>4th Anniversary of revitallization of ABFSU hosted in Rangoon

>

ရွှေဝါရောင် ၂၀၀၇ က ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗကသများအဖွဲ့ချူပ် ၄ နှစ်ပြည့်
မိုးမခအထောက်တော် ၀၀၃၊ သြဂုတ် ၂၉၊ ၂၀၁၁
သြဂုတ်လ ၂၈ တွင် ၄ နှစ်ပတ်လည်ပြည့်ပြီဖြစ်သည့် ရွှေဝါရောင် ၂၀၀၇ နှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချူပ် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့တွင် ကျောင်းသားလူငယ်များ စုဝေးကျင်းပခဲ့သည်။ အထိမ်းအမှတ် သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
၎င်းတို့ထုတ်ပြန်ချက်တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ တွေဆုံဆွေးနွေးရေးနှင့် ၂၀၀၈ အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေးတို့ကို ဗမာပြည်နိုင်ငံရေးပြသနာများ ဖြေရှင်းရန် လိုအပ်ချက်များအဖြစ် သဘောထားထုတ်ပြန်ထားသည်။
 ထို့အပြင် သမဂ္ဂအမှတ်တရစာစု စာစောင်ကိုလည်း ပုံနှိပ်ရန်နှင့် အီးဘုတ်ဖြန့်ရန် ၂ မျိုး  ဖြန့်ချိသည်ကို လက်ခံရရှိသည်။ ၂၀၀၇ ခုနှစ်တွင် ပေါ်ထွန်းလာသော မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်များ ပါဝင်သည့် သမဂ္ဂများအဖွဲ့ချူပ်၏ ကျောင်းသားလူငယ်မျိုးဆက်သစ်တို့၏ ခံစားချက်နှင့် အတွေးအမြင်များကို ဖော်ပြထားသည်ကို တွေ့ရသည်။ ရွှေဝါရောင်တော်လှန်ရေးတွင် စွန့်လွှတ်စွန့်စားခဲ့ကြသော ကျောင်းသားသမဂ္ဂမျိုးဆက်သစ်တို့၏ မော်ကွန်းကို သည်စာအုပ်မှာ ရေးထိုးထားသည်ကို တွေ့နိုင်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts