ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

ပေးဆပ်သူတို့ ဂုဏ်ပြုပွဲ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မေ ၇၊ ၂၀၁၃

 

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခခန်းမကြီးတွင် ၂၈.၄.၂ဝ၁၃ ရက်နေ့ ညနေ (၆းဝဝ) နာရီအချိန်၌ မဟာသင်္ကြန်ရက်များအတွင်း အများပြည်သူတို့အား “ပေးဆပ်သူများ” သံချပ်အဖွဲ့တွင်ပါဝင်၍ ကူညီပံ့ပိုးပေးခဲ့ကြသူ များအား ဂုဏ်ပြုပွဲနှင့် ဖျော်ဖြေပွဲအား ကျင်းပခဲ့သည်။ “ပေးဆပ်သူများ” သံချပ်အဖွဲ့သည် မဟာသင်္ကြန်ရက်များ အတွင်း ဖိတ်ကြားထားသည့် သင်္ကြန်မဏ္ဍပ်များ၊ မြို့နယ်၊ ရပ်ကွက်အသီးသီးများသို့တွင် အများပြည်သူတို့မှ ချီးမြှင့် ပေးအပ်သည့် ဆုကြေးငွေ သိန်းတစ်ရာလေးဆယ်ကျော်တို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြန်လည် လှူ ဒါန်းခဲ့ပြီး ယင်းငွေကြေးများဖြင့် ပြည်မြို့ လေဘေးဒုက္ခသည်များထံသို့ လှူဒါန်းနိုင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ဂုဏ်ပြုထိုက်သူအား ဂုဏ်ပြုခြင်း၊ ချီးမြှောက်ထိုက်သူအား ချီးမြှောက်ခြင်းဖြင့် ပေးဆပ်သူတို့အား ဂုဏ်ပြုပွဲစီစဉ် ကျင်းပပေးခဲ့ခြင်းဖြစ်သည်။

   

ထိုဂုဏ်ပြုပွဲ၌ သံချပ်စကားလုံးများ စီစဉ်ရေးသားပေးခဲ့သော ဦးမောင်မောင်လှ၊ သင်္ကြန်ရက်တွင်း အသင်း၏ ကိစ္စရပ်များအတွက် အသုံးပြုနိုင်ရန် Taxi ကူညီပံ့ပိုးပေးခဲ့သော ဦးပေါက်ကြီး၊ သံချပ်အဖွဲ့၏ ဖျော်ဖြေမှုခရီးစဉ် လိုက်ပါကူညီပေးခဲ့သော ဟာသသရုပ်ဆောင် ထက်ထက်၊ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် သုခကုသိုလ်ဖြစ် ဆေးခန်းမှ ဝန်ထမ်းများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)မှ ကိုညီညီအောင်၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)မှ ကိုသူရိန်ဝင်း၊ အသင်းသား/သူများနှင့် သံချပ်အဖွဲ့ဝင်များ၊ အကအဖွဲ့ဝင်များ၊ အထူးဧည့် အသင်းသား/ သူများဖြစ်ကြသည့် တေးရေး/တေးဆို ဆောင်းဦးလှိုင်၊ ပိုပို၊ နန်းခင်ဇေယျာ၊ သံချပ်လှည့်လည် ဖျော်ဖြေရေး မော်တော်ယာဉ်များ ကူညီပံ့ပိုးပေးခဲ့သော ရွှေစင်စကြ်ာယာဉ်လိုင်း ဦးလှမိုးနိုင်နှင့် မော်တော်ယာဉ်မှူးများ၊ ယာဉ် နောက်လိုက်များ၊ သံချပ်အဖွဲ့အား အဖက်ဖက်မှတက်ကြွစွာ တာဝန်ထမ်းဆောင်ပေးခဲ့ကြသော လုံခြုံရေးအဖွဲ့၊ ဆက် သွယ်ရေး၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ဒီဇိုင်းပြင်ဆင်ရေး အစရှိသည့် လုပ်အားပေးလူငယ်/ ရွယ်များတို့အား ဆု တံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် အသင်းသူ/သားများ၊ တေးသံရှင် ကိုဆောင်းဦးလှိုင်နှင့် ပိုပိုတို့မှ သီချင်းများသီဆို ဖျော်ဖြေခဲ့ကြပြီး ထူးခြားမှုတစ်ရပ်အဖြစ် ကိုဆောင်းဦးလှိုင်မှ Keyboard တီးခတ်ပေးခဲ့၍ ဦးကျော်သူနှင့် တွဲဖက်ကာ  “ငွေသော်တာရောင်ခြည်” သီချင်းအားသီဆိုခဲ့ကြသည်။ “ပေးဆပ်သူများ” သံချပ်အဖွဲ့၏ ဖျော်ဖြေမှုအား နားသောတဆင်ကာ အသင်းသား/သူများ၊ ဝန်ထမ်းများတို့ အားလုံး ဘူဖေးဖြင့် ညစာ ဧည့်ခံသုံးဆောင်ကြပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အောင်မြင်စွာအဆုံးသတ်ခဲ့သည်။

 

 

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “ပေးဆပ်သူများ” ပြည်သူ့အကျိုးပြု သံချပ်အဖွဲ့၏ ခြေလှမ်း တိုင်းသည် အများပြည်သူတို့အတွက်ဖြစ်သည်နှင့်အညီ နောင်နှစ်များတွင်လည်း အများပြည်သူတို့အတွက် ဗြဟ္မစိုရ် ခြေလှမ်းများဖြင့် ပေးဆပ်သွားဦးမည်ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts