>Facebook and Gmail

>


ဒါဖတ်ပြီးမှ Facebook နဲ့ Gmail သုံးပါ

စီထောင်း

စက်တင်ဘာ ၂၀၊ ၂၀၁၁

မေးရဖြေရတဲ့ Facebook
Facebook သုံးရတာ တခါတရံ အဆင်မပြေလှပါ။ မေးခွန်းတွေ အဖြေတွေ ဖြည့်ရပါတယ်။
ဖြစ်တတ်တာက password မှားနှိပ်မိတဲ့အခါမျိုးပေါ့။ မြို့ပြောင်း နိုင်ငံပြောင်းတဲ့အခါမျိုးမှာလည်း ကြုံရတတ်တယ်လို့ အတွေ့အကြုံရှိသူတို့က ဆိုပါတယ်။

ပုံမှာ မြင်ရတဲ့အတိုင်း သိပ် အခက်အခဲကြီး မဟုတ်ပေမယ့် ဖြည့်ရ စွက်ရ ကလစ်ရတာ အချိန်ကုန် လက်ဝင်ပါတယ်။

ဖြေရှင်းနည်း
၁။ ခိုင်းတဲ့အတိုင်း လုပ်လိုက်ပါ။ အချိန်တော့ ကုန်ပါမယ်။
၂။ လွယ်တဲ့နည်းကတော့ သူခိုင်းတဲ့အတိုင်း မလုပ်ဘဲ Home ဆိုတဲ့နေရာကို နှိပ်လိုက်ရုံပဲ။


ဖြည့်ရပြန်ပြီ Gmail မှာ
တခါတရံ Gmail က ဖုန်းနံပတ် တောင်းပါတယ်။ Facebook လိုပါပဲ၊ password မှားနှိပ်မိတဲ့အခါမျိုး။ ခရီးထွက်လို့ နေရာသစ် နိုင်ငံသစ်မှာ အီးမေး သုံးရတဲ့အခါမျိုးမှာ ဖုန်းနံပတ် တောင်းပါတယ်။
ပုံမှာ မြင်ရတဲ့အတိုင်းပေါ့။

ဖြေရှင်းနည်း
၁။ နံပတ်ရိုက်ထည့်၊ ကိုယ်ရောက်နေတဲ့နိုင်ငံ ရိုက်ထည့်။ Add phone ကို ကလစ်လိုက်ရင် နောက်တမျက်နှာ ပွင့်မယ်။ လက်ကိုင်ဖုန်းကို သူက စာပို့မယ်။ ကြိုးဖုန်းဆိုရင် နံပတ် လှမ်းပြောမယ်။
ရလာတဲ့ confirmation code ကို ရိုက်ထည့်လိုက်။
၂။ ၀က်ဆိုက်လိပ်စာ နေရာမှာ gmail.com ဆိုတာကို ရိုက်ပြီး Enter နှိပ်လိုက်ပါ။

blogspot.com မှာလည်း အလားတူ ပြဿနာ ကြုံရတတ်ပါတယ်။ ဖြေရှင်းနည်းက အတူတူပါပဲ။ ခုချိန်ထိတော့ အဲဒီလို ရှင်းလို့ ရနေပါသေးတယ်။
မေးလာတာတွေ ဖြေဖို့ ကိုယ့်မှာ အချိန်မရှိ၊ အချိန်ရှိလည်း စိတ်မရှည်တော့ ဒီလိုပဲ ရှင်းနေမိပါတယ်။

ဘာကြောင့် အရှင်းထဲမှာ ရှုပ်အောင် လုပ်ရတာလဲ
Facebook နဲ့ Gmail တို့က သုံးစွဲသူတွေ အကျိုးအတွက် ဒီလို လုံခြုံရေး တင်းကျပ်ထားတာပါ။ တပါးသူက ကိုယ့်အကောင့်ထဲ ထိုးဖောက် ၀င်ရောက်မှုတွေ ဖြစ်လွန်းလို့ တင်းကျပ်ထားတာပါ။
အပျော်ကြံတဲ့သူ ရှိသလို ရည်ရွယ်ချက်ကြီးကြီးနဲ့ ခိုးဝင်သူတွေရှိတာမို့ တင်းကျပ်ရတာပေါ့။

င့ါရဲ့ password က ဘာကြောင့် သူ ရသွားပါလိမ့်၊ ကိုယ့်အကောင့်ထဲ အပြင်လူတွေ ရန်သူတွေ ဘယ်လိုဝင်ကြည့်လို့ ရသွားတာပါလိမ့် ဆိုတာလည်း အံ့သြစရာပေါ့။

password တခု ရဖို့ဆိုတာ မလွယ်ဘူး ဆိုပေမယ့် တခါတရံတော့ အင်မတန် လွယ်ကူပါတယ်။ password ခိုးနည်းတခုနှစ်ခု သိသမျှကို နောက်မှ ပြောပြပါအုံးမယ်။

Facebook သတင်းဆိုး
ပါကစ္စတန်နိုင်ငံမှာ Facebook ကို ဘန်းဖို့ မနေ့က အစိုးရကို ခိုင်းလိုက်ပါပြီ တဲ့။ လောလောဆယ် သိရသမျှကတော့ လာဟိုးမြို့ တရားရုံးချုပ်က အမိန့်ချလိုက်တာဖြစ်တယ်၊ ဘာသာရေးဆိုင်ရာ စော်ကားမော်ကားပြုမှုများ ပျံ့နှံ့စေတဲ့အတွက် Facebook နဲ့ အင်တာနက် စာမျက်နှာ အများအပြားကို ဘန်းလိုက်ဖို့ တရားရုံးက အမိန့်ချတာပါ တဲ့။

Facebook သတင်းကောင်း
ထိုင်ရာမထ Facebook သုံးနေကြသလား။ ပိုပြီးတော့ ထိုင်ရာမထ သုံးအောင်လို့ Facebook ဆရာများက စီစဉ်နေပြီလို့ CNN ရုပ်သံသတင်းတပုဒ်က ဆိုပါတယ်။ Facebook စာမျက်နှာမှာ ပုံစံအပြောင်းအလဲလေးတွေ ရှိလာမယ်။ သုံးသူကို စွဲသွားအောင် ဆွဲဆောင်ဖို့ ဆိုပဲ။ အဲဒါ လာမယ့် ကြာသပတေးနေ့မှာ ဖြစ်မယ်လို့ ဆိုတယ်။ ကဲ – ဘာတွေ ဖြစ်လာမယ် ဆိုတာကို ကွန်ပျူတာရှေ့ကနေ ထိုင်ရာမထ စောင့်ကြည့်လိုက်ကြရအောင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts