>maung maung thike passes away

>

စာနယ်ဇင်းပန်းချီဆရာ မောင်မောင်သိုက် ကွယ်လွန်
မိုးမခထောက်တော် အမှတ် ၀၀၆
သြဂုတ် ၅၊ ၂၀၁၁

မောင်မောင်သိုက် (ဓာတ်ပုံ – အင်တာဗျူးဂျာနယ်)


စာနယ်ဇင်းသရုပ်ဖော် ပန်းချီဆရာကြီး မောင်မောင်သိုက် ယနေ့ ကွယ်လွန်သွားသည်။

၁၉၄၇ ခုနှစ်ဖွား ဆရာမောင်မောင်သိုက်သည် မကြာသေးမီက ရန်ကုန် အင်းစိန်မြို့နယ်ရှိ သီရိစန္ဒာဆေးရုံတွင် အသည်းရောဂါဖြင့် ဆေးဝါးကုသမှု ခံယူနေကြောင်း ပေါ်ပြူလာဂျာနယ်တွင် ဖော်ပြခဲ့သည်။

ရောင်းတန်းဝင်ပန်းချီကား ရေးဆွဲခြင်းထက် ၀င်ငွေနည်းသည့် စာနယ်ဇင်းသရုပ်ဖော်ပုံများကို ဦးစားပေး ရေးဆွဲခဲ့သူဖြစ်သည်။

“ပန်းချီကားတွေ ရေးဖို့ ရည်ရွယ်ထားပေမယ့် သရုပ်ဖော် ပန်းချီဆရာဘ၀၊ မျက်နှာဖုံး ပန်းချီဆရာဘ၀တွေကို ဘယ်တော့မှ ရပ်ဆိုင်းပစ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး” မောင်မောင်သိုက်က အင်တာဗျူး ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်း တခုတွင် ပြောခဲ့သည်။

အင်တာဗျူးဂျာနယ်မှ အမေးအဖြေ


မကြာသေးမီက ဆေးရုံတက်နေသော မောင်မောင်သိုက် နှင့် ငွေကျပ် ငါးသောင်း အမှတ်တရ ပေးအပ်နေသော ပေါ်ပြူလာဂျာနယ် ၀ိုင်းတော်သား ၂ ဦး


မောင်မောင်သိုက်၏ လက်ရာတချို့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts