>Irrawaddy Show visited with Suu

>

 

မြစ်တစင်းရဲ့ပုံရိပ်ဧရာဝတီပြပွဲကိုဒေါ်အောင်ဆန်းစုကြည် တက်ရောက်
တာရာဝေယံ၊စက်တင်ဘာ ၂၃၊ ၂၀၁၁
ယမန်နေ့ မနက်ခင်း ၉  နာရီခွဲက ရန်ကုန်မြို့၊ယောမင်းကြီးလမ်း၊ ဂယ်လာရီ ၆၅ ပြခန်းမှာ ဖွင့်လှစ်ခဲ့ မြစ်တစင်းရဲ့ပုံရိပ်ဧရာဝတီပြပွဲကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် အပါအ၀င်နိုင်ငရေး၊ အနုပညာအသိုင်းအ၀ိုင်းနဲ့ ဧရာဝတီချစ်သူများအများအပြားတက်ရောက်ခဲ့ကြပါတယ်။
တက်ရောက်လာကြသူများက ပြသထားတဲ့ဧရာဝတီပုံရိပ် ပန်းချီ၊ ဓာတ်ပုံ၊ ဂရပ်ဖစ်အတ်များကို ကြည့်ရှုကြပြီး ဧရာဝတီနဲ့ပတ်သက်တဲ့ မှတ်ချက်များကို မှတ်တမ်းစာရွက်များမှာ အမှတ်တရ ရေးသားကြပါတယ်။ပြပွဲဖွင့်ပွဲကို ကဗျာဆရာ မှိုင်း (ဆေး၂)နဲ့ မင်းထက်မောင်တို့ရဲ့ဧရာဝတီကဗျာများနဲ့ ဖွင့်လှစ်ခဲ့ပြီး ပြပွဲတာဝန် စီစဉ်သူ ကိုစိုးဝင်းငြိမ်းကအဖွင့်စကားပြောကြားကာ ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရ ပြောကြားခဲ့ပါတယ်။
 ရဲတိုက်၊ အော်ပီကျယ်၊ ကိုခါး
ချိုအောင်သန်း၊ မနု၊ မနှင်း
ဒေါ်စုနှင့် စိုးဝင်းငြိမ်း၊ ထွန်းဝင်းငြိမ်း
  

ဒေါ်စု၊ ဒေါ်သန်းသန်းနု၊ ဦးဝင်းတင်

“ကျမတို့ဟာ အခုလိုပြပွဲမျိုးမဟုတ်ဘဲနဲ့လည်း ရည်ရွယ်ချက်တူညီတဲ့လုပ်ငန်းတွေအပေါ်မှာ စုစုစည်းစည်းညီညီညွတ်ညွတ် ဆောင်ရွက်သွားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ အခြေအနေတခုကိုရရှိသွားမယ်လို့ ယုံကြည်ပါတယ်။”
ဒေါက်တာခင်မောင်ညို၊ ဦးအုန်း၊ ရဲတိုက်၊ မောင်မှိုင်း(ဆေး၂)၊ မင်းထက်မောင်

 အော်ပီကျယ်၊ စိုးသော်တာ
မောင်မိုးသူ
ပြပွဲရဲ့ ညနေ ၄ နာရီမှာကဗျာဆရာများက ဧရာဝတီကဗျာများ ရွတ်ဆိုခဲ့ကြပါတယ်။ ပြပွဲရက်ကို ယခင် ၂၂ ရက်မှ ၂၄ရက်အထိ ပြသရာမှာ ၂၅ အထို တိုးချဲ့ပြသမှာဖြစ်ကြောင်း သိရပါတယ်။ ပြပွဲရက် ညနေ ၄ နာရီအချိန်တိုင်းမှာ ကဗျာရွတ်ဆိုမှု အစီအစဉ်များ ဆောင်ရွက်သွားကြောင်းသတင်းရရှိပါတယ်။

 ဂျူး၊ ကျော်ရင်မြင့်၊ မင်းထက်မောင်၊ ကျော်ရင်မြင့်

 ကိုမြင့်ဇော်၊ ကျော်ရင်မြင့်၊ သင့်နော်၊ မေသင်္ကြန်ဟိန်

 ရဲနိုင်မိုး၊ ရဲတုက်၊ ဒေါ်စု၊ မင်းထက်မောင်၊ စိန်မျိုးုမြင့်

 အနဂ္ဂ၊ စိုးသော်တာ

 ရန်ကုန်အကယ်ဒမီကျောင်းသားများ၊ ဦးဝင်းတင်၊ ညီပုလေး

 ဦးသုဝေ၊ နေရီဗဆွေ၊ ဒေါ်စု၊ ဦးတင်ဦး

 ဦးဝင်းတင်၊ ရဲနိုင်မိုး၊ ရဲတိုက်၊ ဒေါ်စု၊ မင်းထက်မောင်

မင်းထက်မောင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts