>DKBA to merge with KNU likly

>

KNU လက်အောက်သို့ DKBA ပြန်လည် ပူးပေါင်းရန် အလားအလာရှိနေ
ဟံသာ၊စက်တင်ဘာ ၈၊ ၂၀၁၁
နယ်ခြားစောင့်တပ် အဖြစ်အသွင်ပြောင်းရန်အစီအစဉ်ကို လက်မခံဘဲ   မြန်မာအစိုးရကို ခုခံ တိုက်ခိုက်နေသည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်-DKBA က ၎င်းတို့ အနေဖြင့် ကရင်အမျိုးသား အစည်းအရုံး-KNUလက်အောက်သို့ အထူးတပ်အနေဖြင့် ပူးပေါင်းသွားရန် အလားအလာ ရှိကြောင်း ပြောကြားလိုက်သည်။
KNU ၏ လက်အောက်တွင် ယခုလက်ရှိ တပ်မဟာများရှိနေသဖြင့် DKBA မှ လာရောက်ပူးပေါင်း ဖြစ်ပါက တပ်မဟာအနေဖြင့် မဟုတ်ဘဲ “ကလို့ထူးဘော”အထူးတပ်အနေဖြင့်သာ ပူးပေါင်းသွားမည်ဟု DKBA ကလို့ထူးဘော ဌာနချုပ်၏ ပြန်ကြားရေး ယာယီတာဝန်ခံတပ်မှူးတဦးကပြောသည်။
“အဲဒီအချိန်ကျရင် DKBA ဆိုတာ ပျောက်ချင်ပျောက်သွားလိမ့်မယ်”ဟု ၄င်းက ဆက်ပြောသည်။ မည်သည့် အချိန်တွင် ပူးပေါင်းမည် ဆိုသည်ကိုမူ ၎င်းက တိတိကျကျ ပြောဆိုခြင်းမရှိပေ။
ယခင်လ ၁၄ ရက်နေ့တွင် DKBA အဖွဲ့၏ တပ်မှူးညီလာခံကျင်းပခဲ့ပြီး တပ်ဖွဲ့စည်းပုံကို စနစ်တကျ ဖြစ်စေရန် ပြန်လည် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။ကလို့ထူးဘော စစ်ဗျူဟာကို ဋ္ဌာနချုပ်အဖြစ် သတ်မှတ်ပြီး ယင်းအောက်တွင် ကလို့ထူးဝါးနှင့်ကလို့ထူးလားဟူ၍ စစ်ဗျူဟာနှစ်ခု ခွဲကာဖွဲ့စည်းခဲ့သည် ဟု အဆိုပါ တာဝန်ခံက ရှင်းပြသည်။
KNU ဒုဥက္ကဋ္ဌ ပဒိုစောဒေးဗစ်သာကပေါက DKBAပူးပေါင်းမည့် အစီအစဉ်ကို ကြိုဆိုလိုက်သည်။ ၎င်းက “လာပေါင်းမယ်ဆိုရင် အချိန်မရွေး ကြိုဆိုပါတယ်၊ DKBA ဆိုတာ(Army) စစ်တပ်ပါပဲ။ဒါကြောင့် KNU လက်အောက်မှာ ရှိရင်တော့ စစ်တပ်အနေနဲ့ ပြန်ပြီးနေရင် အကောင်းဆုံးပဲ” ဟုဆိုသည်။
DKBAအနေဖြင့် ၎င်းတို့၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ KNU အဖွဲ့အား တင်ပြထားပြီး ယခုလက်ရှိတွင်စစ်ရေးအရ ပူးပေါင်း လုပ်ဆောင်ရွက်လျက် ရှိသည်ဟု DKBA ကပြောသည်။ ထိုသို့ ပူးပေါင်းမှု၏ ရလဒ်အဖြစ် နယ်မြေလှုပ်ရှားမှု ပိုမိုကျယ်ပြန့်လာခြင်း၊ ရန်သူအား ပိုပြီး ခုခံတိုက်ခိုက်လာနိုင်ခြင်း၊လူထုထောက်ခံမှု ပိုမိုရရှိလာခြင်း အစရှိသည့် အားသာချက်များ ရရှိသည်ဟုလည်းDKBA အဖွဲ့မှ ပြောဆိုသည်။
နှစ်ပေါင်းခြောက်ဆယ်ကျော် မြန်မာအစိုးရကိုလက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက်လျက်ရှိသည့် KNU သည် နိုင်ငံရေးအဖွဲ့အစည်း တစ်ခုဖြစ်ပြီး၊KNU ၏ လက်နက်ကိုင်အဖွဲ့အစည်း မှာ ကရင်လွတ်မြောက်ရေးတပ်မတော်-KNLA ဖြစ်သည်။
DKBA သည် မူရင်းမိခင် အဖွဲ့အစည်းKNU မှ ၁၉၉၄ ခုနှစ်တွင် ခွဲထွက်ပြီး စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။၂၀၁၀ ခုနှစ် သြဂုတ်လတွင် စစ်အစိုးရက DKBA တပ်ဖွဲ့၏ အစိတ်အပိုင်းအချို့ကို  နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းစေခဲ့ရာတွင်ထိုအချက်ကို လက်မခံသည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ၂၀၁၀ခုနှစ် နိုဝင်ဘာလတွင် အစိုးရအားပြန်လည် တော်လှန်ခဲ့သည်။
(Photo – DKBA 5th Brigadesoldiers in Karen State. http://kcortiz.photoshelter.com)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts