>Myanmar Story Teller

>





ပုံ​​ပြောသူများ​​ အဖွဲ့

mmstoryteller.org

သြဂုတ် ၂၈၊ ၂၀၁၁

—ယဉ်​​ကျေး​​မှုလို့ဆို လိုက်တာနဲ့ ခက်တာက အဆို၊​ အက၊​ အ​​ရေး​​၊​ အတီး​​နဲ့ ​​ရှေး​​​ဟောင်း​​အ​​ဆောက် အအုံတွေကိုပဲ ​​ပြေး​​မြင်ကြတာပါ။ တကယ်က အဲဒီ​​လောက်ထိပဲ မဟုတ်ဘဲ အစဉ်အဆက်က ရိုး​​ရာ အစား​​အစာ၊​ အဝတ်အစား​​၊​ ပုံပြင်​​တွေ၊​ သီချင်း​​​တွေ၊​ ဒါ​​တွေကလည်း​​ ယဉ်​​ကျေး​​မှု အ​​ဆောက်အအုံကြီး​​ထဲမှာ ပါတာပါပဲ—“



ပုံ​​ပြောသူများ​​ အဖွဲ့ကို ၂၀၀၉ခုနှစ် စက်တင်ဘာလ ၃၀ ရက်​​နေ့က ပုံ​​ပြောခြင်း​​ ဓ​​လေ့​ကို ရှင်သန်လိုတဲ့​၊​ ရိုး​​ရာ ပုံပြင်​​တွေကို ထိန်း​​သိမ်း​​လိုတဲ့​ လူငယ်​​တွေက စတင် ဖွဲ့စည်း​​ခဲ့​ပါတယ်။ ကမ္ဘာမှာ ပုံပြောသူများ​​ ဆိုပြီး​​ အဖွဲ့​တွေ ရှိကြပါတယ်။ အဲဒီလို နိုင်ငံတကာက ပုံ​​ပြောသူများ​​ အဖွဲ့​တွေဟာ ကမ္ဘာ့​ပုံပြင် ပွဲတော်​​တွေမှာ တက်​​ရောက်ကြပါတယ်။

အ​​မေရိကန် နိုင်ငံမှာ ဆိုရင်လည်း​​ ပြည်နယ်တိုင်း​​မှာ ပုံ​​ပြောသူများ​​ အဖွဲ့​တွေ၊​ ရိုး​​ရာ ပုံပြင်​​တွေကို ထိန်း​​သိမ်း​​ ကြတဲ့​ အဖွဲ့​တွေ ရှိတယ်လို့လည်း​​ သိရပါ​​သေး​​တယ်။ ရိုး​​ရာ ပုံပြင်​​တွေကို ထိန်း​​သိမ်း​​ကြတဲ့​ ဒီလို အဖွဲ့​တွေ ရှိနေကြတယ်၊​ လုပ်​​ဆောင် ​​နေကြတယ် ဆိုတာ ကျွန်မတို့ အမှတ်တမဲ့​ ဖြစ်​​နေတဲ့​ အချက်တစ်ခုလို့ ထင်ပါတယ်။

ပုံပြောတဲ့​ ဓ​​လေ့​ကို လူထုကြား​​ထဲမှာ ပြန်ပြီး​​ ရ​​စေချင်တဲ့​ အတွက် ဖွဲ့စည်း​​ ဖြစ်ခဲ့​တာပါ။ မြန်မာနိုင်ငံမှာ​​တော့​ ဆရာကြီး​​ လူထုဦး​​လှ ဆိုရင် ရိုး​​ရာ ပုံပြင်​​တွေကို ​​ရေး​​ပြီး​​ စာအုပ်​​တွေနဲ့ ထိန်း​​သိမ်း​​ကြတာမျိုး​​ ရှိပါတယ်။

ပုံ​​ပြောသူ​​တွေ စတင်ခဲ့​ချိန်က ရည်ရွယ်ချက်ဟာ အရမ်း​​ကို ရိုး​​ရှင်း​​ပါတယ်။ ဒီအဖွဲ့ ရည်ရွယ်ခဲ့​တာက​​တော့​ လူငယ်တွေ အချင်း​​ချင်း​​ကြား​​မှာ ရိုး​​ရာ ပုံပြင်​​တွေ(ပုံ​​ပြောခြင်း​​ အနုပညာ)ကို အ​​ခြေခံပြီး​​၊​ (Capacity) စွမ်းရည်မြင့်​ တက်လာ​​အောင် ​​ဆွေး​​​နွေး​​ဝိုင်း​​​လေး​​​တွေ လုပ်ကြမယ် ဆိုပြီး​​ လုပ်ခဲ့​တာပါ။ အစပိုင်း​​မှာ​​တော့​ ပုံပြောမယ် ဆိုတဲ့​ အခါ က​​လေး​​​တွေကို ရည်ရွယ်ခဲ့​တာ​​တော့​ မဟုတ်ပါဘူး​​။ ပုံ​​ပြောသူ​​တွေရဲ့​ ပထမဆုံး​​ ​​ခြေလှမ်းကို ကြည့်​မယ်ဆိုရင် ရန်ကုန်မြို့ရဲ့​ ဆင်​​ခြေဖုံး​​လို ​​နေရာ တစ်ခုမှာ ပုံ​​ပြောခြင်း​​ကို အ​​ခြေခံပြီး​​ Capacity Building ဆိုင်ရာ ​​ဆွေး​​​နွေး​​ဝိုင်း​​​လေး​​​တွေ လုပ်ဖြစ်ခဲ့​ပါတယ်။

တင်ချိန်မှာလည်း​​ အခက်အခဲ​​လေး​​​တွေနဲ့ ကြုံရ ပါသေး​​တယ်။ တာထွက် မ​​ကောင်း​​ဘူး​​လို့ ဆို​​ပေမယ့်​ ကြုံရတဲ့​ အခက်အခဲက​​တော့​ လူငယ်​​တွေ အချင်း​​ချင်း​​ အား​​လုံး​​ ပါလာ​​အောင် စည်း​​ရုံး​​ရတဲ့​ အခါ အခက်အခဲ အချို့နဲ့ ကြုံတွေ့​ရတာပါ။ သူကလည်း​​ ​​ကျောင်း​​သား​​၊​ ကိုယ်ကလည်း​​ ​​ကျောင်း​​သား​​ဆို​​တော့​ အချင်း​​ချင်း​​ဆရာ လုပ်သလိုမျိုး​​ ဖြစ်​​နေတယ်လို့ အထင် ခံရတာမျိုး​​​လေး​​​တွေ ရှိခဲ့​ပါတယ်။ အစပိုင်း​​မှာ အဖွဲ့ရဲ့​လှုပ်ရှား​​မှု သိပ်မများ​​ သေး​​​တော့​ အရှိန် မရ​​သေး​​တာ​​ကြောင့်​လည်း​​ ​​တော် ​တော်​​လေး​​ ရုန်း​​ကန်ခဲ့​ရပါတယ်။

ပုံ​​ပြောသူ​​တွေက​​တော့​ များ​​​သောအား​​ဖြင့်​ အခြား​​ အဖွဲ့​တွေနဲ့ ပူး​​​ပေါင်း​​ လုပ်​​ဆောင်ဖြစ်ကြတာ များ​​ပါတယ်။ တချို့အဖွဲ့​တွေက လိုအပ်တဲ့​ အခါ အကူအညီ ​​တောင်း​​လာတာမျိုး​​၊​ အား​​လုံး​​ အတူတူ သွား​​ကြဖို့ ဖိတ်တဲ့​ အခါမျိုးတွေမှာ လိုက်ပါဖြစ် ကြပါတယ်။ သူတို့​တွေက လှူတယ်၊​ ပုံ​​ပြောသူ ​​တွေက ပုံ​​ပြောကြတယ်။ သီချင်း​​​တွေ ဆိုပြတယ်။ အတူတူ ကစား​​ ​​ပေး​​ကြတာမျိုး​​ ​​တွေလည်း​​ လုပ်ကြပါတယ်။ အခါ အား​​​လျော်စွာ အဖွဲ့ ရန်ပုံ​​ငွေ​​ပေါ် မူတည်ပြီး​​လည်း​​ အလှူ လုပ်ကြတာ​​တွေ ရှိပါတယ်။ ပုံ​​ပြောသူ​​တွေရဲ့​ Trend မဟုတ်ဘဲ တခြား​​ လူငယ် အဖွဲ့တွေနဲ့ ပူး​​​ပေါင်း​​ လုပ်ဖြစ်ကြတဲ့​ အဖွဲ့​တွေထဲမှာ ​​လောကတ္ထစရိယ Lotus စတဲ့​ ဘာသာ​​ရေး​​ အဖွဲ့ အချို့နဲ့ ဘာသာ​​ပေါင်း​​စုံ လူငယ်များ​​ ချစ်ကြည်​​ရေး​​ အဖွဲ့၊​ MOSN စတဲ့​ အဖွဲ့​တွေ အပါအဝင် အဖွဲ့ ​​တော်​​တော်များ​​များ​​ ပါဝင်ကြပါတယ်။ ဘာသာ​​ပေါင်း​​စုံ လူငယ်များ​​ ချစ်ကြည်​​ရေး​​ အဖွဲ့မှာ ဗုဒ္ဓဘာသာ၊​ ဟိန္ဒူ၊​ ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာဝင် လူငယ်များ​​ ပါဝင်ကြ ပါတယ်။ အဲဒီ အဖွဲ့က ​​နေပြီး​​ ပုံ​​ပြောသူ​​တွေကို ​​နွေရာသီ ​​ကျောင်း​​ပိတ်ရက် Summer School မှာ ဘယ်လို လာကူ ​​ပေး​​နိုင်မလဲ ဆိုပြီး​​ ဖိတ်​​ခေါ်တဲ့​ အခါ ပါဝင်ဖြစ်ခဲ့​ ပါ​​သေး​​တယ်။ အဲဒီမှာတော့​ ပုံ​​ပြောတာအပြင် ရုံး​​အား​​တဲ့​သူ​​တွေကသွား​​ပြီး​​ စာသင်​​ပေး​​ကြပါတယ်။ ပုံ​​ပြောသူ​​တွေက ဒီလို Activity ​​တွေကို ​​ရှေ့​ဆက် လုပ်​​ဆောင်သွား​​ကြဦး​​မယ်လို့လည်း​​ဆိုပါတယ်။ ​​နောက်ထပ် ပူး​​​ပေါင်း​​ လုပ်ဆောင်ဖြစ်ခဲ့​တာတစ်ခုက​​တော့​ ထူး​​ခြား​​တယ်လို့လည်း​​ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံ ​​တောင်တက်အသင်း​​က နာဂစ်အပြီး​​ ​​စော​​စောပိုင်း​​လ​​တွေမှာ တစ်လ တစ်ခါ မြစ်ဝကျွန်း​​​ပေါ် ​​ဒေသ​​တွေကို ​​ဆေး​​ကု​​ပေး​​ဖို့ သွား​​ခဲ့​ကြပါတယ်။ မြန်မာ နိုင်ငံ​​တောင်တက် အသင်း​​နဲ့ အတူ လိုက်ပါပြီး​​၊​ ပုံ​​ပြောသူ​​တွေက က​​လေး​​​တွေ စိတ်​​ပျော်ရွှင်​​အောင် အတူ ကစား​​​ပေး​​ခဲ့​ကြတယ်။ သီချင်း​​​တွေ အတူဆိုကြ၊​ ကကြ တယ်။ က​​လေး​​​တွေကို မုန့်​တွေ​​ကျွေး​​ပြီး​​ ပုံပြင်​​တွေ ​​ပြောပြကြတာ​​တွေက က​​လေး​​​တွေရဲ့ ရင်ထဲက စိတ်ဒဏ်ရာ​​တွေ ​​လျော့​ပါး​​သွား​​​အေင်၊​ ခဏပဲဖြစ်ဖြစ် ​​ပျောက်ကွယ်သွား​​​အောင် ကြိုး​​စား​​ကူညီ​​ပေး​​ခဲ့​ကြတာပါ။

၂၀၁၀ ပြည့်​နှစ် ​​နွေအကုန် မိုး​​အကူး​​ ကာလက ရန်ကုန်တိုင်း​​ရဲ့​ ​​နေရာ​​ဒေသ အချို့ ​​ရေပြတ်လပ်မှု ကြုံ​​တွေ့​ခဲ့ရချိန်မှာ အဖွဲ့အ​​နေနဲ့ မဟုတ်ဘဲ၊​ တစ်ဦး​​ချင်း​​ လှုပ်ရှား​​ခဲ့​ကြပါ​​သေး​​တယ်။

ပုံ​​ပြောသူများ​​ အဖွဲ့မှာ အဖွဲ့ဝင်မျိုး​​စုံ ပါဝင်ကြပါတယ်။ သတင်း​​​ထောက်များ​​၊​ ကာတွန်း​​ ဆရာများ​​၊​ ဘ​​လော့​ဂါများ​​၊​ အသံလွှင့်​ ဌာန​​တွေမှာ တာဝန် ထမ်း​​​ဆောင် ​​နေကြတဲ့​ ဝန်ထမ်း​​များ​​၊​ အ​​ပျော်တမ်း​​ တီး​​ဝိုင်း​​​တွေမှာ တီး​​ခတ်ကြတဲ့​ Player များ​​ အပြင်၊​ ဒီ​​ဂျေလိုမျိုး​​ ဂီတ သမား​​များ​​လည်း​​ ပါဝင်ကြပါတယ်။ ပုံ​​ပြောသူ​​တွေမှာ တခြား​​ အဖွဲ့​တွေလိုပဲ လစဉ်​​ကြေး​​ သတ်မှတ်ထား​​တာ ရှိပါတယ်။ တကယ့်​ အဖွဲ့အစည်း​​ကြီး​​​တွေလို လခ​​ပေး​​ပြီး​​ ဝန်ထမ်း​​​တွေ ခန့်ထား​​ နိုင်တာမျိုး​​လည်း​​ မဟုတ်​​တော့​ စည်း​​ကမ်း​​ သတ်မှတ်ချက်​​တွေ မလုပ် မ​​နေရလို့ အတင်း​​အကျပ် လုပ်​​ဆောင်တာမျိုး​​ မဟုတ်​​ပေမယ့်​ ဒါ​​လေး​​တစ်ခု ရှိသင့်​တယ် ဆိုပြီး​​ လုပ်ထား​​တာပါ။

အဖွဲ့ရဲ့​ လစဉ်​​ကြေး​​က​​တော့​ တစ်လကို (၅၀၀) ကျပ် ဆို​​ပေမဲ့​ တကယ်တမ်း​​ စုလိုက်တဲ့​ အခါ လမ်းစရိတ်​​တော့​ သုံး​​နိုင် သွား​​ပါတယ်။ ​​စော​​စောပိုင်း​​ အချိန်​​တွေတုန်း​​က Activity တစ်ခု သွား​​ခါနီး​​ရင် ရန်ပုံ​​ငွေ အခက်အခဲ​​ကြောင့်​ ​​ခေါင်း​​ကိုက်ရတယ်လို့ ဆိုကြပါတယ်။ မနက်ဖြန်လို Activity သွား​​မယ်ဆိုရင် ဒီ​​နေ့မှာ ရန်ပုံငွေက နည်း​​​နေပြီး​​ သူငယ်ချင်း​​​တွေ အား​​လုံး​​ ဝိုင်း​​ဝန်း​​စုထည့်​ လိုက်တဲ့​ အခါမှာလည်း​​ အဆင်​​ပြေ သွားသလို၊​ တစ်ဦး​​ချင်း​​ အလှူရှင်​​တွေကလည်း​​ ဝိုင်း​​ဝန်း​​ပံ့​ပိုး​​ ​​ပေး​​ကြပါတယ်။ နိုင်ငံခြား​​​ရောက် သူငယ်ချင်း​​​တွေက ပုံ​​ပြောသူများ​​ အဖွဲ့ အ​​ကြောင်း​​ကို ကြား​​သိရတဲ့​ အခါ ဆက်သွယ်လာပြီး​​ အလှူ​​ငွေ​​တွေ ​​ပေး​​ကြတာမျိုး​​ ရှိပါတယ်။

တခြား​​ အဖွဲ့​တွေလို Fund Raising ရှာဖို့ကို စိတ်ဝင်စား​​​ပေမယ့်​၊​ အရှုံး​​မခံ နိုင်တာ​​ကြောင့်​ မလုပ်ဖြစ်​​သေး​​ဘူး​​လို့လည်း​​ ဆိုပါတယ်။ ရန်ပုံ​​ငွေ ရှာဖို့ကိုလည်း​​ ကြိုး​​စား​​ခဲ့​ကြ ဖူး​​ပါတယ်။ အဲဒီအတွက် အခက်အခဲက​​တော့​ ဘယ်သူမှ အချိန်ပြည့်​ မ​​ပေး​​နိုင်တာရယ်၊​ အဖွဲ့အတွက် လုပ်ငန်း​​ တစ်ခုလို ပုံစံမျိုး​​နဲ့ လုပ်မယ်ဆိုရင် စိတ်​​ရော ကိုယ်ပါ လုပ်​​ဆောင်နိုင်မှ ​​အောင်မြင် နိုင်မှာမို့ အ​​ကောင်အထည် မ​​ဖော်ဖြစ်​​သေး​​တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့​ တစ်ဦး​​ချင်း​​ အလှူ ရှင်​​တွေကို အမှတ်တရလည်း​​ ဖြစ်​​အောင် အလှူ​​ငွေ ​​တွေကို ဘယ်မှာ သုံး​​လိုက်တယ် ဆိုတဲ့​ စာရင်း​​ရှင်း​​ ​​ပေး​​တဲ့​ပုံစံ Post Card ​​လေး​​​တွေ ပြန်ပို့​ပေး​​ပါတယ်။

ရန်ကုန်တိုင်း​​ ​​ဒေသကြီး​​အတွင်း​​ သာမက ပဲခူး​​၊​ မုံရွာ၊​ ​​ဒေး​​ဒရဲနဲ့ ကရင် ပြည်နယ်​​တွေကိုလည်း​​ သွား​​ခဲ့​ကြပါ​​သေး​​တယ်။ များ​​​သောအား​​ဖြင့်​ Activity ​​တွေကို ပိတ်ရက်​​တွေမှာ လုပ်ဖြစ်ကြပြီး​​၊​ Activity သွား​​ကြမယ် ဆိုရင်လည်း​​ အား​​လုံး​​ရဲ့​ အလုပ် ပိတ်ရက် အား​​လပ်ချိန် ဆိုရင် အ​​ယောက် ၂၀ ရှိရင်၊​ အဲဒီထဲကမှ သွား​​လို့ရမယ့်​ သူ​​တွေ စုကြပါတယ်။

နယ်​​တွေဘက်ကို သွား​​တဲ့​ အခါမှာလည်း​​ အဖွဲ့ကို ကိုယ်စား​​ပြုပြီး​​ အဖွဲ့ဝင် အချို့ သွား​​ကြပါတယ်။ နယ်သွား​​တဲ့​ Activity ​​တွေထဲက ကရင်ပြည်နယ်ကို သွား​​ခဲ့​တာ ဆိုရင် ကရင်ပြည်နယ် စာ​​ပေနဲ့ ယဉ်​​ကျေး​​မှု အဖွဲ့ရဲ့​ ဖိတ်ကြားမှု​​ကြောင့်​ ကရင်ပြည်နယ်ကို အဖွဲ့ဝင် ၂ ​​ယောက် သွား​​ခဲ့​ဖူး​​ပါတယ်။ စာ​​ပေနဲ့ ယဉ်​​ကျေး​​မှု သင်ကြား​​​ပေးတဲ့​ အစီအစဉ်​​တွေထဲကမှ ပုံပြင် ​​ပြောသူ​​တွေဟာ ယဉ်​​ကျေး​​မှု ဆိုတဲ့​ ​​ခေါင်း​​စဉ်​​အောက်က​​နေ ပါဝင်ခဲ့​တာပါ။ ရိုး​​ရာ ပုံပြင်​​တွေ၊​ ပုံ​​ပြောတဲ့​ ဓ​​လေ့​​တွေ လူထုအတွင်း​​ ဘယ်လိုဖြန့်​ဝေ ​​ပေး​​မလဲ ဆိုတာမျိုး​​​တွေ ​​ဆွေး​​​နွေး​​ခဲ့​ ကြပါတယ်။ Activity ​​တွေ သွား​​ကြတဲ့​အခါ ​​နေရာသီး​​ခြား​​ သတ်မှတ် ထား​​တာမျိုး​​ မရှိဘဲ ဘုန်း​​ ​​တော်ကြီး​​သင် ပညာ​​ရေး​​​ကျောင်း​​ ဖြစ်​​စေ၊​ ခရစ်ယာန် မိဘမဲ့​က​​လေး​​ ​​ဂေဟာဖြစ်​​စေ ​​နေရာ မျိုး​​စုံကို အခွင့်​အ​​ရေး​​ ရှိမယ် ဆိုရင် သွား​​ကြပါတယ်။ ပဲခူး​​တိုင်း​​ ​​ဒေသကြီး​​ ​​ကျောက်တန်း​​​ကျေး​​ရွာ ​​ဝေဠုဝန် ဘုန်း​​​တော်ကြီး​​သင် ပညာ​​ရေး​​ ​​ကျောင်းမှာလည်း​​ အချိန်ပိုင်း​​ ​​စေတနာ့​ ဝန်ထမ်း​​ အဖြစ် သီတင်း​​ကျွတ်နဲ့ ​​နွေရာသီ ​​ကျောင်း​​ပိတ်ရက်​​တွေမှာ စာသွား​​ သင်​​ပေး​​ကြပါတယ်။

ဒီ Activity က​​တော့​ ပုံမှန် ဆို​​ပေမယ့်​ အတန်း​​ သွား​​ဖွင့်​တာမျိုး​​ မဟုတ်ဘဲ၊​ တတ်ကျွမ်း​​ နား​​လည်တဲ့​ ဆရာ၊​ ဆရာမ​​တွေဆီက သင်ရိုး​​​တွေကို ယူပြီး​​၊​ ကိုယ်နား​​လည် ထား​​သ​​လောက် ပြန်လည် ​​ဝေမျှ​​ပေး​​တဲ့​ သဘော ဖြစ်ပါတယ်။ သင်ခန်း​​စာ​​တွေက​​တော့​ သင်ရတဲ့​ အ​​ခြေအ​​နေ​​ပေါ် မူတည်ပြီး​​ အမျိုး​​မျိုး​​ ကွဲသွား​​ပါတယ်။ ​​နွေရာသီ Summer School မှာ ဆိုရင်​​တော့​ အင်္ဂလိပ်စာ၊​ ဂီတနဲ့ Observation Skills လိုမျိုး​​ ​​ကျောင်း​​နဲ့ ဝန်းကျင်​​မြေပုံ ဆွဲတာမျိုး​​၊​ ​​ကျောင်း​​ပတ်ဝန်း​​ကျင်မှာ ဘာအပင်​​တွေ ​​ပေါက်​​နေလဲ ဆိုတာကို အတူတူ ​​လေ့လာကြတာမျိုး​​ ​တွေကို လုပ်​​ပေး​​ဖြစ်ကြပါတယ်။

တခြား​​ အဖွဲ့​တွေနဲ့ လုပ်ဖြစ်ခဲ့​တဲ့​ Activity ​​တွေထဲက ပထမဆုံး​​ အ​​နေနဲ့ Lotus Foundation နဲ့ လှိုင်သာယာမြို့နယ်၊​ ​​အောင်​​ဇေယျာမင်း​​ ဘုန်း​​​တော်ကြီး​​သင် ပညာ​​ရေး​​​ကျောင်း​​မှာလုပ်ဖြစ်ခဲ့​တဲ့​ Activity ပဲဖြစ်ပါတယ်။ ​​ကျောင်း​​ရဲ့​ ခန်း​​မကြီး​​ထဲမှာ ​​ကျောင်း​​သား​​​တွေ၊​ ကိုရင်​​တွေ၊​ သီလရှင်​​တွေ အ​​ယောက် ၅၀၀ ​​ကျော်နီး​​ပါး​​ ရှိ​​နေတာမို့ ဘာလုပ်ရမှန်း​​ မသိ​​အောင်ကို ဖြစ်ခဲ့​ရတာပါ။ အဲဒီ​​လောက် အများ​​ကြီး​​ က​​လေး​​​တွေကို ပုံမ​​ပြောဖူး​​တာမို့ ဂစ်တာ သမား​​က လည်း​​ ဂစ်တာကြီး​​ ပိုက်ပြီး​​ ဘာလုပ်ရမှန်း​​ မသိ ဖြစ်ကုန်တာပါပဲ။ ဒါ​​ပေမယ့်​ အဲဒီ​​နေ့​လေး​​မှာ အား​​လုံး​​ အဆင်​​ပြေပြီး​​၊​ အတူ သွား​​ခဲ့​တဲ့​ အဖွဲ့ကိုလည်း​​ အများ​​ကြီး​​ အကူအညီ ​​ပေး​​နိုင်ခဲ့​ပါတယ်။ က​​လေး​​​တွေကို ပုံ​​ပြောတာ ပထမဆုံး​​ အ​​တွေ့​အကြုံ ဖြစ်တာမို့ က​​လေး​​​တွေရဲ့​ စိတ်ဝင်စား​​မှု ရ​​အောင် ပုံပြင်​​တွေနဲ့ ထိန်း​​ရတာ အနုပညာ ဆန်ပြီး​​၊​ ခက်လည်း​​ ခက်ခဲပါတယ်။

Activity တစ်ခု ရှိတယ်ဆိုရင် အား​​လုံး​​စုပြီး​​ တိုင်ပင်ကြ၊​ တာဝန်​​တွေ ခွဲယူကြ​​လေ့​ ရှိပါတယ်။ တကယ့်​ အဖွဲ့အစည်း​​ကြီး​​ မဟုတ်​​တော့​ ဝန်ထမ်း​​ဆိုတာ မရှိဘူး​​။ အား​​လုံး​​က Decision Making Body ထဲမှာပါတာပါပဲ။ အား​​လုံး​​ အတူတူ စု​​ပေါင်း​​ လုပ်​​ဆောင်ကြတာ​​ကြောင့်​ မိသား​​စု ဆန်ကြပါတယ်။

အဖွဲ့မှာ​​တော့​ ကြုံ​​တွေ့​ရတဲ့​ အခက်အခဲ​​တွေထဲကမှ ​​နောက်တစ်ခုက အား​​လုံး​​ ​​စေတနာ့​ ဝန်ထမ်း​​​တွေ ဖြစ်တာမို့ တစ်ဖက်ကလည်း​​ ကိုယ့်​အလုပ်နဲ့ကိုယ် ရှုပ်​​နေကြတာ​​ကြောင့်​ ဖြစ်ပါတယ်။ ​​ငွေ​​ကြေး​​ကလည်း​​ အခက်အခဲ တစ်ခု ဆို​​ပေမယ့်​ ပြဿနာ ကြီး​​တစ်ခု​​တော့​ မဟုတ်ဘူး​​လို့ ဆိုရမှာပါ။ အဖွဲ့ရဲ့​ တစ်နှစ်ပြည့်​ ​​မွေး​​​နေ့လုပ် ခါနီး​​မှာလည်း​​ အဖွဲ့ ရန်ပုံ​​ငွေ ၂ ​​သောင်း​​ပဲ ရှိ​​ပေမယ့်​ တကယ်တမ်း​​ လုပ်ခါနီး​​မှာ ၂ သိန်း​​​လောက်နဲ့ လုပ်ဖြစ်ခဲ့​ပါတယ်။ အဲဒါ​​ကြောင့်​ ပုံ​​ပြောသူများ​​ အဖွဲ့က စိတ်ထဲကသာ တကယ် ထက်သန်တယ်။ တကယ် လုပ်​​ပေး​​ချင်တဲ့​ ​​စေတနာ သာရှိတယ် ဆိုရင် ​​ငွေ​​ကြေး​​ဆိုတာ ပြဿနာ မဟုတ်​​တော့​ဘူး​​လို့ ဆိုပါတယ်။

ကြိုတင်ပြင်ဆင် ​​လေ့​လာမှု​​တွေနဲ့ ပတ်သက်ပြီး​​ ဒီအဖွဲ့ဟာ ကံ​​ကောင်း​​တယ်လို့လည်း​​ ဆိုနိုင်ပါတယ်။ အဖွဲ့နဲ့ ရင်း​​နှီး​​တဲ့​ စာကြည့်​တိုက် တစ်ခု ရှိပါတယ်။ စာကြည့်​တိုက်မှာက ဆရာ လူထုဦး​​လှ ​​ရေး​​ခဲ့​တဲ့​ ရိုး​​ရာပုံပြင်​​တွေ အတွဲလိုက် ရှိပါတယ်။ အဲဒီ စာအုပ်​​တွေ ဖတ်ပြီး​​ ​​လေ့​လာတယ်။ အဲဒီအပြင် ကိုယ်တိုင် ကြား​​ဖူး​​ခဲ့​တဲ့​ ရိုး​​ရာ ပုံပြင်တွေကို အချင်း​​ချင်း​​ ​​ပြောကြပြီး​​ သင်ခန်း​​စာ​​တွေကို ရှာ​​ဖွေကြပါတယ်။ နိုင်ငံတကာ ပုံပြင်​​တွေ က​​တော့​ အင်တာနက်က ရှာပြီး​​ စု​​ဆောင်း​​တယ်။ ပုံပြင်တိုင်း​​ကို​​တော့​ ယူတာ မဟုတ်​​ပေမယ့်​ မြန်မာရိုး​​ရာ ပုံပြင်မှ မဟုတ်ပါဘူး​​။ ထိုင်း​​၊​ အိန္ဒိယ၊​ ဂရိ၊​ အာဖရိက ပုံပြင်​​တွေလည်း​​ ​​ပြောပါတယ်။ နိုင်ငံတကာ ပုံပြင်​​တွေ အတွက်ကတော့​ နိုင်ငံတကာ ရိုး​​ရာပုံပြင် စာအုပ်​​တွေ ဖတ်ပြီး​​ ​​လေ့​လာပါတယ်။ အီစွတ် ပုံပြင်​​တွေ ဆိုရင်လည်း​​ ဟိုး​​​ရှေး​​​ခေတ်ကတည်း​​က လာတဲ့​ ရိုး​​ရာ ပုံပြင်​​တွေပါ။ အဓိကက​​တော့​ ပုံပြင်​​တွေထဲက​​နေ ဘာ​​တွေ သင်ယူလို့ ရမလဲ ဆိုတာ အဓိကထား​​ ​​ရွေး​​ပြီး​​ ရိုး​​ရာ ပုံပြင်​​တွေကို စုထား​​ပါတယ်။

ပုံ​​ပြောတဲ့​ အခါ အကျိုး​​လည်း​​ ရှိရမယ်။ က​​လေး​​​တွေ ​​ခေါင်း​​ထဲကို သင်ခန်း​​စာ​​တွေချည်း​​ ထည့်​​ပေး​​တာမျိုး​​ မဟုတ်ဘဲ ​​ပျော်စရာလည်း​​ ​​ကောင်း​​ပြီး​​၊​ နား​​​ထောင်လို့ ​​ကောင်း​​​အောင် စုပြီး​​ ​​ရွေး​​ချယ်ကြပါတယ်။ ပြီး​​ရင် ဘယ်လို ​​ပြောမလဲ လူ​​တွေခွဲကြတယ်။ ဘယ်သူက ဘယ်လို သရုပ်​​ဆောင်ပြီး​​ ​​ပြောမလဲ စတာ​​တွေကို သူငယ်ချင်း​​​တွေ ဝိုင်း​​ထိုင် ​​ဆွေး​​​နွေး​​ပြီး​​၊​ က​​လေး​​​တွေရှေ့ မ​ရောက်ခင် ကြိုပြောကြည့်​ကြပါတယ်။ ပုံပြင်​​တွေနဲ့ ပတ်သက်ပြီး​​ သီချင်း​​​တွေ စပ်ကြတယ်။ အဖွဲ့မှာက လူစုံဆို​​တော့​ ဂီတသမား​​​တွေလည်း​​ ပါတာ​​ကြောင့်​ ကံ​​ကောင်း​​တယ်လို့ ဆိုပါတယ်။ က​​လေး​​​တွေနဲ့အတူ သီချင်း​​​တွေ ဆိုပြီး​​ ကကြ တယ်။

အဲဒီလို Activity ​​တွေလုပ်ဖြစ်တဲ့​ အပြင် ​​နောက်ထပ် ပုံပြင်​​ပြောတဲ့​ ​​နေရာမှာ ဖွံဖြိုး​​​ရေး​​ Concept ကိုချိတ်ဖို့ စဉ်း​​စား​​ထား​​တာ​​လေး​​​တွေ လည်း​​ ရှိတာ ​​တွေ့​ရပါတယ်။ ဥပမာ-သဘာဝ ပတ်ဝန်း​​ကျင်နဲ့ ပတ်သက်တာ တစ်ခုကို ရစေချင်တဲ့​ အခါ ဘယ်လို ပုံပြင်​​လေး​​​တွေ ​​ပြောလို့ရမလဲ စဉ်း​​စား​​ ကြည့်​ကြပါတယ်။ အဲဒီအခါ ငယ်ငယ်တုန်း​​က သင်ရတဲ့​ အဘိုး​​ကြီး​​နဲ့ မင်း​​သား​​​လေး​​ သစ်ပင်စိုက်တဲ့​ ပုံပြင်မျိုး​​ ဆိုရင် က​​လေး​​​တွေကို စိတ်ထဲမှာ အမှတ်မထင် သစ်ပင်စိုက်ခြင်း​​ဟာ ​​ကောင်း​​တယ်ဆိုတဲ့​ အသိ​​လေး​​ ရသွား​​​စေတာမျိုး​​ ဖြစ်ပါတယ်။ အဲဒီလို ပုံ​​ပြောခြင်း​​ အနုပညာနဲ့ ဖွံ့ဖြိုးရေး​​ကို ချိတ်ဆက်ပြီး​​ ​​နောက်ထပ် ဘာ​​တွေ လုပ်လို့ ရဦး​​မလဲ စဉ်း​​စား​​ပြီး​​ ဆက်လုပ် သွား​​ချင်တယ်လို့ ဆိုပါတယ်။ တခြား အဖွဲ့​တွေက ကမ်း​​လှမ်း​​ လာရင်လည်း​​ အချိန်မ​​ရွေး​​ ကူညီ​​ပေး​​ဖို့ အသင့်​ရှိ​​ပါ​​တယ်။

ပုံ​​ပြော ​​ဆွေး​​​နွေး​​တဲ့​ အခါ က​​လေး​​​တွေကို ​​ပြောတာနဲ့ လူကြီး​​​တွေကို ​​ပြောတာ နှစ်မျိုး​​စလုံး​​မှာ အခက်အခဲ ရှိပါတယ်။ က​​လေး​​​တွေကို ​​ပြောတဲ့​အခါ အသက်အရွယ် အလိုက် ​​တွေး​​နိုင်မယ့်​ စွမ်း​​ရည်ကိုကြည့်​ပြီး​​ ​​ပြောရတာပါ။ တချို့ က​​လေး​​​တွေက ​​ပြောလိုက်တာကို လိုက်​​တွေး​​နိုင်ဖို့ သိပ်ငယ်လွန်း​​တာနဲ့ ​​နေထိုင်တဲ့​ ပတ်ဝန်း​​ကျင်​​ကြောင့်​ အစ ရှိသဖြင့်​ ကွာခြား​​တာလည်း​​ ​​တွေ့​ရပါတယ်။ ကိုယ်​​ပေး​​ချင်တဲ့​ Message နဲ့ ရသွား​​တာ လွဲသွား​​ရင်လည်း​​ သင်ခန်း​​စာ ရပါတယ်။ ဘယ်ဟာ​​တွေ မှတ်ထား​​ပြီး​​ သင်ခန်း​​စာ ယူကြဖို့ မ​​ပြော ချင်တာ​​ကြောင့်​၊​ က​​လေး​​ရဲ့​ ရင်ထဲက​​နေ မှန်ကန်တဲ့​ အ​​တွေး​​အ​​ခေါ်​​တွေ ရရှိလာ​​စေ​​အောင် ကြိုး​စား​​ အား​​ထုတ်ရပါတယ်။

လူကြီး​​​တွေ အ​​နေနဲ့က​​တော့​ သူတို့မှာ အရင်က သိပြီး​​သား​​ အခံ​​တွေ၊​ အစွဲ​​တွေရှိ ​​နေရင် လွယ်လွယ်နဲ့ မစွန့်ချင်တာမျိုး​​​တွေ ​​တွေ့​ရ တတ်ပါတယ်။ ခက်ခဲတဲ့​ ​​မေး​​ခွန်း​​​တွေနဲ့ ပတ်သက်ပြီး​​ ပုံ​​ပြောသူများ​​ အဖွဲ့မှာ Pressure မရှိဘူး​​လို့ ဆိုပါတယ်။ အ​​ကြောင်း​​က​​တော့​ ပုံ​​ပြောသူများ​​ အဖွဲ့ဟာ လူငယ် အဖွဲ့ ဖြစ်ပြီး​​၊​ ပညာရှင်​​တွေ မဟုတ်တာ​​ကြောင့်​ မသိတဲ့​ အခါ မသိဘူး​​လို့ ​​ပြောပြီး​​ ဝန်ခံတယ်လို့ ဆိုပါတယ်။

အဖွဲ့ ​​ရေရှည် ရပ်တည်နိုင်​​အောင် အခြား​​ အဖွဲ့အစည်း​​ကြီး​​​တွေ၊​ ကိုယ့်​ထက် အ​​တွေ့​အကြုံ အများ​​ကြီး​​ ရှိတဲ့​ အဖွဲ့အစည်း​​​တွေက Capacity မြှင့်​​ပေး​​နိုင်မယ့်​ ဘာသာရပ် ဆိုင်ရာ သင်တန်း​​​တွေ တက်ဖို့ ကမ်း​​လှမ်း​​လာရင် အဖွဲ့ဝင်​​တွေ လွှတ်ပြီး​​ တက်ခိုင်း​​တာမျိုး​​လည်း​​ ရှိပါတယ်။ ဒါကို ရင်း​​နှီး​​မြှုပ်နှံမှု တစ်ခုလို့ သ​​ဘော ထား​​တဲ့​ ပုံပြောသူများ​​ အဖွဲ့က “အရင်တုန်း​​က ဆိုရင် အဖွဲ့မှာ တကယ်လုပ်တဲ့​ ​​လေး​​၊​ ငါး​​​ယောက် မရှိရင် Activity ​​တွေ မလုပ်နိုင်ဘူး​​။ အဲဒီလိုမျိုး​​ မဖြစ်ရ​​အောင် အဖွဲ့ဝင်​​တွေ အား​​လုံး​​ကို Capacity မြှင့်​​ပေး​​နိုင်မယ့်​ သင်တန်း​​​တွေ တက်ဖို့ အကူအညီ ​​ပေး​​လာရင် ယူတယ်။ ​​နောက်ပိုင်း​​ အခုလို ဆက်ပြီး​​ သွား​​​နေနိုင်တာ အဲဒီ အကျိုး​​​ကျေး​​ဇူးတွေ​​ကြောင့်​ပါပဲ” လို့​ပြောပါတယ်။ အဖွဲ့ဝင်​​တွေ ကြား​​ထဲမှာ အချင်း​​ချင်း​​ အပြန်အလှန် သင်ယူကြတယ်။ ဘာ Activity တစ်ခုမှ မရှိလည်း​​ တစ်လတစ်ခါ ဆုံကြပြီး​​၊​ တစ်လလုံး​​ လုပ်ခဲ့​တဲ့​ အလုပ်​​တွေကို ပြန်သုံး​​သပ်ကြတယ်။ လိုအပ်တာ​​တွေကို ဝိုင်း​​ဝန်း​​ အကြံဉာဏ် ​​ပေး​​ပြီး​​ ဖြည့်​ကြတယ်။

အဖွဲ့ရဲ့​ ​​ဆောင်ပုဒ်က​​တော့​ Save Our Folk Tales, Save Our Nation ပါ။ အဓိပ္ပာယ်က​​တော့​ ရိုး​​ရာ ပုံပြင်တွေကို ကယ်တင်ပါ။ ကိုယ့်​လူမျိုး​​ကိုလည်း​​ ကယ်တင်ပါ ဖြစ်ပါတယ်။ ယဉ်​​ကျေး​​မှု ဆိုတဲ့​ ရှု​​ထောင့်​က ကြည့်​ရင် ရိုး​​ရာ ပုံပြင်​​တွေကို ထိန်း​​သိမ်း​​တာ တိုင်း​​ပြည်ရဲ့​ အ​​မွေအနှစ်ကို ထိန်း​​သိမ်း​​ရာ ​​ရောက်ပါတယ်။ အဲဒါကြောင့်​ ပုံ​​ပြောသူများ​​ အဖွဲ့က ယဉ်​​ကျေး​​မှုရဲ့​ တစ်စိတ်တစ်ပိုင်း​​ ဖြစ်တဲ့​ ပုံပြင်​​တွေ၊​ တိုင်း​​ပြည်ရဲ့​ အ​​မွေအနှစ် တစ်ဖြစ်လဲ ရိုး​​ရာ ပုံပြင်​​တွေကို ထိန်း​​သိမ်း​​ဖို့ လုပ်​​ဆောင် ​​နေကြတာပါ။

ယဉ်​​ကျေး​​မှုလို့ဆို လိုက်တာနဲ့ ခက်တာက အဆို၊​ အက၊​ အ​​ရေး​​၊​ အတီး​​နဲ့ ​​ရှေး​​​ဟောင်း​​အ​​ဆောက် အအုံတွေကိုပဲ ​​ပြေး​​မြင်ကြတာပါ။ တကယ်က အဲဒီ​​လောက်ထိပဲ မဟုတ်ဘဲ အစဉ်အဆက်က ရိုး​​ရာ အစား​​အစာ၊​ အဝတ်အစား​​၊​ ပုံပြင်​​တွေ၊​ သီချင်း​​​တွေ၊​ ဒါ​​တွေကလည်း​​ ယဉ်​​ကျေး​​မှု အ​​ဆောက်အအုံကြီး​​ထဲမှာ ပါတာပါပဲ။ ပုံ​​ပြောတဲ့​ ဓ​​လေ့​ဆိုတာ ရှိခဲ့​လို့သာ ရိုး​​ရာ ပုံပြင်​​တွေကို လက်ဆင့်​ ကမ်း​​နိုင်ခဲ့​ကြတာပါ။ အဲဒီလို ရိုး​​ရာ ပုံပြင်​​တွေကို အဆင့်​ဆင့်​ လက်ဆင့်​ကမ်း​​ပြီး​​ သယ်​​ဆောင် လာခဲ့​ကြတာပါ။

အဖွဲ့က ​​ရှေ့ဆက်ပြီး​​ ပုံပြင်​​တွေကို ဆက်လက်ထိန်း​​ သိမ်း​​ပြီး​​၊​ ​​ပြောသွား​​ရင်း​​နဲ့ ပုံ​​ပြောတဲ့​ ဓ​​လေ့​​လေး​​ လူ​​တွေကြားထဲမှာ ပြန်ပြီး​​ ​​နေရာရလာ​​အောင် မနိုင်ဝန်ထမ်း​​တာမျိုး​​ မဟုတ်ဘဲ နိုင်သ​​လောက် ကြိုး​​စား​​လုပ်​​ဆောင် ​​နေကြတာ ဖြစ်ပါတယ်။

ပုံ​​ပြောသူများ​​ အဖွဲ့၏ အင်တာနက်စာမျက်နှာ http://mmstoryteller.org/ နှင့် www.facebook.com/pages/Myanmar-Story-Teller/367375617614 တို့မှ ကူးယူ ဖော်ပြသည်။




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts