>Metta Parami 2nd Waso

>

မေတ္တာပါရမီကျောင်းတိုက် ဒုတိယအကြိမ် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ
မိုးမခ အထောက်တော်၊ နယူးယောက်
သြဂုတ် ၁၇၊ ၂၀၁၁

နယူးယောက်မြို့သို့ ပြောင်းရွှေ့သာသနာပြုသည်မှာ ၁ နှစ်တိုင်တိုင် ပြည့်မြောက်ပြီဖြစ်သည့် မေတ္တာပါရမီ ကျောင်းတိုက်တွင် မြန်မာမိသားစုများ စုပေါင်းကာ ဝါဆိုသင်္ကန်းကပ်လှူခြင်းကို ဒုတိယအကြိမ်အဖြစ် ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ဝါဆိုအခါသမယကဲ့သို့ မိုးများမစဲရွာသွန်းသည့်ကြားက ရပ်ဝေးရပ်နီးမှ ကုသိုလ်ရှင် ၆၀ ကျော် လာရောက်ကြပြီး သံဃာတော်များအတွက် ဆွမ်းပြင်ဆင်ကပ်လှူခြင်း၊ ဧည့်ပရိသတ်တို့အား တည်ခင်းဧည့်ခံ စားသုံးခြင်းတို့ကို လက်ရေတပြင်တည်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။ ထို့နောက် ၅ ပါးသီလခံယူကာ ဝါဆိုသင်္ကန်း ကပ်လှူပြီး တရားဓမ္မများ နာကြားကာ ရေစက်ချ အမျှဝေခဲ့ကြပါသည်။ 
 
တက်ရောက်လာသူ မဖြူက မိုးရွာသည့်ကြားမှ ကျင်းပသည့် ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ပတ်သက်ပြီး “ဒါမှ တကယ့် ဝါဆိုပွဲအစစ်၊ မြန်မာပြည် ပြန်ရောက်သွားသလိုပဲ” လို့ ပြောပါသည်။ 
 
ကျောင်းထိုင်ဆရာတော် ဦးပညာဇောတမှလည်း နယူးယောက်နေ မြန်မာမိသားစုများနှင့် အနယ်နယ် အရပ်ရပ်မှ ကူညီထောက်ပံ့မှုကြောင့် ယခုကဲ့သို့ ဝါသင်္ကန်ကပ်လှူပွဲသာမက တနှစ်တာအတွင်း ဘာသာရေးပွဲများ၊ လူမှုရေးပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်ပေးနိုင်ခဲ့ကြောင်း ကျေးဇူးတင်စကား မိန့်ကြားခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts