစ် ၁ ပတ်ပတ် ကျင်းပကာ အေးချမ်းစွာ လူစုခွဲခဲ့ကြောင်း သိရပါတယ်။
ယမန်နေ့ညဖက်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆုတောင်းပွဲတက်ရောက်သူတွေရဲ့ နေအိမ်တွေကို ၀င်ရောက် စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းတွေ ပြုလုပ်နေတယ်လို့ သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts