>News in Photos

>

ရသအလင်းဖောင်ဒေးရှင်းက ပန်းချီဆရာရာဟုလာကို ဂုဏ်ပြုချီးမြှင့်ငွေ
ကျပ်သုံးသိန်းပေးအပ်ခြင်းအစီအစဉ်
ဆရာ ကျော်ရင်မြင့်၏ စာအား ပြန်လည်ဖော်ပြပါသည်။
သြဂုတ် ၃၊ ၂၀၁၁


၂၆ – ၇ – ၂၀၁၁ (အင်္ဂါနေ့)
စင်္ကာပူနိုင်ငံ ရသအလင်းဖောင်ဒေးရှင်းမှ လွှဲပို့ငွေကို မန္တလေး မင်္ဂလာဈေး၊ ကမ္ဘောဇဘဏ်ခွဲမှ ထုတ်ယူရရှိပါတယ်။

၂၇ – ၇ – ၂၀၁၁ (ဗုဒ္ဓဟူးနေ့)
စင်္ကာပူနိုင်ငံ ရသအလင်း ဖောင်ဒေးရှင်းမှ ဆရာရာဟုလာကို ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သုံးသိန်းကို ၃၁ – ၇- ၂၀၁၁ (တနင်္ဂနွေ) နေ့မှာ လာရောက်ပို့မယ့်အကြောင်း စာရေးပါတယ်။ (ဆရာရာဟုလာကိုယ်တိုင် ဖတ်ရှုသိရှိကြောင်း သူ့မိသားစုက ပြောပါတယ်။)

၃၁- ၇- ၂၀၁၁ (တနင်္ဂနွေနေ့)
မန္တလေးမှ မင်းကွန်းသို့ ဧရာဝတီမြစ်ကြောင်းအတိုင်း မော်တော်နဲ့သွားတယ်။ သွားရောက်သူတွေကတော့ (၁) ကျော်ရင်မြင့် (၂) ဒေါ်ကြင်စိန် (၃) စာရေးဆရာ ညီစေမင်း (၄) စန်းယုကျော် (ကုမုဒြာ) (၅) ငြိမ်းငြိမ်းစံ (၆) သက်စုအောင် (မော်ဒန်) (၇) ဆွေသက်မြင့် (မော်ဒန်) (၈) အောင်ရှင် (Myanmar Time) (၉) မင်းဒင် (7 Day) (၁၀) မယ်တင့် (ရွှေမန္တလေး) (၁၁) ဇွဲစုအောင် (upper Myanmar) (၁၂) သင့်နော် (ဈေးကွက်) တို့ဖြစ်ကြပါတယ်။

မနက် ၀၈း ၀၀ နာရီ မန္တလေးက ထွက်ခွာပြီး ၁၀း ၀၀ နာရီခန့် မင်းကွန်းကိုရောက်တယ်။ ဆရာရာဟုလာရဲ့အိမ်ကိုသွားတယ်။ ဆရာရာဟုလာ ကျန်းမာရေးအခြေအနေဆိုးရွားနေတယ်။ ကျွန်တော်တို့ရောက်ပြီဖြစ်ကြောင်း သူ့ဇနီး ဒေါ်မြ၀င်းကပြောတယ်။ ရသအလင်းက ချီးမြှင့်ငွေ ကျပ်သုံးသိန်းကို ဆရာရာဟုလာ လက်ဝယ်ပေးအပ်ပါတယ်။ သူ အသိအမှတ်ပြုလက်ခံရယူပါတယ်။
ရသအလင်းဖောင်ဒေးရှင်းက ချီးမြှင့်ငွေ ပေးအပ်ပြီးချိန်မှာ မန္တလေး စာပေမိတ်ဆွေများက ချီးမြှင့်ငွေ ကျပ် ၁၅၅၀၀၀ ကို ဆက်လက်ပေးအပ်တယ်။ လိုက်ပါလာသူမျးကို ကျွန်တော် နေ့လည်စာလိုက်ပြီး ကျွေးပါတယ်။ (မော်တော်ခ လိုအပ်ငွေ၊ နေ့လယ်စာတွေကို ကျနော် ကျော်ရင်မြင့်က ကုသိုလ်ပါဝင်တယ်)
ရသအလင်းက ချီးမြှင့်ငွေ မှတ်တမ်းကဒ်၊ ငွေလက်ခံစာတွေကို ဆရာရာဟုလာရဲ့သားကြီး ပန်းချီဆရာ ဇော်ဇူးဇင်က လက်မှတ်ရေးထိုးတယ်။
ဆရာနောက်ဆုံးရေးဆွဲနေတဲ့ ပန်းချီကားက ကိုကိုးကျွန်း အလောင်းလုတိုက်ပွဲဖြစ်ပါတယ်။ ဆရာရာဟုလာက နိုင်ငံရေးအကျဉ်းသားအဖြစ် ကိုကိုးကျွန်းမှာ အကျဉ်းစံခဲ့ရသူဖြစ်တယ်။ ထိုစဉ်က အစာငတ်ခံတိုက်ပွဲဝင်ရာမှာ ရဲဘော်များ ကျဆုံးကြပြီး ကျဆုံးသူတဦးဖြစ်တဲ့ ရဲနီတင်ငြိမ်းရဲ့အလောင်းကို အာဏာပိုင်တွေက လာလုတဲ့အဖြစ်ကို ပန်းချီဆွဲဖို့ ဆရာရာဟုလာက ကောက်ကြောင်းလျာထားဆဲပါ။
မွန်းလွဲပိုင်း ၂း ၃၀ နာရီမှာ ရသအလင်းက ချီးမြှင့်ငွေသွားရောက်ပို့တဲ့အဖွဲ့မင်းကွန်းက ပြန်ခဲ့ကြပါတယ်။ အနုပညာရှင်တွေကို အကူအညီပေးကြတဲ့ ရသအလင်း ဖောင်ဒေးရှင်း မိတ်ဆွေကို လေးစားကျေးဇူးတင်လျက် …
ဆရာရာဟုလာရဲ့သား ပန်းချီဆရာ ဇော်ဇင်းဇူးရဲ့ ရသအလင်းနှင့်မိတ်ဆွေများသို့ ကျေးဇူးတင်တုန့်ပြန်လွှာ

ဆရာရာဟုလာသို့ ရသအလင်းရဲ့ ဂုဏ်ပြုလွှာမှတ်တမ်း


ဆရာကြီးရာဟုလာ နောက်ဆုံးရေးဆွဲခဲ့သည့် မပြီးပြတ်နိုင်သော အလောင်းလုပွဲ ကောက်ကြောင်းပန်းချီ



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts