>D Lett Myo – Poem

>

တိတ်တိတ်လေးပါပဲ ငါလွမ်းနေခဲ့တာ
ဒီလက်မျိုး

သြဂုတ် ၂၉၊ ၂၀၁၁

သရုပ်ဖော်ပုံအား ဤနေရာမှ ယူပါသည်။



တိတ်တိတ်ကလေးပါပဲ


ငါလွမ်းနေခဲ့တာ။

တမိုးသားလုံးအုံ့ဆိုင်းပြီး ရွာတော့မယ့်ကောင်းကင်လို

မဲမှောင်တဲ့သတိရစိတ်က

ချစ်သူကိုတမ်းတတယ်။

ခနလေးပါပဲ ပြန်လာခဲ့ပါမယ်လို့ပြောသွားခဲ့တဲ့

ခြေရာတစုံအောက်

ငါ့နှလုံးသား အကြိမ်ကြိမ်ကျပျောက်ရင်း

ငါ့သွေးသား

အလွမ်းတွေနဲ့သာ ရှင်သန်ခဲ့တယ်။

ကြေကွဲစွာကျန်ရစ်

ပြန်မဖြစ်နိုင်တော့တဲ့ နေသားတကျရှိမှုကိုအဖော်လုပ်ရင်း

ခုတော့

ညီမလေး နန်းခမ်းကူရေ

တိတ်တိတ်ကလေးပါပဲ

ငါလွမ်းနေခဲ့တာ။

(နန်းခမ်းကူသို့အမှတ်တရ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts