>Suu with Q & A

>

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်
၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၂၃ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်



မမွှေးသူဇာကျော်ထွန်း (အမေရိကန်နိုင်ငံ)
မေးခွန်း ။ ။ ဟုတ်ကဲ့ ကျမ အမေရိကား မင်နီဇိုးတားမှာနေတဲ့ မမွှေးပါ။ အန်တီစုကို နည်းနည်းမေးချင်လို့ပါ။ ဘောလုံးပွဲ ဟိုတလောက သွားပြီးတော့ကြည့်ရှုတာဟာ အဲဒီအားကစားပွဲကို နှစ်သက်လို့ပါလား။ ဒါမှမဟုတ်ရင် တခြားရည်ရွယ်ချက်များ၊ တစ်ခုခုများရှိပါသလားလို့ သိချင်လို့ပါ။ အန်တီ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ၊ ထောင်ထဲမှာရှိနေသော ကျောင်းသူကျောင်းသားများအားလုံး ကျန်းမာပါစေလို့ အမြဲတမ်းဆုတောင်းပေးပါတယ်။

  • အဖြေ။ ။အန်တီက ဘောလုံးပွဲဝါသနာပါတယ်ဆိုတာထက် မြန်မာနိုင်ငံ အားကစားအခြေအနေ၊ အထူးသဖြင့် လူငယ်အားကစားသမား တွေရဲ့အခြေအနေကိုသိချင်တဲ့ အဓိကရည်ရွယ်ချက်နဲ့ ဘောလုံးပွဲ သွားကြည့်တာဖြစ်ပါတယ်။
….. …..


ကိုမျိုးဝင်း (အမေရိကန်နိုင်ငံ)
မေးခွန်း ။ ။ မင်္ဂလာပါ အန်တီ။ ကျနော်နာမည်ကတော့ မျိုးဝင်းခေါ်ပါတယ်။ လောလောဆယ် ကယ်လီဖိုးနီးယားမှာနေပါတယ်။ သိချင်တာလေး မေးပါရစေ။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာဒေးရစ်မစ်ချယ်သွားရောက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ပေါ့။ အဲဒီခရီးစဉ်ဟာ အနာဂတ်ကာလမှာ အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရအကြား ဆက်ဆံရေးကို ဘယ်လိုဖြစ်လာနိုင် တယ်ထင်ပါသလဲခင်ဗျ။ အဲနောက်တစ်ခုကတော့ ဒီ NLD နဲ့ အမေရိကန်အစိုးရအကြား ဆက်ဆံရေးကိုရော ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်လာနိုင်မယ်ဆိုတာကို ကျနော်အနေနဲ့ သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

  • အဖြေ ။ ။ သံအမတ် ဒေးရစ်မစ်ချယ် အလည်လာရောက်ရုံနဲ့တော့ မြန်မာ – အမေရိကန်ဆက်ဆံရေြးေ ပာင်းသွားမယ်လို့တော့ မထင်ပါဘူး။ ဒါဟာ ပထမဦးဆုံးအကြိမ် လေ့လာရေးခရီးပဲဖြစ်ပါသေး တယ်။ နောက်ဆက်ပြီး မြန်မာနိုင်ငံမှာ ဘာတွေဖြစ်လာမလဲဆိုတာကို လေ့လာကြဦး မှာပါ။ NLD နဲ့ အမေရိကန် ပြည်ထောင်စုအကြားရှိနေတဲ့ ရင်းနှီးခင်မင်မှုကတော့ ခိုင်ခိုင်မာမာ ဆက်ရှိသွားမယ်လို့ ယုံကြည်ပါတယ်။
…. ….

နော်အိုးရှင် (အမေရိကန်နိုင်ငံ)
မေးခွန်း ။ ။ အန်တီစုရှင်။ သမီးကတော့ အမေရိကန်ပြည်ထောင်စု နယူးယောက်မှာနေတဲ့ နော်အိုးရှင် ဖြစ်ပါ တယ်။ မြန်မာပြည်ဟာ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမှာရောက်နေပြီလို့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ အန်တီပြောဆိုခဲ့တာကိုကြားရပါတယ်။ ဒီအတွက် သမီးတို့အရမ်းဝမ်းသာမိတယ်။ ဒီအပြောင်းအလဲတွေဟာ ဘယ်တော့လောက် ပီပီပြင်ပြင် ဖြစ်လာနိုင်မယ်လို့ ထင်ပါသလဲရှင်။ အန်တီစု ကျန်းမာပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင်။

  • အဖြေ ။ ။ အပြောင်းအလဲဖြစ်နိုင်တဲ့အခြေအနေတွေ ရောက်နေပြီဆိုတာ လမ်းစမြင်နေရပြီလို့ဆိုလို တာပါ။ ဆက်လျှောက်လှမ်းဖို့ကလည်း ရှိသေးတယ်လေ။ ဘယ်လိုပုံနဲ့ ဘယ်လောက်မြန်မြန် သွားမယ်ဆိုတာကို မြင်နိုင်လာမှပဲ ခရီးဘယ်လောက်ရှည်မယ်ဆိုတာ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ အမြန်ဆုံး ပြည်သူတွေရဲ့မျှော်လင့်ချက်တွေ ပြည့်နိုင်ဖို့တော့ ကြိုးစားပါမယ်။
….. …..

ဦးလှိုင်အေး (ဂျပန်နိုင်ငံ)
မေးခွန်း ။ ။ အမခင်ဗျာ။ အမနဲ့ ဒီဦးအောင်ကြည်နဲ့ တွေ့ဆုံမှုတွေကို ကျနော်တို့ တွေ့ခဲ့ရတယ်။ နောက်တစ်ခါ သမ္မတကြီးဦးသိန်စိန်နဲ့လည်း နေပြည်တော်မှာ အမနဲ့တွေ့တယ် ဆိုတာကျနော်တို့ ထပ်သိရပါတယ်။ အဲဒီလို အကောင်းဘက်ကိုသွားနေပြီလို့ ရှုမြင်ရတဲ့အတွက် ကျနော်တို့လည်း ဝမ်းသာရမလိုဖြစ်နေတဲ့ အချိန်မှာပဲ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ကို ထောင် ဒဏ် ၁၀-နှစ် အပြစ်တွေ ချမှတ်တဲ့အပေါ်တွေ့တဲ့အခါကျတော့ အဲဒီအပေါ် အမအနေနဲ့ ဘယ်လိုများ သုံးသပ်မိပါသလဲခင်ဗျ။ အဲဒါလေး ဖြေကြားပေးပါခင်ဗျာ။

  • အဖြေ ။ ။ တရားဥပဒေဆိုတာ တကယ်တော့ လူတွေကို ဒဏ်ပေးဖို့ထက် ကာကွယ်စောင့်ရှောက်ဖို့ဖြစ်ရ မှာပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး အမှန်တကယ်ခိုင်မာဖို့ လိုတယ် ဆိုပြီးတော့ အမေတို့ လုပ်နေကြတာ ဖြစ်ပါတယ်။ တိုးတက်တဲ့ ပြောင်းလဲမှုတွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေ တဲ့အချိန်မှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်အမှုလိုကိစ္စတွေ ပေါ်လာတာဟာ စိတ်မကောင်း စရာဖြစ်ပေ မယ့်၊ စိတ်ဓာတ်ကျစရာတော့ မဟုတ်ပါဘူး။ အများအတွက် အကောင်းဖြစ်စေမယ့်လမ်းကိုခင်းပြီး၊ ဆက်ကို တိုးပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။
…. ….

မအိရွှေစင် (ဗြိတိန်နိုင်ငံ)
မေးခွန်း ။ ။ အမေစု မင်္ဂလာပါ။ ကျမကတော့ မအိရွှေစင်ဖြစ်ပါတယ်။ လန်ဒန်မြို့မှာနေပါတယ်ရှင်။ ကျမမေးချင်တဲ့မေးခွန်းလေးကတော့ ဦးသိန်းစိန်အစိုးရဖွဲ့မယ့် ပြည်တွင်းငြိမ်းချမ်းရေးကော်မတီမှာ အမေ့ကို ပါဝင်သင့်တယ်ဆိုပြီးတော့ ပါလီမန်ထဲမှာ အဆိုပြုတင်သွင်းထား တယ်လို့ သိရပါတယ်ရှင်။ အဲဒီ ကော်မတီမှာ အမေပါဝင်ဖို့ အစီအစဉ်ရှိပါသလား။ ရှိတယ်ဆိုရင် ဘယ်လိုအနေအထားမျိုးနဲ့ ပါဝင်မလဲ ဆိုတာကို သိချင်ပါတယ်ရှင်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

  • အဖြေ ။ ။ကော်မရှင်မှာ အမေ့ကို ထည့်ဖို့ အဆိုတင်သွင်းထားတယ်လို့တော့ ကြားခဲ့ပါတယ်။ ဒီအဆိုအရ ဖြစ်မြောက်လာမယ်၊ မဖြစ် မြောက်လာဘူးဆိုတာကိုတော့ မသိသေးလို့ သမီးသိချင်တာကို ဖြေနိုင်မယ့်အခြေအနေမရှိသေးပါဘူး။ အဖြေပေါ်လာတော့လည်း သမီးတို့သိရမှာပေါ့။
(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts