>Irrawaddy Sorrow Press Release


>

  ဧရာဝတီကိုတော့မလွမ်းချင်ပါ စာအုပ်မိတ်ဆက်ပွဲ မြင်ကွင်း
တာရာဝေယံ၊မိုးမခ၊ စက်တင်ဘာ ၂၁၊ ၂၀၁၁
ဒီနေ့နေ့လယ် ၂ နာရီကညနေ ၅ နာရီ အထိ ရွှေဂုံတိုင်မှာ ရှိတဲ့ တော်ဝင်နှင်းဆီ – သီရိခန်းမဆောင်မှာ “ဧရာဝတီကိုတော့မလွမ်းချင်ပါ” စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ မိတ်ဆက်ပွဲကို ဧရာဝတီချစ်သူများ၊အနုပညာရှင်များ၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များနဲ့ စာနယ်ဇင်းမှ ပုဂ္ဂိုလ်များ ၃၀၀ခန့် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

 ဒေါက်တာခင်မောင်ညို၊ ကိုမြင့်ဇော်
 

 နိုင်သစ်နီ၊ ဦးဌေးမောင်

 ဦးအုန်း၊ ဦးထွန်းလွင်

အခမ်းအနားမှူးအဖြစ်မောင်လွင်မွန် (ကသာ)က ဆောင်ရွက်ခဲ့ပြီး တော်ဝင်နှင်းဆီ ဦးစိုးညွန့်၊ သစ်တောပညာရှင်ဦးအုန်း၊ ဒေါ်ဒေ၀ီသန့်စင်၊ စာရေးဆရာ ဦးဋ္ဌေးမောင်၊ ဆည်မြောင်းအင်ဂျင်နီယာ (အငြိမ်းစား)ဦးရွှေချို၊ ဦးထွန်းလွင် မိုးလေ၀သ၊ ကဗျာဆရာ မောင်စိမ်းနီ၊ နိုင်သစ်နီ၊ ဒေါက်တာခင်မောင်ညို၊ကိုတာ၊ သဘာဝပတ်ဝန်းကျင်လေ့လာသူ ကိုမြင့်ဇော်၊ ကာတွန်းအော်ပီကျယ် တို့က ဧရာဝတီမြစ်ရဲ့မြစ်ဆုံမှာ ဆည်ဆောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ပညာရှင်ရှုဒေါင့်က အသီးသီးတင်ပြခဲ့ကြကာကဗျာဆရာမောင်စိမ်းနီနဲ့ နိုင်သစ်နီတို့က ဆရာဒဂုန်တာရာရဲ့ ဧရာဝတီနဲ့ မြစ်တခုရဲ့ ရုပ်ကြွင်းကဗျာတို့ကိုရွတ်ဆိုခဲ့ကြပါတယ်။
 ဦးစိုးညွန့်၊ ဦးရွှေချို

 ကိုတာ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တက်လာတဲ့အစိုးရသစ်ရဲ့မြစ်ဆုံဆည်စီမံကိန်းကို ဆန့်ကျင်ဝေဖန်ကြတဲ့ ပြည်သူတွေရဲ့ အသံကို ထင်ဟပ်စေခဲ့ခဲ့တဲ့အခမ်းအနားဖြစ်ကြောင်း သတင်းရရှိပါတယ်။
          အသံဖိုင်တွေအဖြစ် 
ကို နားဆင်ပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts