>
AFP သတင်းဌာန
စက်တင်ဘာ ၂၁၊ ၂၀၁၁
အငြင်းပွားဖွယ်ဖြစ်နေသော တရုတ်ရေအားလျှပ်စစ်စီမံကိန်းကို ဆန့်ကျင် ဆန္ဒပြသူ အမျိုးသားတဦးကို အင်္ဂါနေ့တွင် ထိန်းသိမ်းလိုက်ကြောင်း အရာရှိတဦးက ပြောသည်။
“သူ့အသက်က ၄၆ နှစ်၊ နေ့လယ်ပိုင်းတုန်းက တရုတ်ယဉ်ကျေးမှုဌာနရုံးနားမှာ တကိုယ်တော် ဆန္ဒပြဖို့ လုပ်နေတုန်း ဖမ်းလိုက်တာပါ” ဟု အမည်မဖော်လိုသူ အစိုးရ အရာရှိတဦးက ပြောသည်။
ယဉ်ကျေးမှုဌာနသည် ရန်ကုန်မြို့ တရုတ် သံရုံး၏ အစိတ်အပိုင်းတခု ဖြစ်သည်။
ဆန္ဒပြသူက ကချင်ပြည်နယ်တွင် တည်ဆောက်နေသော မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ရန် တောင်းဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားသည်ဟု သိရသည်။ မြစ်ဆုံစီမံကိန်းမှ ရမည့် ရေအားလျှပ်စစ်ကို တရုတ်နိုင်ငံသို့ ပို့မည် ဖြစ်သည်။