>News & Media

>

ဧရာဝတီကို မလွမ်းချင်ပါ ဆောင်းပါးများနှင့် ရသစာစုများစာအုပ်ထုတ်ဝေ
ရန်ကုန်၊ စက်တင်ဘာ ၁၅၊ ၂၀၁၁
မိုးယံမခ


စီစဉ်သူ ဒေ၀ီသန့်ဇင်ရဲ့ စိမ်းရောင်စိုစာပေ၊ အမှတ် ၁၅၉ (က) ရွှေတိဂုံဘုရားလမ်း၊ ဘုရားကြီးရပ်ကွက်၊ ဒဂုံစာပေတိုက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်၊ ဖုန်း ၀၁-၃၇၄၇၁၄၊ မှ စာအုပ်အမှတ် (၅) အဖြစ်ထုတ်ဝေတဲ့ ဧရာဝတီကို မလွမ်းချင်ပါ ဆောင်းပါးများနဲ့ ရသစာစုများစာအုပ်ကို ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်အသီးသီးမှာ ယခုရက်ပိုင်းအတွင်း ဖြန့်ဝေရောင်းချခဲ့ကြောင်း သတင်းရရှိပါတယ်။ အဲဒီစာအုပ်ကို အမှာစာရေးပေးသူက ဦးအုန်း၊ ညွှန်ကြားရေးမှူး (သစ်တော – ငြိမ်း) ဒုတိယဥက္ကဌ၊ ဖရီးဒါအသင်း၊ ကမ္ဘာမြေချစ်သူ၊ ဇွန်လ ၂၀၁၁၊ တင်ပြပေးထားတဲ့အချက်တွေထဲမှာ ….
“ကနေ့ ရေ၀အောင်ပေးနေတဲ့ မြစ်ကြီးဧရာဝတီကို မနက်ဖြန် မခန်းခြောက်ရအောင် ပြည်သူအများ ၀ိုင်းဝန်းကယ်တင်ကြပါစိုး” လို့ လှုံ့ဆော်တိုက်တွန်းရေးသားထားတာကို တွေ့ရပါတယ်။ ဒီစာအုပ်မှာ ဧရာဝတီဖြစ်ကြီးကို ချစ်တဲ့စိတ်နဲ့ ထိန်းသိမ်းဖို့လိုအပ်တာတွေ၊ မြစ်ဆုံမှာ ဆည်ဆောက်လို့ ဧရာဝတီတိမ်ကောပျောက်ကွယ်သွားမှာတွေကို ပညရှင်အသီးသီးရဲ့ ရှုဒေါင့်အမျိုးမျိုးက တင်ပြထားတာတွေ့ရမှာဖြစ်ပါတယ်။ စာအုပ်တန်ဖိုးကို ၅၀၀၀ ကျပ်အဖြစ်သတ်မှတ်ထားပါတယ်။ စာအုပ်ကိုစိတ်ဝင်တစား ၀ယ်ယူအားပေးကြသူများပြားတယ်လို့ သိရပါတယ်။

စာအုပ်မှာပါဝင်ရေးသားကြတဲ့ဆရာတွေကတော့ …
ဦးအုန်း (သစ်တော)၊ လူထုစိန်ဝင်း၊ မင်းခေါင်ဦး၊ ၀င်းလတ်၊ အောင်မျိုး၊ ဇော်ဂျီ၊ အံ့မောင်၊ နေသိုက်၊ မောင်သွေးသစ်၊ မောင်အောင်ပွင့်၊ ရွှေဥဒေါင်း၊ တိုက်စိုး၊ မောင်ဝဏ္ဏ၊ ညီပုလေး၊ ဆူးငှက်၊ ချစ်စံဝင်း၊ လေးမြင့်၊ ထင်အောင်ကျော်၊ မမြစိမ်း၊ မှူးသမိန်၊ ဇူးဇူးမွန်၊ မောင်ကိုကို (အမရပူရ)၊ နေ၀င်းမြင့်၊ ရွှေဉာဏ်ဇော်၊ ငြိမ်းချမ်းစိမ်းလန်း၊ ကြယ်စင်မြစ်၊ ဇော်ဝင်းနိုင်၊ မောင်သာချို၊ အောင်စည်ဟိန်း၊ ဇော်ဌေးလွင်၊ မောင်စန်းအေး (သဲကုန်း)၊ ကေအမ်၊ နောင်ကျောင်၊ မြို့မငြိမ်း၊ မြင့်မိုးအောင်၊ လေးဖြူ၊ ထူးအိမ်သင်၊ ခင်ဝမ်း၊ ဇော်ဝင်းထွဋ်၊ ကော်ဝါးမှူး၊ ကောလ၊ ပါရဂူ၊ ငြိမ်းငြိမ်းနိုင်၊ ဒေါက်တာ ခင်နီနီသိန်း၊ ဦးကျော်စိုး၊ ဒေါ်နေရီ၊ ၀င်းထွဋ်ဇော်၊ အယ်ဒီတာတဦးနဲ့ ဧရာဝတီ ဓာတ်ပုံများကို စိုးဝင်းငြိမ်း၊ ထွန်းဝင်းငြိမ်း၊ ငြိမ်းချမ်းစိမ်းလန်း၊ သန်းဖေတို့က ရိုက်ကူးဖော်ပြခဲ့ကြောင်း သတင်းရရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts