>Buffalo Burmese demonstrate situation of political prisoners in Burma

>

ဘတ်ဖဲလိုးမှာနိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု ကျင်းပ
မောင်မောင်ဝမ်း၊ စက်တင်ဘာ ၁၁၊၂၀၁၁
စက်တင်ဘာ ၁၀၊ ၂၀၁၁ ညနေ ၄နာရီ အချိန်က အမေရိကန်ပြည်ထောင်စုနယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့မှာ..မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့်နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်း ရပ်တည်နေထိုင်မှု့များကို သရုပ်ဖော်ပြသသည့် အခမ်းအနားတရပ်ကျင်းပခဲ့ပါသည်။ဒေသဆိုင်ရာအာဏာပိုင်များနှင့် စိတ်ဝင်စားသူများ တက်ရောက်အားပေးကြည့်ရှုခဲ့ပြီး တက်ရောက်လာသူများကသိလိုသည့်မေးခွန်းများကိုေ မးမြန်းရာတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။
ယင်းသရုပ်ဖော် တင်ဆက်သည့် အခမ်းအနားတင်ဆက်ရခြင်း၏ ရည်ရွယ်ချက်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( လွတ်မြောက်နယ်မြေ၊ အမေရိကန်ဌာနခွဲ )၏ ဥက္ကဌ ဦးမျိုးသန့်ကရှင်းလင်းပြောကြားရာတွင် – မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ရှိကြောင်း၊၎င်းနိုင်ငံရေးအကျဉ်းသားများမှာ နေ့စဉ်နဲ့အမျှ ဒုက္ခဆိုးများနဲ့ ရင်ဆိုင်နေရကြောင်း၊ ၎င်းတို့လွှတ်မြောက်ရေးအတွက်အားလုံး ၀ိုင်းဝန်းကူညီကြရန်၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ အမှန်တကယ်ရှိကြောင်းကမ္ဘာက သိရှိရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts