>Kyaw Thu – Equal Share

>

ကျွတ်ပွဲလွတ်ပွဲ စတော့မည်
ကျော်သူ
စက်တင်ဘာ ၁၀၊ ၂၀၁၁
 
ဓမ္မမိတ်ဆွေအပေါင်းတို့ ခင်ဗျား . . .
ကမ္ဘာမြေပြင်သို့ ရောက်ရှိလာပြီးသည့်နောက် လူ့ဘဝမှ ပြန်လည်ထွက်ခွာသွားသူတို့အနက် မြင့်မြတ်သော ဘုံဋ္ဌာနသို့ ရောက်ရှိသွားသူတို့သည် ကိန်းဂဏန်းအားဖြင့် အလွန်နည်းပါးလှပါသည်။ ထို့ကြောင့် ဓမ္မမိတ်ဆွေတို့သည် ဘဝသံသရာဝယ် ကြိမ်ဖန်များစွာ ကျင်လည်ကျက်စားကာ ယခု လူ့ဘဝသို့ ရောက်ရှိလာချိန်တွင် လူ့ဘဝတခုထဲတွင်သာ ပြုလုပ်နိုင်သော ကုသိုလ်ကောင်းမှုဖြစ်သည့် “အကျွတ်အလွတ်” အမျှဝေပွဲကျင်းပရန် အချိန်ကျရောက်ပြီ ဖြစ်ပါသည်။

ဘဝအထွေထွေမှ တော်စပ်ခဲ့သော မကျွတ်မလွတ်သေးသော ဆွေတော်မျိုးတော်များ၊ မိတ်သင်္ဂဟ အပေါင်းတို့အား ကျွတ်ရန်လွတ်ရန်အတွက်၎င်း၊ ကြုံရာဘဝ ဖြစ်ရာဘဝ တော်စပ်ခဲ့ကြသော မိခင်ဖခင် ဆွေမျိုးသားချင်းတို့အား ကျွတ်ရန်လွတ်ရန်အတွက်၎င်း စိတ်ရည်သန်၍ ယခုအခါ ပဲခူးတိုင်း (အနောက်ခြမ်း)၊ ပြည်မြို့(သရေခေတ္တရာ)မှ နဝဒေးနယ်မြေ၊ ရွှေပေါက်ပင်တောရ ဆရာတော် ဘဒ္ဒန္တ သောမာစာရသည် သတ္တဝါအပေါင်း ကျွတ်ရန်လွတ်ရန်အတွက် ကျွတ်ပွဲလွတ်ပွဲ ကျင့်စဉ်များ ပေးဝေငှလျှက်ရှိပါသည်။ ယင်းကျွတ်ပွဲလွတ်ပွဲအား ၂၀၁၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက်၊ (၄.၁၀.၂၀၁၁) အင်္ဂါနေ့မှ စတင်ပြီး သီတင်းကျွတ်လပြည့်နေ့ (၁၂.၁၀.၂၀၁၁) အထိ ၉ ရက်တိုင်တိုင် ဆရာတော်ကြီး ချမှတ်ပေးသော ကျင့်စဉ်ကို ကျင့်ကြံအားထုတ်ရမည် ဖြစ်ပါသည်။

၉ ရက်တိတိ ကျင့်ကြံအားထုတ်ပြီးပါက ကျွတ်ပွဲလွတ်ပွဲအမျှဝေခြင်းကို ပြုလုပ်ရမည် ဖြစ်ပါသည်။ ထိုသို့ ကျင့်ကြံအားထုတ်ရာတွင် မိမိတို့၏ နေအိမ်ရှိဘုရားတွင် ကျင့်ကြံအားထုတ်ခြင်းကို ပြုလုပ်ရန် မသင့်ချေ။ (ချွင်းချက်အနေဖြင့် ပြည်ပရောက် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် မိမိတို့၏ စိတ်ဆန္ဒ အရ မည်သည့်စေတီ၊ မည်သည့်ဘုရားများတွင်မဆို ကျင့်ကြံအားထုတ်နိုင်ပါသည်။) ဆရာတော် ချမှတ်ပေးသော ကျင့်စဉ်အား ဆရာတော်ညွှန်ကြားသော မိမိတို့နေအိမ် ပတ်ဝန်းကျင်ရှိ စေတီတော်များတွင်သာ သွားရောက်၍ ကျင့်ကြံအားထုတ်ရမည် ဖြစ်ပါသည်။
ထို့ကြောင့် ကျွတ်ပွဲလွတ်ပွဲကျင့်စဉ်ကို ကျင့်ကြံအားထုတ်လိုသော ဓမ္မမိတ်ဆွေများအနေဖြင့် – မိမိတို့၏ အမည်နှင့် နေရပ်လိပ်စာတို့အား ရွှေပေါက်ပင် သာသနာပြုအဖွဲ့ ဖုန်းနံပါတ် (၀၅၃-၂၄၂၆၁) သို့၎င်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဖုန်းနံပါတ် (၀၉-၈၆၄၀၂၂၀) သို့၎င်း၊ အီးမေးလ်လိပ်စာ (kyawthu21159@gmail.com) သို့၎င်း ကြိုတင်အကြောင်းကြားထားနိုင်ပါသည်။ မိမိတို့မှတဆင့် ကျင့်ကြံအားထုတ်ရမည့် ကျင့်စဉ်နှင့် သွားရောက်ကျင့်ကြံရမည့် စေတီတို့အား ပြန်လည်၍ အချိန်မီ အကြောင်းကြားမည် ဖြစ်ပါကြောင်း . . . . ။

ကျင့်စဉ်များ ကျင့်ရာတွင် ထူးခြားမှုများ၊ မရှင်းလင်းသော အချက်များရှိပါက ပြည်မြို့ ရွှေပေါက်ပင် ဆရာတော်ထံ ဖုန်းနံပါတ် (၀၅၃ – ၂၄၂၆၁) ရွှေပေါက်ပင်သို့ ဆက်သွယ်လျှောက်ထား မေးမြန်းနိုင်ပါသည်။
(လူ့ဘဝရောက်တုန်းရောက်ခိုက် ကုသိုလ်ကောင်းမှုတခုကို အမိအရ ယူသွားစေလိုသော ဆန္ဒဖြင့်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts