>Amarillo TX, Burmese marked 23rd Anniversary of 88 People Uprising

>

တက်ဆက်ပြည်နယ် အမယ်ရီလိုမြို့တွင် ၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနား အောင်မြင်စွာ ကျင်းပ
မိုးမခ အထောက်တော်၊ အမယ်ရီလို
သြဂုတ် ၉၊ ၂၀၁၁

၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို တက်ဆက်ပြည်နယ် အမယ်ရီလိုမြို့ ဇေယျသုခကျောင်းတိုက်တွင် ၈၊ ၇၊ ၁၁ ရက်နေ့ နံနက်တွင် ကျောင်းထိုင် ဆရာတော်ထံတွင် ရေစက်ချတရားနာပြီး နေ့ဆွမ်းဆက်ကပ်လှူဒန်းပြီး ကြွရောက်လာသူများကို ဖာကပေါင်ကျော်နှင့် ထမင်း ကျွေးမွေးခဲ့သည်။

 
မွန်းလွဲ ၁၂း၄၀ တွင် အခမ်းအနားမှူး ဒေါ်မော်မော်အောင် က စတင်ဖွင့်လှစ်ခဲ့ပြီး အစီအစဉ် ၁၃ ခုဖြင့် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ကျဆုံးသွားသော ရဲဘော်များအား အလေးပြုခြင်း၊ အဘ ဦးမောင်မှ အဖွင့်အမှာစကားပြောကြားပြီး ကိုစိုးမင်း၊ ကိုလတ်၊ ဦးမောင်တိတ်၊ ဦးမောင်မြင့်၊ ကိုညီညီလွင်၊ ကိုမုန်းနိုင်၊ ကိုအောင်အောင်ဆွေ၊ ကိုကျော်ဟိန်း၊ ကိုဖြူဖွေးတို့က ၈၈၈၈ နှင့်ပတ်သက်ပြီး ဆွေးနွေးဟောပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းတို့ကို သက်ဆိုင်ရာ အစီအစဉ်အလိုက် ဟောပြော ရွတ်ဆိုကြပါသည်။ 
 
 
 
 
ပရိဿတ် ၁၀၀ ကျော်တက်ရောက်ခဲ့သည့် အဆိုပါ အခမ်းအနားကို မွန်းလွဲ ၂း၃၀ တွင် “ကမ္ဘာမကြေဘူး” သီချင်းကို စုပေါင်းညီညာစွာ သီဆိုကြပြီး အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts