>Daw Suu and U Thein sein met twice in NPD

>





ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန် နေပြည်တော်တွင် ၂ ကြိမ် တွေ့ဆုံ

မိုးမခအထောက်တော် အမှတ် ၀၀၁

သြဂုတ် ၁၉၊ ၂၀၁၁

ဒေါ်စု နှင့် ဦးသိန်းစိန် တွေ့ဆုံမှုကို ညပိုင်း ရုပ်သံသတင်းတွင် တွေ့ရပုံ (ဓာတ်ပုံ- AP)



ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်တွင် ယနေ့ ညနေပိုင်းက တနာရီကြာ တွေ့ဆုံကြသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

“ဒါဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် အရေးပါတဲ့ ခြေလှမ်း ဖြစ်ပါတယ်။ အားလုံး လက်တွဲ လုပ်ဆောင်သွားရမှာပါပဲ” ဟု သမ္မတ၏ နိုင်ငံရေးဆိုင်ရာအကြံပေးအရာရှိချုပ် ဦးကိုကိုလှိုင်က

AFP သတင်းဌာနသို့ ပြောသည်။

နေ့ခင်းပိုင်းကလည်း မိနစ်အနည်းငယ် တွေ့ဆုံစကားပြောခဲ့သေးသည်ဟု ဆိုသည်။

မကြာသေးမီကာလအတွင်း အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ ကြိမ် ညှိနှိုင်းပြီးနောက် ယနေ့ ထိပ်သီး ၂ ဦး၏ တွေ့ဆုံမှု ရုတ်တရက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဆွေးနွေးသည့် အကြောင်းအရာများကို မသိရသေးချေ။

ဒေါ်အောင်ဆန်းစုကြည်သည် အာဏာပိုင်တို့၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ သွားရောက်ခြင်း ဖြစ်ပြီး သူ၏ ပထမဆုံး နေပြည်တော်ခရီးစဉ်လည်း ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts