>News & Media

>

သခင်အုန်းမြင့် ကွယ်လွန်းခြင်း (၁) နှစ်ပြည့်ကျင်းပမည်
ရန်ကုန်၊ စက်တင်ဘာ ၁၅၊ ၂၀၁၁
တာရာဝေယံ


တိုးတက်ရေး သတင်းစာနဲ့ ကျော်လင်းစာပေကို ထုတ်ဝေတည်ထောင်ခဲ့သူ သခင်အုန်းမြင့် (၁၉၈၀- ၂၀၁၀) ကို ရည်စူးပြီး ကျန်ရစ်သူမိသားစုများက ကွယ်လွန်ခြင်း တနှစ်ပြည့် နှစ်လည်ဆွမ်းကျွေးအလှူဒါနကို ပြုလုပ်မှာဖြစ်ပါတယ်။

ဆွမ်းကျွေးကို ၂၀၁၀ ခုနှစ် စက်တင်ဘာ ၁၇ ရက် စနေနေ့ နံနက် (၉) နာရီမှ (၁၂) နာရီထိ ရန်ကုန်မြိုက သုခ၀တီလမ်း အမှတ် ၃(ဘီ) နေအိမ်မှာ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

သခင်အုန်းမြင့်ဟာ တို့ဗမာအစည်းအရုံးဝင်တဦးဖြစ်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနဲ့ အမျိုးသားဒီမိုကရေစီတော်လှန်ရေးတွေမှာ ရှေ့တန်းက ပါဝင်ခဲ့သူဖြစ်ပါတယ်။


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ ဒဂုန်တာရာ အစရှိတဲ့ ပုဂ္ဂိုလ်များနဲ့ ခင်မင်ရင်းနှီးသူဖြစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်နဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ကို တတ်နိုင်သမျှ ကူညီခဲ့သူဖြစ်ပါတယ်။

သခင်အုန်းမြင့်ဟာ ၁၉၅၈ ခုနှစ်မှာ နိုင်ငံရေးအရ ထိန်းသိမ်းခံခဲံရပြီး ကိုကိုးကျွန်း အပို့ခံခဲ့ရပါတယ်။ ၁၉၈၉ တွင် ထောင်ဒဏ် (၅) နှဏ် ကျခံခဲ့ရပြီး၊ ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာကျောင်းသားအရေးတော်ပုံမှာ (၃) ပတ်ခန့် အောင်သပြေစစ်ကြောရေးစခန်းမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်၊ ဇန်န၀ါရီလမှာ တကသ၊ ဗကသ ကျောင်းသားသမိုင်းပြုစုရာမှာ ကူညီခဲ့တဲ့အတွက် ထောင်ဒဏ် (၇) နှဏ်ကျခံခဲံရပါတယ်။ အန်အယ်ဒီပါတီရဲ့ လူမှုအထောက်အကူအဖွဲ့မှာ ကွယ်လွန်ချိန်အထိ ဒုဥက္ကဌတာဝန်ထမ်းရွက်ကာ နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးကိစ္စများကို တက်ကြွစွာဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts