>Free PP campaign in Shwedagon

>





နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကြိုးပမ်းမှုခြေလှမ်း

ဓာတ်ပုံသတင်း

စက်တင်ဘာ ၅၊ ၂၀၁၁

နိုင်ငံရေးအကျဉ်းသားများအားခြွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးရန် ဆုတောင်းပွဲ အားရန်ကုန်မြို့ ရွေတိဂုံဘုရားရင်ပြင် စနေဒေါင့်၌ သံဃာတော်များ ၊နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များနှင့် ဒီမိုကရေစီအင်အားစုများ ၊ကျောင်းသားလူငယ်များ ၊ပြည်သူများ စုပေါင်ြး ပီး နိုင်ငံရေး အကျဉ်းသားများအားခြွင်းချက်မရှိ ချက်ခြင်း လွတ်ပေးရန်ဆုတောင်းပွဲအား ၄.၉.၂၀၁၁ (တနင်္ဂနွေ့ ) နေ့ လည်(၁)နာရီမှစတင်ပြီး ညနေ(၂း၃၀)နာရီ ထိ အခမ်းအနား အစီအစဉ်(၅)ခု ဖြင့်ပြုလုပ်ခဲ့ပါသည်။ စုစုပေါင်းအင်အား(၃၀၀) ခန့် တက်ရောက်ခဲ့ကြပါသည်။

ထိုဆုတောင်းပွဲအခမ်းအနားတွင်

-တီရှပ်အပြာရောင်ပေါ်ရှေ့ ဖက်ပိုင်းတွင် “နိုင်ငံရေး အကျဉ်းသားများခြွင်းချက်မရှိ လွှတ်”

နောက်ဖက်ခြမ်းတွင် “Free All Political Prisoners Now” စာတန်းများ ရေးထိုး ၀တ်ဆင်ခြင်း

-အ၀ါရောင်ပန်းများ ကပ်လှုခြင်၊ဖယောင်းတိုင်များ ထွန်းညှိုပူဇော်ခြင်း။

-သြကာသဘုရားဝတ်ပြုဆုတောင်း အမျှဝေခြင်း

-နိုင်ငံရေးအကျဉ်းသား(၂၀၀၀)ကျော်ခြွင်းချက်မရှိ ချက်ခြင်းလွတ်ပေးရန်ဆု တောင်းခြင်း(၃)ကြိမ်ရွတ်ဆိုခြင်း။

များပြုလုပ်ပြီး ရွေတိဂုံဘုရားအရှေ့ ဖက်မုဒ်မှ စနစ်တကျ စီတန်း လမ်းလျှောက် ပြန်လည်ထွက်ခွာခဲ့ကာ အေးချမ်းစွာ ပြီးဆုံးသွားခဲ့ပါသည်။

မှတ်ချက်။ ။

ဤဓာတ်ပုံအား အသုံးပြုလိုပါက နိုင်ငံရေးအကျဉ်းသားမိသားစုများက ပေးပို့ သည်ဟု မှတ်တမ်းတင်ဖေါ်ပြပေးပါရန်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts