>Nay Myo Zin received troture and imprisonment

>





ကိုနေမျိုးဇင် နှိပ်စက်၊ ထောင်ချခံရမှုအပေါ် တုံ့ပြန်ချက်များ

facebook

သြဂုတ် ၂၈၊ ၂၀၁၁



မှတ်ချက် – facebook မှာ တွေ့ရတဲ့ သတင်း၊ ဓာတ်ပုံ နဲ့ တုံ့ပြန်ချက်တချို့ကို ကူးယူ ဖော်ပြပါတယ်



(ဓာတ်ပုံမှာ… ယမန်နှစ် အာဇာနည်နေ့က သူ့သားလေးနှင့်အတူ အာဇာနည်ကုန်းသို့ လာရောက်စဉ် ရုတ်တရက်လှမ်းရိုက်မိလိုက်သော ပုံဖြစ်ပါသည်။)



အသက် ၃၆ နှစ် အရွယ်ရှိ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်သည် တောင်ကြီးမြို့ တပ်ထိန်းအဖြစ် တိုင်းမှူးလုံခြုံရေး တာဝန်ယူကာ ဆောင်ရွက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်။ ယနေ့တွင် သူ့ကို ထောင်ဒဏ်ဆယ်နှစ်ချမှတ်လိုက်ကြောင်း သိရသည့်အတွက်… ၀မ်းနည်းမိပါသည်။

သူဘာတွေလုပ်နေသလဲ ကျနော်မသိပါ။ အွန်လိုင်းမှာ သာမန်မိတ်ဆွေအဖြစ်သာ ဆက်ဆံခဲ့ကြပါသည်။ သူပျောက်နေတာကြာပြီဟု သတိထားမိတဲ့အချိန်မှာ သူက ထောင်တွင်းဝင်ရပါတော့မည်။

နောက်ဆုံးအကြိမ် အပြင်မှာတွေ့ခဲ့စဉ်က ရွှေဂုံတိုင် အန်အယ်ဒီရုံးနားမှာဖြစ်ပါသည်။ ကားတစ်စီးကို ကိုယ်တိုင်မောင်းနှင်လာပြီး ကျနော့်ကို လာနှုတ်ဆက်ပါသည်။ အောင်ဆန်းစုကြည်ပုံရင်ထိုးတစ်ခု ပေးခဲ့ကာ ရုံးချုပ်ထဲဝင်သွားပါသည်။ ထိုနေ့မှစပြီး ထပ်မံမတွေ့ရတော့ပါ။

ခုလိုဖြစ်ရတာ…တကယ်စိတ်မကောင်းပါဘူးဗျာ….

ပြီးခဲ့ သည့် ဧပြီလ ၂ ရက်နေ့တွင် အထူးသတင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ စစ်ကြောရေး ကာလအတွင်း နှိပ်စက်မှုကြောင့် ခါးရိုးပဲ့သွား၍ လမ်းမလျှောက်နိုင်တော့ကြောင်း၊ တရားရုံးသို့ လက်တွန်းလှည်းဖြင့် လာရောက်အမှုရင်ဆိုင်ခဲ့ရကြောင်း လိုက်ပါဆောင်ရွက် ပေးနေသည့် ရှေ့နေ ဦးလှမျိုးနောင်က ပြောသည်။

ဟာ… ဘာကြီးလဲကွာ…. ဒီလောက်နှိပ်စက်ကြရသလား…း((((

မကြာမှီ ဟန်ပြ လွတ်ပေးမဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲပါလာပါစေလို.ဆုတောင်းပါတယ်ဗျာ….

စစ်ခေတ်များက ဂျပန်တွေထက် ဆိုးနေပါတယ် … ၀မ်းနည်းလွန်းပါတယ် …

အစိုးရတရပ်က ဒီလို လူမှုရေးလုပ်သူကို အရေးယူတဲ့ အတွက်မိသားစုနှင့် ထပ်တူ စိတ်မကောင်း ဖြစ်ရပါတယ်။

ဒီလိုအပြစ်ပေးတာကိုကြည့်ရင်ဒီကောင်တွေ အငြိုးအတေးကြီးတယ်ဆိုတာသိနိုင်တယ်။ ဘာတဲ့.အာဇာနည်နေ.ဥသြဆွဲပေးရင် ကားတွေတိုက်မှာစိုးလို.တဲ့။ တောက်.. တော်လိုက်တဲ့ကောင်တွေ။ ချီးဥနှောက်ဘဲ။

ပြောတော့ အပြင်ကလူတွေ ပြန်လာပါတဲ့…. အတွင်းကလူကိုတောင် အဲလို လုပ်မှတော့…. စဉ်းစားတာ ကြည့်ကြတော့ဗျာ…

ကလေးငယ်တစ်ဦးကို မီးပူနှင့်ကပ် ခွေးချေးကျွေးသည့်သူ – ၇ နှစ်

ဗိုလ်ကြီး(ငြိမ်း) နေမျိုးဇင် အီလက်ထရောနစ် ပုဒ်မ – ၁၀ နှစ်

ကဲ ကဲ …. ပြည်ပက မြန်မာတွေ ပြန်လာရဲရင် ပြန်လာခဲ့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts