>Kyaw Thu – FFSS Yangon Activity (24th August 2011)

>

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
သြဂုတ် ၂၆၊ ၂၀၁၁
Cool Box ဖြင့်အပူဇော်ခံထားရှိသော ပေါက်စေတီဆရာတော်

တောင်စွန်းမြို့၊ ဓမ္မဒူတတောရကျောင်းတိုက်ဆရာတော် (ဓမ္မဒူတ အရှင်ပညာဇောတ)၏ နောင်တော်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ ပေါက်စေတီ ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အရှင်သုမိတ္တာဘိဝံသ သက်တော် (၈၇) နှစ်၊ ဝါတော် (၆၇) ဝါသည် ၂၀. ၈. ၂၀၁၁ စနေနေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့သည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရက်ရှည်ထားခံ အအေးစနစ်သုံး Cool Box ဖြင့် အပူဇော်ခံ ၅ ရက်တိုင်တိုင်ထားရှိပြီး ၂၄. ၈. ၂၀၁၁ ဗုဒ္ဓဟူးနေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ် ပေါက်စေတီကျောင်းတိုက်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဆရာတော်ကြီး၏ ပုံတော်တင်ဆောင်ရန် ရှေ့ပြေးမော်တော်ယာဉ်၊ ဆရာတော်ကြီး၏ ကျန်ရစ်သောရုပ်ကလပ်တော် အား အထူးနိဗ္ဗာန်ယာဉ်ဖြင့် ပင့်ဆောင်ကာ စည်ကားသိုက်မြိုက်စွာဖြင့် အန္တိမအဂ္ဂိ ဈာပနအခမ်းအနားအား ကူညီဖေးမ ကျင်းပပြုလုပ်ပေးခဲ့သည်။

 

ထူးခြားမှုမှာ ၎င်း အအေးစနစ်သုံး Cool Box သုံးစွဲခြင်းသည် သေဆုံးသွားသော လူပုဂ္ဂိုလ်များ၊ ဘဝနတ်ထံပျံလွန်သွားသော ဆရာတော်ကြီးများ၏ မူလရုပ်ခန္ဓာသည် အသားအရေ ပျက်စီးခြင်းမရှိ၊ အနံ့အသက် ထွက်ခြင်းမရှိ၊ အိပ်စက်နေသည့်အလားကဲ့သို့ ဖြစ်နေခြင်းပင် ဖြစ်တော့သည်။
ထို့ကြောင့် ဘယ်ဂျီယံနိုင်ငံလုပ် အအေးစနစ်သုံး Cool Box ကို လှူဒါန်းပေးခဲ့သော သီတဂူ ဆရာတော်ကြီး၏ ကောင်းမှုကုသိုလ်သည် ကြီးမားလှပါတော့သည်။

 
 

ကြွရောက်၍ ဂါရဝပြုကြသော တိုင်းသံဃာ့နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ ပေါက်စေတီဆရာတော်ကြီး၏ တပည့်ဆရာတော်များနှင့် တပည့် ဒါယကာ၊ ဒါယကာမများသည် ယင်းကဲ့သို့ အအေးစနစ်သုံး Cool Box အား အလွန် မွန်မြတ်လှသည့် ထူးခြားသော ကုသိုလ်ကောင်းမှုဖြစ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြောကြားခဲ့ကြသည်။

 
 

ယင်းအခမ်းအနားတွင် နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ကြီးများ၊ ဓမ္မဒူတ ဆရာတော်များ၊ တပည့်သံဃာတော်များ၊ သီလရှင်များနှင့် တပည့်ဒါယကာ၊ ဒါယကာမများလိုက်ပါ ပို့ဆောင်ကြကာ ရေဝေးသုဿန် ကားဝင်းတွင် လောင်တိုက်ပြုလုပ်၍ အန္တိမ အဂ္ဂိဈာပနအခမ်းအနားအား ထူးခြားစွာ ကျင်းပပြုလုပ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts